............................................................ ..........

သုံးသိန်း GSM ဖုန်းများ လေးလခန့် အကြာတွင် ချပေးမည် ဟုဆို

Saturday, 4 June 2011




မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်သုံးသိန်း ဝန်းကျင် ပေးသွင်း ရမည့် GSM   ဖုန်းများကို လာမည့် လေးလ နောက်ပိုင်းတွင် ချထားပေးနိုင်မည် ဖြစ်ကြောင်း   နေပြည်တော် မြန်မာ့ ဆက်သွယ်ရေး အော်တိုတယ်လီဖုန်း ဌာနမှ   အင်ဂျင်နီယာချုပ် ဦးသိန်း ဟုတ်က ဇွန် ၁ ရက်နေ့တွင် The Voice Weekly သို့   ပြောကြား သည်။  "အခုတိုင်တွေ၊ စက်တွေ၊ အဆောက်အအုံတွေ စီစဉ်နေတုန်းပါ၊ တဖြည်း ဖြည်း နဲ့   ပြီးမှာပါ။ အနည်းဆုံး သုံး၊ လေးလ ကြာမယ်။ ဒီနှစ်ထဲ ပြီးမှာပါ။ ပြီးရင်   သုံးသိန်းဝန်းကျင်နဲ့ ချပေးမှာပါ" ဟု ၎င်းက ဆိုသည်။  ဖုန်းနံပါတ် အရေအတွက်မှာ (၀၉ မပါဘဲ) ယခု ရှစ်လုံး ရှိရာမှ ကိုးလုံးအထိ   ပြောင်းလဲ နိုင်ပြီး ထိပ်စီး ဂဏန်းများ ပြောင်းသွား မည်မှာ သေချာ ကြောင်းနှင့်   ဖုန်းဆက်ခကို တစ်မိနစ် ၅၀ ကျပ်နှုန်းဖြင့်ပင် ဆက်လက် ကောက်ခံ သွားမည်   ဖြစ်ပြီး အဝင်လက်ခံမှု အတွက် ပေးရမည် မဟုတ် ကြောင်း ၎င်းထံမှ သိရသည်။

လက်ရှိ ဖုန်းလျှောက်ပေးသည့် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီး   တစ်ဦးက "ရှေ့က CDMA တွေ ပိတ် တော့ ချက်ချင်းပဲ သုံးသိန်းတွေ   ချတော့ မယ် ထင်ပြီး မျှော်နေကြတာ။ ခုတော့ ကြာဦးမှာပဲ။ သုံးသိန်း ဆိုရင်တော့   မိသားစု တော်တော်များများ သုံးနိုင်ကြမှာပေါ့။ ဝယ်တဲ့သူများရင် ဝန်ဆောင်မှု   လုပ်ရတာလည်း ပိုများလာမှာပေါ့" ဟု ဆိုသည်။  ယခု ငါးသိန်းတန်ဖုန်း သုံးစွဲသူ အသက် ၂၀ ကျော် ကုမ္ပဏီဝန်ထမ်း အမျိုးသမီး   တစ်ဦးက "သုံးသိန်းနဲ့ ချပေးရင် လူတိုင်း သုံးနိုင်တော့မှာပေါ့" ဟု ၎င်း၏   ထင်မြင်ချက်ကို ပြောကြားသည်။  မြန်မာနိုင်ငံတွင် လာမည့်ငါးနှစ်အတွင်း GSM ဖုန်းလိုင်းပေါင်း သန်း ၃၀   ချထားပေးမည် ဖြစ်ပြီး ပထမနှစ်အတွက် လေးသန်းမှာပင် ဈေးနှုန်းများ   လျော့ကျသွားမည် ဖြစ်ပြီး သုံးစွဲသူ ပိုများလာပါက ပိုမို၍ လျော့ကျသွားမည်   ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူများက ပြောကြားသည်။

credit- http://www.searchmyanmar.com/






0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG