............................................................ ..........

သီချင်းတွေကို ဖြတ်တောက်မယ့် cutter

Friday, 29 April 2011

ဖုန်းမှာ လိုချင်တဲ့ ringtone တွေ ထည့်လို့ရအောင် သီချင်းလေးတွေကို ဖြတ်တောက်မယ့် cutter လေး တစ်ခုပေးမယ်...
ညီအကိုတွေ လည်း ဖုန်းသီချင်းလေးကို လိုချင်တဲ့နေရာကဖြတ်တောက် အသုံးပြုလို့ရသွားတာပေါ့ဗျာ...


DOWNLOAD
Read more!

PDF File ချည်း သီးသန့် ကို Google တွင်ရှာနည်း

Wednesday, 27 April 2011









ကျွန်တော်တို့ သိလိုသမျှ အကြောင်းအရာတွေကို Google Search Engine ကိုအသုံးပြုပြီး နေ့စဉ်နှင့်အမျှ ရှာဖွေနေကြပါတယ်...ယခုဖော်ပြမယ့် အကြောင်းအရာကတော့ Google Search Engine မှာ မိမိ သိလိုတဲ့ ဗဟုသုတ အကြောင်းအရာပဲ ဖြစ်ဖြစ် ၊ စာ နဲ့ပတ်သတ်တဲ့ အကြောင်းအရာပဲ ဖြစ်ဖြစ် မိမိသိလိုတဲ့ အကြောင်းအရာကို PDF File Type အနေနဲ့ အလွယ်တစ်ကူ ရှာဖွေနိုင်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်....Google Search Engine ထဲမှာ အောက်ပါ Code အတိုင်းရိုက်ထည့်မယ်ဆိုရင်တော့ PDF File တွေချည်းပဲ သီးသန့် တွေ့ရှိရမှာပဲ ဖြစ်ပါတယ်....


filetype:pdf


filetype နေရာကတော့ မိမိ ရှာဖွေလိုတဲ့ အကြောင်းအရာ တစ်ခုခု နာမည်ကို ရိုက်ထည့်ရမှာပဲ ဖြစ်ပါတယ်...ဥပမာ linux command:pdf ဆိုပြီး ရိုက်ထည့်လိုက်မယ်ဆိုရင် အောက်ပါပုံအတိုင်း PDF File တွေချည်း သီးသန့် ထွက်လာမှာပဲ ဖြစ်ပါတယ်...







PDF File တွေကို သီးသန့်ရှာပြီး သိမ်းထားလိုသူတွေ အတွက် အဆင်ပြေပါတယ်...စမ်းသပ်ရင်း အဆင်ပြေနိုင်ကြပါစေဗျာ.. 

@ http://www.myanmarfamily.org/forum




Read more!

Computer မှာ Bluetooth ဘယ်လိုထည့်မလဲ




တစ်ချို့စက်တွေမှာ ဥပမာ ACER တို့တွေမှာ Bluetooth on / off ခလုတ်တွေ ပါလာပါတယ်။ စက်မှာမပါပေမဲ့ တစ်ချို့ကြတော့ ၀င်းဒိုးအခွေတွေထဲမှာကို ပါလာတတ်ပါတယ်။ အလွယ်တကူ ဖွင့်ပြီး အသုံးပြုယုံပါပဲ။ အဲလိုမဟုတ်ပဲ စက်မှာလဲ Bluetooth On / Off ခလုတ်မပါဘူး။ ၀င်းဒိုးအခွေမှာလည်း Bluetooth Driver ัပါမလာခဲ့ဘူး ဆိုရင်တော့ ဒီအောက်ကအတိုင်းလေး လိုက်လုပ်လိုက်ပါခင်ဗျာ။

အရင်ဆုံး Power on/off Wireless LAN and Bluetooth ကို အင်စတော လုပ်ပေးရပါမယ်။ ဒီ Driver လေးထည့်လိုက်မှ စက်ရဲ့အောက်ဘားမှာ WLAN နဲ့ Bluetooth icon လေးပေါ်နေပါမယ်။ အဲဒါလေးကို ဖွင့်လိုက်ရင် အောက်ကလိုလေးပေါ်လာပါမယ်။











Power on/off Wireless LAN and Bluetooth Driver Download


ပြီးတဲ့အခါမှာ Bluetooth Driver ထည့်ပေးပမယ်။ အခြား Driver တွေသွင်းသလိုပါပဲ အဆင့်ဆင့်လေး Next နှိပ်ပေးလိုက်ရင် ပြီးပါပြီ။ ပြီးရင် ခုန Power on/off Wireless LAN and Bluetooth ကိုဖွင့်ပြီး Bluetooth ဖြင့် မိမိဖုန်းထဲသို့ သီချင်းပို့ခြင်း၊ တစ်ခြားစက်ပစ္စည်းများနဲ့ အပြန်အလှန်တွဲပြီး Data တွေပို့လို့ရပါပြီ။



HP Bluetooth software Download


download link hear

Power on/off Wireless LAN and Bluetooth Driver Download

HP Bluetooth software Download




အခက်အခဲများကင်းဝေးနိုင်ကြပါစေ ..


@ http://www.myanmarfamily.org





Read more!

ငွေရောင်ငှက်ကလေးပုံပြင်

Saturday, 23 April 2011




တချိန်တုံးက ရွာတရွာမှာ ငှက်မုဆိုးနှစ်ယောက်ရှိတယ်

သူတို.နှစ်ယောက် က ငှက်တွေကိုဖမ်း ရောင်းတဲ့အကောင်ရောင်း၊ စားတဲ.အကောင်စားပေါ.

တစ်နေ.တော. ပထမ ငှက်မုဆိုးက သူ.ထောင်ချောက်ထဲမှာ ငွေရောင်ငှက်ကလေးတကောင် ဖမ်းမိတယ်လေ

ငွေရောင်ငှက်ကလေးက သူ.ကိုမသတ်ဖို. တောင်းပန်တယ်

ငှက်မုဆိုးလည်း သနားသွားပြီး ငှက်ကလေးကို အိမ်မှာမွေးထားလိုက်တယ်

ငှက်ကလေး က နေ.တိုင်းစကားတွေပြော သီချင်းတွေဆိုပြတယ်

ငှက်မုဆိုးကြီးကလဲ ငှက်ကလေးကိုသိပ်ချစ်ခဲ.တယ်

သူတို.နှယောက်တကယ်.ကိုပျော်ခဲ့

ကြတယ်



ဒါပေမဲ.တနေ.မှာ

ဒုတိယငှက်မုဆိုး ရောက်လာပြီး

ပထမငှက်မုဆိုးကြီးကိုပြောခဲ.တယ်

သူက ငွေရောင်ငှက်ကလေး ထက်အသံသာပြီး ချစ်ဖို.ကောင်းတဲ့ ရွှေရောင်ငှက်ကလေးတကောင် တွေ.လာတဲ့အကြောင်းပေါ့

ငှက်မုဆိုးကြီးဟာ အဲဒီနေ.ကစပြီး ရွှေရောင် ငှက်ကလေးကို လိုက်ရှာခဲ့တယ်



အမြဲမျှော်နေခဲ.တယ်

ငွေရောင်ငှက်ကလေးရဲ့ စကားတွေရောသီချင်းသံတွေရော သူ.နားမှာ မချိုနိုင်တော.ဘူးလေ



ငွေရောင်ငှက်ကလေးဘာလုပ်လုပ် အလိုမကျတော.ဘူး

တနေ.တော.

အမှတ်တမဲ.ထားမိတဲ. လှောင်ချိုင်.လေးထဲက ငွေရောင်ငှက်ကလေး လွတ်သွားခဲ့တယ်

ဒါပေမဲ.ငှက်ကလေးကချက်ချင်းမပျံေ

သးဘဲ

ငှက်မုဆိုးကြီးကို အချိန်အကြာကြီးကြည်.နေလိုက်တယ်

သူ.ကို တားလေမလားဆိုတဲ.မျှော်လင်.ချက်

နဲ့ပေါ့

ငှက်မုဆိုးကြီးက ရွှေရောင်ငှက်ကလေးကိုပဲမျှော်နေတာ သေချာမှ သူပျံထွက်သွားခဲ.တယ်





ဒီအချိန်မှာ ငှက်မုဆိုးကြီးဟာ

နောက်ဆုံးနှုတ်ဆက်တဲ့အကြည်.နဲ့ ငွေရောင်ငှက်ကလေးကို ကြည်.လိုက်တယ်

သူတွေ.လိုက်ရတာက


နေရောင်အောက်မှာ ရွှေရောင်တောက်နေတဲ့ ငွေရောင်ငှက်ကလေးပါပဲ

ငါချစ်တဲ. ငါ.သူငယ်ချင်းတွေလဲ

မဖြစ်နိုင်တဲ.အရာတခုကိုတောင်.တနေမိတဲ.မိုက်မဲမှုကြောင်. ကိုယ်.ဘေးကတန်ဖိုးရှိတဲ. လူတယောက်မဆုံးရှုံးရပါစေနဲ.

ကိုယ့်ကိုချစ်တဲ့လူကို ဒဏ်ရာအနာတွေနဲ့ မနာကျင်ပါစေနဲ့ကွာ

အော် ပြောမှားဆိုမှားရှိရင်လဲ

ခွင်.လွှတ်ပါလို.

ငါ.ကိုချစ်တဲ.သူငယ်ချင်းတွေရော ငါ.ကို မုန်းတဲ. ကြည်.မရတဲ. သူငယ်ချင်းတွေပါ ပျော်ရွှင်ကြပါစေလို.




Read more!

အလွယ်ကူဆုံး File Sharing နည်းပညာအား အသုံးချခြင်း



ကျွန်တော်တို့တွေ အင်တာနက်ပေါ်ကနေ တစ်ဆင့် ကျွန်တော်တို့ သဘောကျတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေနဲ့ အခြားအခြားသော ဖိုင်တွေ အပါအဝင် မိမိမျှဝေချင်ရာ မှန်သမျှကို တစ်စုံတစ်ယောက်ဆီ ပို့ဆောင်တော့မယ် ဆိုတဲ့ အခါ လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ၊ လုပ်ဆောင်လို့ ရနိုင်မယ့် နည်းလမ်းတွေ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ ဒါပေမယ့် အဲ့ထဲကမှ ကျွန်တော်တို့ရဲ့ ငွေ ၊ ကျွန်တော်တို့ရဲ့ အချိန်တွေကို ချွေတာပြီး အရာအားလုံးထဲမှာ အလွယ်တကူနဲ့ အသုံးအတည့်ဆုံး ဖြစ်နိုင်မယ့် File Sharing တစ်ခု အကြောင်း ကျွန်တော် ဆွေးနွေးသွားပါ့မယ်။

ကျွန်တော်တို့တွေ သဘောကျတဲ့ ရုပ်ရှင်တွေ ၊ သီချင်းတွေ ၊ ဓာတ်ပုံတွေကို သူငယ်ချင်းတွေနဲ့ မျှဝေခံစားချင်တဲ့ အခါမှာ အလွယ်ကူဆုံး အလျင်မြန်ဆုံး နဲ့ လုံခြုံမှု ရှိရှိ ဆောင်ရွက်ချင်တဲ့ အခါ ကျွန်တော်တို့ ဘယ်လို ဆောင်ရွက်လို့ ရနိုင်မလဲ။ တစ်နည်းအားဖြင့် ကျွန်တော်တို့မှာ ရှိနေတဲ့ ပမာဏ ကြီးမားတဲ့ ဖိုင်တွေကို အလွယ်တကူ လွှဲပြောင်း ဝေဌနိုင်မယ့် ဝေမျှနည်းက ဘာများ ဖြစ်မလဲ။

အဖြေကတော့ - Opera Unite ပါ။

ကျွန်တော်တို့မှာ ရှိနေတဲ့ ပမာဏ ကြီးမားတဲ့ ဖိုင်တွေကို အလွယ်တကူ လွှဲပြောင်း ဝေဌနိုင်မယ့် နည်းလမ်းကတော့ Opera Unite ကို အသုံးပြုဖို့ ပါပဲ။ သူ့ကို အသုံးပြုရတာ သိပ်လွယ်ကူပါတယ်။ Opera Unite ကို ကျွန်တော်တို့ ကွန်ပြူတာမှာ ထည့်သွင်းပြီး လိုအပ်တဲ့ Configuration တွေ ပြင်ဆင်ပြီးပြီ ဆိုတာနဲ့ ၊ မိမိစက်မှာ ရှိနေတဲ့ မိမိဝေမျှချင်တဲ့ ဖိုင်အတွက် URL ကို Opera Unite ကနေ တစ်ဆင့် ဖန်တီးပြီး Password နဲ့အတူ ကျွန်တော်တို့ ဝေမျှချင်သူဆီ ပို့လွှတ်လိုက်ပါမယ်။ မိမိပေးပို့လိုက်တဲ့ URL ကို ရရှိတဲ့ သူက မိမိပေးတဲ့ URL အတိုင်း ဖိုင်ရှိရာဆီ Password နဲ့ အတူ ဝင်ရောက်ပြီးသူ အလိုရှိရာဖိုင်ကို Browser ကနေ တဆင့် ဒေါင်းလုပ်ရယူသွားယုံပါပဲ။

ဒီနည်းလမ်းက ကျွန်တော်တို့ အင်တာနက်ပေါ်မှာ မြင်တွေ့နေကျ File Sharing နည်းလမ်းတွေနဲ့ မတူညီပါဘူး။ ကျွန်တော်တို့ နေ့တိုင်းထိတွေ့ဆက်ဆံနေရတဲ့ ဖိုင်ဝေမျှမှု ပုံစံက ကျွန်တော်တို့ ဝေမျှချင်တဲ့ ဖိုင်ကို File Sharing ဆိုဒ် တစ်ခုခုဆီ အရင် Upload တင်ရမယ်။ အဲလို Upload တင်ပြီးမှ တဆင့် ရလာမယ့် အဲ့ဖိုင်အတွက် URL ကို ဝေမျှချင်သူထံ ပေးပို့မယ်။ ဒါကတစ်နည်း ပါ။ နောက်တစ်နည်း အနေနဲ့ ပမာဏကြီးမားတဲ့ ဖိုင်တွေကို Sharing လုပ်ဖို့ ဆိုရင် BitTorrent နည်းပညာနဲ့ လုပ်ဆောင်တဲ့ နည်းလည်းရှိပါတယ်။ ဒါပေမယ့် ဒီ ( ၂ ) မျိုးလုံးမှာ မကောင်းတဲ့ အချက်က မိမိဝေမျှချင်ရာ ဖိုင်တစ်ခု ရှိလာယုံနဲ့ မိမိပေးပို့ချင်သူဆီ ရောက်နိုင်ဖို့အရေး ကြားကမဆိုင်တဲ့ Third Parties ဆိုဒ် တစ်ခုဆီ ကိုယ့်ဖိုင်ကို အလဟဿ Bandwidth အကုန်ခံပြီး တင်ပေးနေရတဲ့ ပြဿနာပါ။ ( တစ်ခြား နည်းလမ်း တစ်ခု အနေနဲ့ ကိုယ်ပိုင် Private Torrents တစ်ခု ဖန်တီးပြီး ဝေမျှလို့ရတာမျိုးလည်း ရှိသေးပေမယ့် Tracking Sever တစ်ခု အမြဲရနိုင်ဖို့ အရေးလုပ်ဆောင်ရတာ ကလည်း အမြဲတမ်း မလွယ်ကူလှပါဘူး။ ) Opera Unite ကတော့ ဒီပြဿနာတွေ ကင်းပါတယ်။ Setup လုပ်ဆောင်ရတာလည်း လျင်မြန်လွယ်ကူသလို၊ အလိုရှိရာဖိုင်ကို ဝေမျှချင်သူနဲ့ ရယူချင်သူ ကြားမှာ Direct connection ရယူပြီး Sharing လုပ်ဆောင်သွားယုံပါပဲ။ သုံးစွဲရလွယ်ကူသလို Free လည်း ဖြစ်တာကြောင့် စမ်းသပ်ကြည့်ဖို့လက်မနှေးသင့်ပါဘူး။

File sharing နဲ့ မစိမ်းလှတဲ့ ကျွန်တော်တို့ Myanmar Family အနေနဲ့ကတော့ တစ်ခုခု Sharing လုပ်မယ်ဆို Ifile.it နဲ့ Mediafire ကို ဦးတည်ကြတာများပါတယ်။ ကျွန်တော်လည်း အဲ့ဒီ့ ဆိုဒ် နှစ်ခုရဲ့ အနှစ်သာရကို သိလို့ စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ထောက်ခံပါတယ်။ ဒါပေမယ့် ကိုယ်ပေးချင်တဲ့ ဝေမျှချင်တဲ့ ဖိုင်က အများအတွက် မဟုတ်ပဲ တစ်ဦးတစ်ယောက်တည်းသော သူအတွက် သို့တည်းမဟုတ် မိမိရဲ့ မိသားစုဝင်တွေ အတွက် ဖြစ်မယ် ဆိုရင်တော့ ifile တို့ mediafire တို့ dropbox တို့အစား Opera Unite က ပိုပြီး အသုံးတည့်လှမယ် ထင်ပါတယ်။ ဘာကြောင့်လည်းဆို ifile တို့ mediafire တို့ဆို ဖိုင်တွေက တင်လိုက် ဖျက်ခံရလိုက် dropbox ဆိုရင်လည်း free accounts တစ်ခုအတွက် အများဆုံး limit က 2GB ... ဒီလို အခြေအနေမျိုးတွေအပြင် တစ်ခုခု ကို ဝေမျှဖို့ အရေး Upload တင်ရတဲ့ ပြဿနာကရှိ ... ဒီ အခြေအနေတွေ အားလုံးကို ကျွန်တော်တို့ Opera Unite တစ်ခုတည်းနဲ့ ကျော်ဖြတ်သွားပါမယ်။

လွယ်ကူသော ပြင်ဆင်မှုများဖြင့် Opera Unite


ကျွန်တော်ပြောပြောနေတဲ့ Opera Unite ဆိုတာ Opera Browser ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လို့ သူ့ကို install လုပ်ဆောင်ချင်တယ် ဆိုရင် ပထမဆုံး အနေနဲ့ Opera Browser Latest Version ကို ဒေါင်းလုပ်ချပြီး install လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ Opera Browser ကို install လုပ်ဆောင်ပြီးသွားပြီ ဆိုတာနဲ့ Opera Unite ကလည်း တဆက်တစပ်တည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သူ့ကို ချက်ချင်း အသုံးချလို့ မရသေးပါဘူး။ အနည်းငယ် ပြင်ဆင်မှု လုပ်ဆောင်ရပါဦးမယ်။ ကျွန်တော် အောက်မှာ ဖော်ပြထားတဲ့ နေရာကနေ တဆင့်ချင်းသွားပြီး Opera Unite ကို Enable လုပ်ပါမယ်။






နောက်ပေါ်လာမယ့် Box တွေကနေ တဆင့်ချင်း ဆက်သွားရင် Setup လုပ်ငန်းစဉ် ပြီးဆုံးသွားပါလိမ့်မယ်။ Enable ဖြစ်လာတဲ့ Opera Unite ကို အသုံးချပြီး File Sharing လုပ်ဆောင်ဖို့ အတွက် အောက်ဖော်ပြပါ ပုံအတိုင်း လုပ်ဆောင်ပါ့မယ်။



ဖော်ပြပါ ပုံအတိုင်း File Sharing > Start ကို စတင်လိုက်တာနဲ့ မိမိစက်ထဲမှာရှိနေတဲ့ မိမိ Share လုပ်ဆောင်ချင်ရာ ဖိုင်တစ်ခုကို Box တစ်ခု တက်လာပြီး Choose ကနေ တဆင့် ရွေးချယ်ခိုင်းပါလိမ့်မယ်။





လတ်တလောမှာ ကျွန်တော့်စက်ထဲမှာ ရှိနေတဲ့ Apple နဲ့ အတူ လူသိများတဲ့ CEO - Steve Jobs ရဲ့ Presentation Secrets အကြောင်း စာအုပ်လေး ကို အရင် Sharing လုပ်ဖို့ ရွေးချယ်လိုက်ပါတယ်။ ရွေးချယ်ပြီးရင် OK လိုက်ပါ။ ဒါဆိုရင် အဲ့ စာအုပ်ကို ဒေါင်းလုပ်ချနိုင်ဖို့ အတွက် Link တစ်ခု ကို ခုလိုတွေ့ရပါလိမ့်မယ်။ ဖော်ပြပါ Link ကို ကော်ပီ ကူးပြီး မိမိဝေဌချင်သူဆီ ပို့လိုက်ပါ။ အဲ့ Link အတိုင်း တစ်ဖက်လူဝင်လိုက်မယ် ဆိုရင် password တစ်ခု တောင်းပါလိမ့်မယ်။ သူတောင်းတဲ့ password ကို cNzf ဆိုတဲ့ link အောက်မှာ ဖော်ပြထားတဲ့ ဟာကိုထည့်ပေးရပါမယ်။ အဲတာကြောင့် တဆက်တစပ်တည်း သိထားရမှာက မိမိ Share ပေးလိုက်တဲ့ ဖိုင်ကို သက်ဆိုင်သူ တစ်ဦးတည်းကို Privacy နဲ့ ပေးချင်တယ် ဆိုရင် file link ကိုရော password ကိုပါတွဲပြီး ပေးလိုက်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ password မခံချင်ဘူး ရှုပ်တယ်ထင်ရင်လည်း မိမိစက်ကနေ ပေးထားတဲ့ ဖိုင်ကို Public ပေးလိုက်လို့ ရပါတယ်။



ဖော်ပြပါ link အတိုင်း ဝင်ရောက်လိုက်တဲ့ အချိန်မှာ download ချဖို့အတွက် ပိုင်ရှင်ဖြစ်သူ Share ပေးထားတဲ့ ဖိုင်တွေကို ခုလို မြင်တွေ့ရပါပြီ။ မိမိဒေါင်းလုပ်ချချင်ရာ ဖိုင်ရဲ့ အလယ်နားလေးကို mouse ပွတ်ထိလိုက်တဲ့ အခါမှာ Download ဆိုတာ အလိုလျောက်ပေါ်လာမှာ ဖြစ်ပြီး သူ့ကို နှိပ်လိုက်တာနဲ့ download လုပ်ငန်းစဉ် စတင်ပါလိမ့်မယ်။





Opera Unite ဆိုတာ ခုလိုမျိုး File Sharing လုပ်ဆောင်ဖို့ တစ်ခုတည်း အသုံးချလို့ ရတာ မဟုတ်ပါဘူး။ တစ်ခြား စွမ်းဆောင်နိုင်တဲ့ စွမ်းဆောင်ချက်တွေ များစွာ ကျန်ပါသေးတယ်။ တဆက်တစပ်တည်း ကျွန်တော် အသိပေးချင်တာက Opera unite ဟာ Perfect ဖြစ်တဲ့ File Sharing လုပ်ဆောင်နည်း တစ်ခုတော့ မဟုတ်သေးပါဘူး။ သူ့မှာလည်း အားနည်းချက်တွေရှိနေပါသေးတယ်။ ဥပမာ အနေနဲ့ ဆိုရရင် ကျွန်တော်တို့ Opera Unite ကို သုံးပြီး Share ပေးထားတဲ့ အချိန်မှာ တစ်ဖက်လူက ကိုယ် Share ပေးထားတာကို ဆက်ခံရရှိနိုင်ဖို့ မိမိဘက်မှာ Opera Browser ကိုဖွင့်ပြီး Sharing လုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်ထားပြီးသား ဖြစ်နေဖို့ လိုပါတယ်။ မဟုတ်ရင် တစ်ဖက်လူက ကျွန်တော်တို့ Share ပေးထားတဲ့ ဖိုင်ကို Access လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်တစ်ခု အနေနဲ့ အသုံးမတတ်ရင် 404 error ပေါ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နည်းပညာ တစ်ခုကို စမ်းသပ်ကြည့်တာ အကျိုးမယုတ်ပါဘူး။ ခုချိန်မှာ ပြည့်စုံဖို့ လိုအပ်နေသေးပေမယ့် နောင်တစ်ချိန်မှာ Opera Unite က တစ်ခေတ်ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူဆိုနိုင်မလဲ .... အဲတော့ ကျွန်တော် Steve Jobs ပြောတဲ့ စကား နဲ့ အဆုံးသတ်လိုက်ပါမယ်။





@ KznT.


အားလုံးအဆင်ပြေကြပါစေ ...


Read more!

HUAWEI C8600 ကို root လုပ်ခြင်း

Wednesday, 20 April 2011



HUAWEI C8600 ကို visionaryplus r14 နဲ့ root လုပ်လို့ရပါတယ်။

အဲဒါနဲ့ root လုပ်ပုံကို အသေးစိတ်ဖတ်ချင်ရင် အောက်ကလင့်မှာ ဖတ်လို့ရပါတယ်။

apk ဖိုင်ကို ဖုံးထဲမှာ install လုပ်ပြီး temproot now ကိုနှိပ်လိုက်ရုံပါဘဲ။

Temproot on Boot ကို check လုပ်ပေးထားရင် ဖုံးကိုပါဝါပိတ်ပြီး ပြန်ဖွင့်တိုင်း

root ပြန်လုပ်ပေးပါတယ်။

permroot ကတော့ အမြဲ root ဖြစ်အောင်လုပ်တာပါ။ Risk ရှိတယ်ဆိုလို့မစမ်းတော့ပါဘူး။

http://android.modaco.com/content/software/320350/19-nov-r14-visionary-one-click-root/


root လုပ်လိုက်ရင် ဖုံးထဲမှာ superuser ဆိုတဲ့ permission တောင်းတဲ့ app တခုကိုပါ

install လုပ်သွားပါတယ်။ အပေါ်ကလင့်မှာ r14 ကိုဒေါင်းဖို့ မီဒီယာ လင့်ပါပါတယ်။

အောက်ကလင့်မှာ r14 ရယ်။ wireless tether app ရယ်။ ဖုံးထဲမှာ ဖုံးရဲ့ screen ကို capture ဖမ်းပေးတဲ့

shoot me app ရယ် ကျနော်ပြန်တင်ပေးထားပါတယ်။

http://www.ziddu.com/download/13938351/C8600.rar.html

shoot me ကလဲ root လုပ်ထားမှ သုံးလို့ရတာဖြစ်လို့

ကိုယ့်ဖုံးကို root လုပ်တာ အောင်မြင်လားဆိုတာကို အဲဒီ app ကို run ပြီး စမ်းကြည့်လို့ရပါတယ်။

root လုပ်ပြီးရင် wireless tether app ကို install ပြီး run ထားရင် ကိုယ့်ဖုံးရဲ့ internet connection ကို

အခြားဖုံးတွေ laptop တွေကနေ wifi နဲ့ သုံးလို့ရပါပြီ။

ကျနော် C8600 မှာ စမ်းပြီးပါပြီ။











from mmcybermedia

HUAWEI ANDROID PHONE ( C 8500, C 8600) ထဲကို မြန်မာဖောင့်ထည့်ခြင်း

by bluespider's accessories on Tuesday, 15 March 2011 at 15:09

မြန်မာစာ ထည့်ဖို့ ဖုံးကို root လုပ်ထားပြီးသား ဖြစ်ရပါမယ်။







zawgyi font install လုပ်ဖို့အတွက် လိုအပ်တဲ့ဖိုင်တွေကို အောက်ကလင့်မှာဒေါင်းလိုက်ပါ။

http://www.ziddu.com/download/14032172/mmfont.rar.html

password- mmcybermedia.com

အထဲမှာ ဖိုင် ၃ ခုပါပါတယ်။

fontchangerlite.apk ကို ဖုံးထဲမှာ install လုပ်လိုက်ပါ။

ပြီးရင် fontchanger application ကို ဖုံးထဲမှာ ဖွင့်လိုက်ပါ။ change ဖို့ font တွေ

မထည့်ရသေးလို့ ပြန်ပိတ်လိုက်ပါ။

(fontchanger ကို install လုပ်ပြီး ဖုံးထဲမှ တခါမှ မဖွင့်ရသေးရင် sdcard ထဲမှာ .fontchanger folder မပေါ်ပါဘူး)

.fontchanger ထဲက font တွေကို sdcard/.fontchanger ထဲကူးထည့်လိုက်ပါ

fontchanger application ကိုပြန်ဖွင့်လိုက်ရင် font တွေပေါ်နေပါပြီ

ဇော်ဂျီကိုရွေးပေးပြီး ဖုံးကို restart လုပ်လိုက်ရင် မြန်မာစာ မြင်ရပါပြီ။

keyboard အတွက် Myandroid soft keyboard ကို ဖုံးထဲမှာ install လုပ်လိုက်ပါ။

ပြီးရင် setting>language & keyboard မှာ Myandroid soft keyboard ကို check လုပ်ပေးပါ။








စာရိုက်မဲ့နေရာကို ကြာကြာလေး ဖိထားလိုက်ရင် input method ပေါ်လာပါတယ်။
အဲဒီကိုနှိပ်ပြီး Myandroid soft keyboard ကိုရွေးလိုက်ရင် မြန်မာစာ ရိုက်လို့ရပါပြီ။


ကျနော် android phone တွေကို pc နဲ့ချိတ်ဖို့ android pc suite ကိုသုံးပါတယ်။
အောက်ကလင့်မှာ ဒေါင်းလို့ရပါတယ်။

http://91.pandaapp.com/pcsuite/

ဖုံးမှာ setting>application>development>usb debugging ကို check လုပ်ပြီးသုံးလို့ရပါတယ်။



===========================================
HUAWEI C5900 ဖြင့် အင်တာနက် အသုံးပြုခြင်း


by bluespider's accessories on Tuesday, 15 March 2011 at 15:38

1.Handset ပေါ်တွင် အသုံးပြုခြင်း

၁။ ပထမဦးစွာ Menu ကိုသွားပါ

၂။ esurfing icon ကို ရွေးပါ

၃။ WAP ကိုရွေးပါ

၎။option ကိုရွေးပါ

၅။option menu မှ setting ကို ရွေးပါ

၆။Proxy ကို ရွေးပါ

၇။Use Proxy ကိုရွေးပြီး off လုပ်ပါ။ ပြန်ထွက်ပါ။

၈။Proxy server ကို ရွေးပါ။

၉။custom1 ကိုရွေးပါ။

၁၀။ Address တွင် 192.168.50.16 ကို ရိုက်ထည့်ပါ။

၁၁။Port တွင် 8080 ကို ရိုက်ထည့်ပါ။

၁၂။ User name တွင် xxxxxx@c800.mm ကို ရိုက်ထည့်ပါ။ ( xxxxx သည် သင်ကြိုက်နှစ်သက်ရာဖြစ်သည်။ )

၁၃။ password တွင် သင်ကြိုက်နှစ်သက်ရာကိုပေးပါ။

၁၄။ PPP Number တွင် #777 ကို ရိုက်ထည့်ပါ။

၁၅။ Use HTTP/1.1 ကို ရွေးချယ် check လုပ်ပေးပြီး Ok လုပ်ပါက သင်၏ Handset သည် အင်တာနက် အသုံးပြုနိုင်သည့် handset တစ်လုံးဖြစ်သွားပါပြီ။

2.HUAWEI C5900 Handset ကို EVDO Modem အဖြစ် အသုံးပြု ၍ ကွန်ပြူတာဖြင့် ချိတ်ဆက် အင်တာနက်အသုံးပြုခြင်း

၁။ Hareware လိုအပ်ချက် အနေဖြင့် အင်တာနက်ချိတ်ဆက်အသုံးပြုမည့် သင့် ကွန်ပျူတာသည် Windows XP သို့မဟုတ် Windows 7 စက်မောင်းစနစ်ကို တပ်ဆင်သုံးဆွဲပြီးဖြစ်ရမည်။

၂။ Huawei C5900 Handset ၀ယ်ယူစဉ်က တပါတည်းပါရှိသော Drivers & PC Suite Software ပါရှိသော
CD/DVD ခွေနှင့် USB ကြိုးရှိရပါမည်။

အထက်ပါ အချက်များ သင့်တွင်ပြည့်စုံပြီဆိုလျင် သင် စတင်ချိတ်ဆက်၇န် ကြိုးစားဖို့ အဆင်သင့်ဖြစ်ပါပြီ။

စတင်ချိတ်ဆက်ကြည့်ခြင်း

ပထမဦးစွာ Driver & Pc Suite CD/DVD ကို ကွန်ပျူတာ DVD drive ထဲသို့ထည့်ပါ။

CD/DVD ခွေထဲမှ သင့် ကွန်ပျူတာစက်မောင်းစနစ်နှင့်ကိုက်ညီသော Modem driver ကို install လုပ်ပါ။

PC Suite ကို ထည့်သွင်းပါ။

ပြီးလျှင် Handset နှင့် Computer ကို USB ကြိုးကို အသုံးပြုပြီး ချိတ်ပါ

လိုအပ်သော hardware setting များကို ကွန်ပျူတာက CD/DVD မှ ကူးယူသွားပြီး install လုပ်ပေးသွားပါမည်။ 

handset ကို modem mode တွင်ထားပါ။ USB Storage mode ကိုရောက်နေလျှင် ပြောင်းပေးပါ။ ( connectivity

setting ထဲမှ Phone mode တွင် ပြောင်းနိုင်သည်။

သင်၏ ကွန်ပျူတာတွင် dial up connection တစ်ခုပြုလုပ်ပါ။

Windows 7 တွင် Network icon ကို right click ပြုလုပ်ပြီး Properties ကိုရွေးပါ။

Setup a new connection or network ကိုရွေးပါ။

Set up a Dial-up connection ကိုရွေးပေးပါ။

Next လုပ်ပါ/

Dial-up phone number တွင် #777 ကို ရိုက်ထည့်ပေးပါ။

User name တွင် xxxxxx@c800.mm ကို ရိုက်ထည့်ပါ။ ( xxxxx သည် သင်ကြိုက်နှစ်သက်ရာဖြစ်သည်။ )

password တွင် သင်ကြိုက်နှစ်သက်ရာကိုပေးပါ။

Connection name တွင် သင်ကြိုက်နှစ်သက်ရာကိုပေးပါ။

တခြားသူများကိုပါ connection ကို အသုံးပြုခွင့် ပေး/ မပေးကို ဆုံးဖြတ်၍ check box တွင် check / uncheck

ကြိုက်သလိုလုပ်ပါ။

အားလုံးပြီးသွားလျှင် သင်၏ကွန်ပျူတာရှိ internet browser တွင် proxy server setting အား no proxy

ရွေးပေးပါ။

from internet


facebook မှာတွေ့မိတာလေး ခင်ဗျ...


@ bluespider








Read more!

ယောင်္ကျားလေးနဲ့ မိန်းကလေးကွာ ခြားချက်များ

Tuesday, 19 April 2011



လွမ်းလည်းသိလို့တတ်လို့တော့မဟုတ်ပါဘူး
(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အတွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်ထားလို့။


(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွားနှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကိုသူတို့ သတိပြုမိကြလိမ့်မယ်။


(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထားတဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေတတ်တယ်။



(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူနဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့လောင်းကစားလုပ်တာပဲ။


(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။


(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်းကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို လွမ်းလည်းမိန်းကလေးတစ်ယောက်မို့ သိလိုက်ပြီ။ အဲဒါကတော့ အသက်လိမ်ခြင်းပဲ။


(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။

(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့ ယောက်ျားလေးကို လက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျားလေး ကျပြန်တော့ စိတ်မပါဘူး။


(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။

(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။


(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။



(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလိုယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။


(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင်ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။


(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။


(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်းဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေးအတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ယုံကြည်တယ်။


(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာထက်စာရင် ကောင်းသေးတယ်။


(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်ထားတဲ့ နေရာလည်းဖြစ်တယ်။


(၂၀) လူ….လူ…လူ…လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်လုံးဖြစ်တယ်။



@ forward mail




Read more!

မမတို့အတွက် အန္တရာယ်ရှိသော ကြက်တောင်ပံများ




အလှအပကိုကြိုက်နှစ်သက်ကြတဲ့ မမ..တို့ ရေ..

ကြက်တောင်ပံကြော်ကို နေ့ စဉ်ရက်ဆက်စားသုံးခြင်းဟာ အမျိုးသမီးတွေအတွက်တကယ့်

အန္တရာယ်တခုဆိုတာကို မျှဝေလိုက်တာပါ…

ဒါကတော့ စင်ကာပူက အမျိုးတမီးတဦးရဲ့ ဖြစ်ရပ်မှန် အကြောင်းလေးပါ။

မကြာသေးမီက ကျမ သူငယ်ချင်းမ တယောက် သူ့ ရဲ့ဗိုက်ထဲမှာ သွေးခဲလိုလို
ပြည်တည်သလိုလို အခဲတခု ဖြစ်ပြီး ကြီးကြီးလာတာကြောင့် ခွဲစိတ်ပြီး
ထုတ်ပြစ်လိုက်ရတဲ့အထိဖြစ်သွားပါတယ်…

အဲဒီအခဲဟာ ခွဲစိတ်ပြိးကြည့်လိုက်တော့ မဲပုပ်နေတဲ့သွေးခဲကြီးပါတဲ့...

သူမကတော့ ခွဲစိတ်ကုသပြီးနောက်မှာ ပုံမှန်ပြန်ကောင်းလာမယ်လို့ ပဲ ထင်ခဲ့တာပေါ့..

ဒါပေမယ့်.. သူထင်တာနဲ့ တတ်တတ်စင်အောင်လွဲခဲ့ပါ့တယ် ..

ခွဲစိတ်ထုတ်ပစ်ပြီး လအနည်းငယ်အကြာမှာ အရင်လိုပဲ ဗိုက်ထဲမှာ သွေးခဲလိုလို
ပြည်ခဲလိုလို ပြန်ဖြစ်လာပြန်ရောတဲ့…


ဒုက္ခပါပဲနော်..

သူလဲ အရမ်း စိတ် သောကရောက်ရတာပေါ့..

ဒါနဲ့ သားဖွားမီးယပ်ပါရဂူ တယောက်ဆီ ချက်ချင်းသွားပြကြည့်တော့ ..

ဆရာဝန်က သူမကို မေးခွန်းတခုမေးတယ်.. မေးခွန်းက
သူမအတွက်တော်တော်ကိုထူးဆန်းနေတယ်....

*ကြက်တောင်ပံကို နေ့ စဉ်ရက်ဆက်စားသလား* *..* တဲံ့...

သူမက.. စားပါတယ် လို့ ပဲဖြေတယ်.. စားလဲ စားတာကိုး..

သူမ ကြက်တောင်ပံကြော်အမြဲတမ်းစားနေကျဆိုတာ ဘယ်လိုသိပါသလဲလို့ 
တောင်အံ့သြတကြီးပြန်မေး မိသေးတယ်..

ကဲကြည့်.. ဘာကြောင့်သူဒီလိုရောဂါဖြစ်တာလဲ ..

ဒီနေ့ ခေတ်မှာ

့ကြက်တွေ မြန်မြန်ကြီးထွားလာစေဖို Steroids ဟိုမုန်းတွေပါတဲ့ကြီးထွားဆေးတွေ
သုံးလာကြပါတယ်.. .

Steroids ဟိုမုန်းတွေပါတဲ့ ကြီးထွားဆေးကို ကြက်တွေရဲ့ .တောင်ပံနဲ့
လည်ပင်းနေရာတွေမှာ

ပဲ အမြဲထိုးပေးလေ့ရှိတယ်..

ဒါကြောင့်. Steroids ဟိုမုန်းတွေအများဆုံးစုနေတဲ့နေရာကတော့တောင်ပံနဲ
့လည်ပင်းတွေမှာပါပဲ..

ဒီ Steroids ဟိုမုန်းတွေဟာ မြန်မြန်ကြီးထွားစေတတ်တဲ့သဘောကြောင့်
ခန္ဒာကိုယ်ထဲမှာ ကြောက်စရာကောင်းလောက်အောင် အကျိုးဆက်တွေဖြစ်လာတာပေါ့..

ဒါဟာဘာအတွက်လဲ..

တကယ်တော့ သူတို့ ရဲ့ လိုအပ်ချက်က .. ကြက်တွေမြန်မြန်ကြီးထွားလာစေဖို
့ပဲမဟုတ်လား… .

ဒါပေမယ့်.. အခု အမျိုးသမီးတွေကို တိုက်ရိုက် ထိခိုက်လာပါပြီ…

အမျိုးသမီးတွေမှာ လက်ရှိ ရှိနေတဲ့ မ.ဟော်မုန်းတွေကိုပါ အန္တရာယ်
ကျရောက်စေတဲ့အပြင်..

ဗိုက်ထဲမှာ သွေးခဲလိုလို ပြည်ခဲလိုလို မဲပုပ်နေတဲ့ အခဲတွေ ကြီးထွားလာစေတတ်တဲ့
ရောဂါတမျိုး ပိုပြီးဖြစ်လွယ်လာစေပါတယ်..

ကျမတို့ မှာ အရသာရှိလှတဲ့ ရိုးရာဟင်းလျာတွေ ရှိကြတာပေါ့နော်.. ဒါပေမယ့်..

ကျမတို့ရဲ့ ကျန်းမာရေးက အသက်ဆက်လက်ရှင်သန်ဖို့ ရာ ပိုပြီိးအရေးကြီးပါတယ်..

ဒါကြောင့် မမတို့ုကို ဝေမျှလိုက်ပါတယ်နော် .. မမတို့ ခန္ဒာကိုယ်
အလှမပျက်ရအောင် ကိုယ်အလေးချိန်ကိုလဲ ထိန်းရာရောက်အောင် ကြက်တောင်ပံ ကို နေ
့စဉ်ရက်ဆက် စားသုံးခြင်းက နေ တတ်နိုင်သလောက် လျှော့စားကြပါလို့ ...

အခြား မမ .တွေ.. (မမ.ရှိသူတွေ) ဆီကိုလဲ ဒါကို လက်ဆင့်ကမ်းပေးကြပါဦးနော်

ခင်မင်စွာဖြင့်..

OO

(Sharon How (Singapore Medical Association) ဧ။် Beware Chicken Wings

ကိုဆီလျှော်အောင်ဘာသာပြန်သည်။)


@ forward mail





Read more!

VLC Player အသုံးပြုပုံအမျိုးမျိုး

Monday, 18 April 2011






လူအများစုက VLC player ကိုယ် Favourite player လို့သတ်မှတ်ကျပါတယ်၊၊ (ကျ နော် အပါအဝင်ပေါ့) ဘာဖြစ်လို့လဲဆိုရင် ကြို့ထိုးသံ တစုံတရာ မကြားရ လောက် အောင် plays everything လုပ်နိုင်လို့ဘဲ ဖြစ်ပါတယ်၊၊ ကျနော်ကတော့ MS OS ကိုယ် သုံးချိန်မှာကော အချစ်တော် Ubuntu ကိုယ်သုံးချိန်မှာကော နည်းလမ်းအသွယ်သွယ် နှင့်ကိုယ် သဘောကျမိပါတယ်၊၊ ဒီ player ကိုယ်လွယ်လင့်တကူ အောက်ကနေ ရယူ လိုက်ပါ၊၊

သမရိုးကျ အတိုင်းသွင်းလိုက်ယုံ install ယုံပါဘဲ၊၊ (MS OS အတွက်ပါ)

VLC media player for Ubuntu

Graphical way ဆိုရင်

Open Synaptic application
Click on System -> Administration -> Synaptic Package Manager.
In Settings -> Repositories, make sure you have an universe repository activated.

Search for vlc and install it. You should install vlc-plugin-pulse and mozilla-plugin-vlc as well.

If you are interested in streaming or transcoding, you should additionnally install libavcodec-extra-52 from a multiverse repository.

Command line way ဆိုရင်

You need to check that a universe mirror is listed in your /etc/apt/sources.list file.

Code:
sudo apt-get update
sudo apt-get install vlc vlc-plugin-pulse mozilla-plugin-vlc
ဆိုပြီးတော့ သွင်းလိုက်ယုံပါဘဲ၊၊ Linux သမားများ အကျွှမ်းတဝင် ဖြစ်ပြီး သားနေ မှာပါ၊၊ သွင်းပြီးသွားပြီဆိုရင် ဒီ player နှင့် ကျနော်တို့ ဘာလုပ်လို့ရလဲ ဆိုပြီး လေ့ လာကြည့်ရအောင်>>

 

1.Rip DVDs:

VLC မှာ basic DVD ripper ပါဝင်ပါတယ်၊၊သူ့ကိုယ် အသုံးချဖိုးအတွက်
• Menu ကနေ Media tab>Convert/ Save>Disc ဆိုပြီး Click လိုက်ပါ၊၊
• အဲဒီမှာ Starting option ကနေ မိမိစိတ်ကြိုက် Adjust လုပ်ပါမယ်၊၊ titles and chapters များကိုယ် Rip ဖိုးအတွက် မိမိ စိတ်ကြိုက် သတ်မှတ်ပါ၊၊
• ပြီးရင် Conver/Save ကိုယ်နိုပ်ပြီး ဆက်သွားရင် Profile နေရာမှာ မိမိစိတ် ကြိုက် extension ကိုယ်ရွှေးပြီး Start ကိုယ်နိုပ်၍ Ripping လုပ်နိုင်ပါပြီ၊၊





 


2.Record videos:

Videos playback လုပ်နေစဉ် အတောအတွင်း ကျနော်တို့ VLC နှင့် Record လုပ်နိုင်ပါတယ်၊၊ဒီ Record Buttom ဟာမူရင်း အားဖြင့် Default ဖြစ်နေ ဒါပါ ၊၊ အသုံး ချဖိုးအတွက်>>
• Click on View>Advanced Control ကိုယ် Click လိုက်ရင် Record Buttom ကိုယ် ပြင်ဆင်ပြီးသွားပါပြီ၊၊
• Movie or Video ကြည့်နေစဉ်မှာ start လေးနိုပ်ပြီး Record လုပ်ယုံပါဘဲ၊၊ Stop လုပ်ချင်ရင်လည်း Click နိုပ်လိုက်ယုံပါဘဲ၊၊



3.Play RAR Files:

VLC player က Zip လုပ်ထားတဲ့ videos RAR files တွေကိုယ်လည်း play နိုင် ပါတယ်၊၊ Videos File ကိုယ် part1/part2 စသဖြင့် ခွဲထားတယ်ဆိုလည်း part1 ကိုယ် စပြီး ဖွင့်လိုက်ယုံပါဘဲ၊၊ အလိုအလျောက် သူ့ဘာသာသူ အပိုင်းအားလုံးကိုယ် ဖွင့် သွား ပါလိမ့်မယ်၊၊


4.Play in ASCII mode:

ကျနော်တို့ VLC မှာ ASCII Art Mode ကိုယ်သုံးပြီး movies ကိုယ် playback လုပ်ချိန်မှာ လူတွေကိုယ် ပြုံးရယ်စေနိုင်တဲ့ သဘောအလားအလာ ရှိတဲ့ mode တခု ပါဝင်တယ်ဗျ၊၊အသုံးချဖိုးအတွက်>>
• Tools>Preferences
• Open the section “Video” section and under “Output” select “Color ASCII art video output” from the drop down menu
• Save လုပ်လိုက်ပြီး Video file ကိုယ် play လိုက်ရင် ပွင့်ပါပြီ၊၊







5.Listen to online radio:

VLC မှာများစွာသော Shoutcast radio stations တွေ ပါဝင်ပါတယ်၊၊ အသုံးချ ဖိုးအတွက် >>
• View>playlist
• ဘယ်ဘက် Corner ကနေ Internet ကိုယ် Double click လိုက်ရင် TV/Radio လိုင်းများ တွေ့ရမှာပါ၊၊ ကြိုက်ရာကိုယ် play ပြီးနားထောင်ယုံပါဘဲ၊၊






6. Convert Audio and Video formats:

VLC player မှာ video and audio files တွေကိုယ် တခြားသော Format ကိုယ် ပြောင်းလို့ရနိုင်ပါတယ်၊၊ များစွာ သော Supported လုပ်သော Format type များမှာ MP4, WMV, AVI, OGG, MP3 etc စသဖြင့်ပါ၊၊ Converter အခွင့်အလမ်းကိုယ် စမ်း ကြည့်ကြရအောင် >>
• Media>Convert/Save
• Convert ချင်တဲ့ Video ကိုယ် Add ကနေယူ
• ပြီးရင် Conver/Save ကိုယ်နိုပ် မိမိပြောင်းချင်တဲ့ Format ကိုယ်ရွှေးပြီး Start ပေါ့၊၊




7. Download YouTube and other online videos:

• Youtube URL ကိုယ် ကူးလာပြီ
• Media>Open Network Stream>Network မှာ URL ကိုယ် ကူးထည့် လိုက်ပြီး play လိုက်ရင် ရပါပြီ၊၊





• နောက်တခုက Tools>codec information ကနေ အောက်မှာ တွေ့နေရတဲ့ location နေရာမှာ URL ကိုယ် paste လုပ်၊၊ အဲဒီ Browser ကနေ Video ကိုယ် မိမိစက်ထဲကိုယ် Download လုပ်သွားပါလိမ့်မယ်၊၊





အားလုံးဘဲ အသုံးချ အဆင်ပြေနိုင်ပါစေဗျာ၊၊

အင်တာနက် မကောင်း၍ Pdf Ebooks စာအုပ်ရယူလိုသူများ အောက်တွင်ယူပါ၊၊


@ Kyaukphyu








 
Read more!

ကိုယ်ကြိုက်တဲ့ လိပ်စာလေးတွေ မှတ်ထားမယ်




အင်တာနက် သုံးသူ တော်တော် များများမှာ တွေ့ နေရတာလေးတွေပါ ။ Website ကောင်းကောင်းလေးတွေ တွေ့ ရင် စာအုပ်ထဲမှာ မှတ်တယ် ၊ စာရွက်ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့စာအုပ်တွေ စာရွက်တွေ ပျောက်တော့ တိုင်တွေ ပတ်ကုန်ကြရောပေါ့ ။ တစ်ချို့ ကျတော့ ကွန်ပြူတာ သမားပီပီ Notepad ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့ notepad လည်း ပြန်ရှာလို့ မရတော့ တိုင်ပတ်တာပေါ့ ။ စာအုပ်ထဲမှာ မှတ်တယ်ဆိုလည်း သွားလေရာကို စာအုပ်ကြီး သယ်သွားမှ အဆင်ပြေမှာပါ ။ Notepad ထဲမှာ မှတ်တော့လည်း အဲ့ Notepad ရှိမှ အဆင်ပြေပြန်ရော ။ အဲ့ဒါကြောင့် အဲ့ဒါတွေက ပျောက်လွယ်ပါတယ် ။ အဲ့ဒါဆို အဆင်မပြေနိုင်ပါဘူး ။


အဲ့တော့ ကျွန်တော်တို့ အဲ့ပြသနာကို ဘယ်လို ဖြေရှင်းကြမလဲ ။ လွယ်တာတော့လွယ်ပါတယ် ။ အွန်လိုင်းပေါ်မှာ ကျွန်တော်တို့ မှတ်ချင်တဲ့ Website လိပ်စာတွေကို မှတ်ပေးတဲ့ Websites တွေ အများကြီး ရှိပါတယ် ။ အဲ့လို Website လိပ်စာတွေမှတ်တာကို Bookmarking လို့ ခေါ်ပါတယ် ။ Online ပေါ်မှာပဲ မှတ်တဲ့အတွက် Online Bookmarking လို့ခေါ်ကြပါတယ်။

Browser(IE, Firefox) တွေမှာ Bookmark လုပ်ပေးနိုင်တဲ့ Function တွေပါပြီးသားပါ။ IE သုံးတာဖြစ်စေ၊ Firefox သုံးတာဖြစ်စေ Websiteကောင်းကောင်းလေးတွေ့လို့ မှတ်ချင်ရင် Keyboard ကနေCtrl+Dနှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ Box လေးတစ်ခု တက်လာပါတယ်။ IE မှာဆိုရင် Addကိုနှိပ်လိုက်ပါ။ Firefox ဆိုရင်တော့ OK နှိပ်လိုက်ရင် ရပါပြီ။နောက်ပိုင်းမှာ ကိုယ်မှတ်ထားတဲ့လိပ်စာတွေကို ပြန်ကြည့်ချင်ရင်တော့ Firefoxမှာဆိုရင် Menu bar က Bookmarks ကို နှိပ်လိုက်ပါ။ အဲဒီအခါကိုယ်မှတ်ထားတဲ့ Site လိပ်စာလေးတွေ တွေ့ပါလိ့မ်မယ်။ IE ဆိုရင်တော့ menubar က Favorites ထဲမှာရှိပါတယ်။

ဒါပေမဲ့ အဲဒီနည်းတွေကအင်တာနက်ကိုအိမ်မှာသုံးတဲ့သူတွေအတွက်ပဲအဆင်ပြေမှာပါ ။ Cyber တွေမှာ သုံးတဲ့သူဆိုရင်တော့ ဒီနည်းတွေက Browser ထဲမှာပဲမှတ်တာဖြစ်တဲ့အတွက် တခြားစက်တွေကိုင်ရင် ကြည့်ရမှာမဟုတ်တော့ဘူးလေ။ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့ ဘယ်ကွန်ပျူတာကိုပဲသုံးသုံး ကိုယ့်ရဲ့
Bookmark တွေကို access လုပ်လို့ရတဲ့ Online Bookmarking Website တွေခေတ်စားလာတာပေါ့။

အဲ့လို Online Bookmarking လုပ်ပေးနိုင်တဲ့ ဆိုဒ်တွေကတော့ အများကြီးပေါ့ဗျာ ။ တစ်ချို့ တစ်လေက Register လုပ်ရတယ် ။ သုံးရတာ ကိုယ်နဲ့ Fair မဖြစ်ဘူး ။ အဆင်မပြေဘူးပေါ့ဗျာ ။ အဲ့ဒါကြောင့် ကိုယ်နဲ့ လည်း ရင်းနှီးတယ် ၊ အရမ်းလည်း သုံးရတာ လွယ်တဲ့ ကျွန်တော်တို့ ရဲ့  Google ကြီးကိုပဲ အားကိုးကြရအောင်ဗျာ ။

ကျွန်တော်တို့ နေ့ စဉ် မရှိမဖြစ် လို အရမ်းကို အသုံးဝင်တဲ့ Google ကြီးမှာလည်း bookmark လုပ်လို့ရပါတယ် ။ အရင်ဆုံး မိမိသုံးနေကြ gmail ကို sign in ၀င်လိုက်ပါ ။ ပြီးရင် Ctrl+T (New Tab) အသစ်တစ်ခု ခေါ်ပြီး Address bar မှာ http://ww.google.com/bookmarks လို့ သာ ရိုက်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ Google ရဲ့ Bookmarks Page တစ်ခု ရောက်လာမှာ ဖြစ်ပြီး My Lists , Add Bookmarks အစရှိတဲ့ နေရာတွေမှာ မိမိ မှတ်သားချင်တဲ့ Website Addresses တွေကို Subject , Title , Link နှင့်တကွ မှတ်သားနိုင်တာကြောင့် ဘယ် စာအုပ် ၊ ဘယ်စာရွက် ၊ ဘယ် Notepad တစ်ခု တစ်လေမှမလိုတော့ပဲ ရောက်လေ ရာရာ အရပ်တိုင်းမှာ Google Bookmarks ဆိုတဲ့ Bookmarks Page လေးကို ခေါ်လိုက်တာနဲ့ မိမိမှတ်သားထားတဲ့ Website တွေကို မိမိ မှတ်သားထားတဲ့ ပုံစံ အတိုင်းတွေ့ မြင်ရမှာ ဖြစ်ပါတယ် ခင်ဗျာ ။ အဆင်ပြေသလို အသုံးပြုနိုင်ကြပါစေ ခင်ဗျာ ။


@ from=forverfriend



Read more!

vzoမှာချစ်သူနဲ့ သီချင်းလေးတွေ ဇာတ်လမ်းလေးတွေ ကြည့်လို့ ရတဲ့အပြင် တစ်ဖက်လူကိုစနောက်လို့ရသော webcam




အရင်ဆုံး ခုဒီလေးရာလေး WebcamMax 7.2.6.8 ကိုသွားလိုက်ပါ။
ပြီးရင်အောက်ကပုံလေးတွေအတိုင်း အဆင့်ဆင့်လုပ်ကြရအောင်ဗျာ။


                                                                         (၁)


အဲ့ ဒီsoftware လေးကို run ပြီးရင်အောက်က ပုံလေးအတိုင်း try ပေးရပါမယ်။


                                                                                   (၂)
ကျွန်တော်တို့ က vzo နဲ့ တွဲပြီးအသုံးပြုဖို့ အတက်အောက်ပါအတိုင်းဆက်လျက်လုပ်ဆောင်ကြရအောင်ဗျာ။



ဒါလေးရွေးပေးလိုက်မှသာ vzoနဲ့ တွဲသုံးလို့ ရပါ့မယ်။ရွေးပြီးရင် ကျွန်တော်တို့ ဟာ WebcamMax softwareလေးကို စတင်အသုံးပြုလို့ရပါပြီ။



သူငယ်ချင်းတွေကိုရုပ်ပြောင်တွေနဲ့ စနောက်မယ်ဆိုရင် အောက်ကအတိုင်းလေး လုပ်လိုက်ပါ။မိမိတို့ မျက်လုံးကို scan လိုက်ဖတ်တဲ့ အတွက် ရုပ်ပြောင်တွေရဲ့  ခေါင်းတွေနဲ့  ကျွန်တော်တို့ ခန္ဒကြီးပေါ့နော်။


                                                                    (၃)


                                                                             (၄)
အားလုံးစိတ်ဝင်စားမယ်လို့ထင်တဲ့ ချစ်သူ၊မိတ်ဆွေသူငယ်ချင်းတွေနဲ့ vzo chatting လုပ်ရင်းနဲ့ ဇတ်ကားတွေသီချင်းတွေ ကြည့်ချင် နားဆင်ချင်တယ်ဆိုရင် အောက်ပါအတိုင်းလေးလုပ်ဆောင်လိုက်ရုံပါပဲ။



                                     အောက်ပါပုံလေးအတိုင်း vzoမှာလည်းရသွားပါပြီ ။



အားလုံးပဲအဆင်ပြေကြပါစေ။အဆင်မပြေရင်လည်း ပြောပေးပါ။အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။ 
ဆန္ဒနဲ့ ဘ၀တထပ်တည်းကြပါစေ။


@  forward mail





Read more!

For You's PC AdbeRdr920_en_US.exe Software

Sunday, 17 April 2011


မင်္ဂလာပါ pc အတွက် ဆော့ဝဲလ်လေးတစ်ခုတင်ပေးလိုက်ပါတယ် reader လေးတစ်ခုပါ ။ တစ်ခါတစ်လေ ကျနော်တို့ အင်တာနက်က ဝထ္တုစာအုပ်တွေ ဖတ်ချင်တဲ့အခါ ဖတ်လို့မရဖြစ်နေတတ်ပါတယ် ။ အဲ့တာဆိုရင် ဒီကောင်လေးသာ Ran ပေးလိုက်ပါ အဆင်ပြေပါလိမ့်မယ် ။pdf အတွက် စိတ်ပူစရာမလိုတော့ပါဘူး ။
ဒီ Adbe reader version လေးက သင့်အားကူညီပါလိမ့်မည် ။ လိုချင်သူများအောက်မှာ ဒေါင်းသွားကြပါ ။


DownLoad Link;


Download AdbeRdr920_en_US.exe


အားလုံးအဆင်ပြေကြပါစေ...




Read more!

Acer မှ Iconia Touchbook ခေါ် touchscreen နှစ်ခု ပါဝင်သော laptop ထုတ်လုပ်

Tuesday, 12 April 2011


ထိုင်ဝမ် အခြေစိုက် ကွန်ပျူတာထုပ်လုပ်သူ Acer Inc မှ Iconia Touchbook ဟုအမည်ရသော ပုံမှန် မော်နီတာအတွက် touch မျက်နှာပြင် တစ်ခုအပြင် ပုံမှန် ကီးဘုတ်နေရာတွင်ပါ ကီးဘုတ်အဖြစ် အသုံးပြုနိုင်သလို touch မျက်နှာပြင် အဖြစ်လည်း အသုံးပြုနိုင်သည့် touchscreen နောက်တစ်ခု ပါဝင်သော dual-touchscreen laptop ထုတ်လုပ်လိုက်ကြောင်း သိရသည်။

http://patheincity.com/news//HLIC/623940aeeae23edf96090ab967aff792.jpg


Acer Iconia Touchbook တွင် ပုံရိပ်ဖော်နိုင်စွမ်း 1366 x 768 pixels ရှိ dual LED-backlit touchscreen displays ပါဝင်ပြီး မျက်နှာပြင် ကြံ့ခိုင်မှု့ အတွက် Gorilla Glass ကိုသုံးပြုထားသည်။ Core i5 (480M/560M/580M) porcessor ကိုသုံးထားပြီး Intel HD graphics နှင့် မှတ်ဥာဏ် ပမာဏ 4GB ပါဝင်ကာ အချက်အလက်များ သိမ်းဆည်းရန် သိုလှောင်မှု့ပမာဏမှာ 640GB အထိမြှင့်တင်နိုင်ကြောင်း သိရသည်။


http://patheincity.com/news//HLIC/b62ae8bedc44c056eea758a65b3bb17d.jpg


ထို Touchbook တွင် 1.3 megapixel webcam ပါဝင်ပြီး ကွန်ရက်ချိတ်ဆက်မှု့ အတွက် Gigabit Ethernet LAN နှင့် ကြိုးမဲ့ချိတ်ဆက်မှု့ အတွက် 802.11 b/g/n Wi-Fi နှင့် Bluetooth 3.0 တို့ပါဝင်သည်။ ထို့အပြင် ပြင်ပ မီဒီယာ ပစ္စည်းများနှင့် ချိတ်ဆက်နိုင်ရန် မြန်နှုန်းမြင့် HDMI port နှင့် USB 3.0 တို့လည်း ပါဝင်ကြောင်း သိရသည်။


http://patheincity.com/news//HLIC/4cd71dec0d58888cea9ccfea5b923535.jpg


Operating System အတွက် မိုက်ခရိုဆော့၏ Widow 7 Home Premium 64bit ထည့်သွင်းထားပြီး touch မျက်နှာပြင် များအတွက် အထူးလုပ်ဆောင်ချက်များ ဖြစ်သော Ring Contorl Inerface , AppCards shortcuts , a virtual keyboard , a touch-based browser စသည့် လုပ်ဆောင်ချက်များလည်း ပါဝင်ကြောင်း သိရသည် ။


http://patheincity.com/news//HLIC/190fa7da73930d4329b3c09652cae3de.jpg


Acer Iconia Touchbook အမည်ဖြင့် ထုတ်လုပ်လိုက်သော ထို laptop ကွန်ပျူတာကို April လနောက်ပိုင်းတွင် ဖြန့်ချီမည်ဖြစ်ပြီး ဈေးနှုန်းမှာ အမေရိကန် ဒ်ါလာ ၁၁၉၉.၉၉ ဒေါ်လာဖြင့် ယူအက်စ် နှင့် ကနေဒါနိုင်ငံများသို့ စတင်ရောင်းချမည် ဖြစ်ကြောင်းသိရသည်။



  ကိုးကား ==> မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News 







Read more!

ဥာဏ်စမ်းလေးပါ..စိတ်ဝင်စားကျမယ်ထင်တယ်နော်.

မင်္ဂလာပါ သူငယ်ချင်းတို့ရေ..။သူငယ်ချင်းတို့ကို ဥာဏ်စမ်းလေး တစ်ခုလောက်မေးချင်လို့ပါ။
ဥာဏ်စမ်း ၀ါသနာပါတဲ့ လူပဲဖြစ်ဖြစ်၊ကျူစရာ မရှိ(ချစ်ချစ် ပြန်သွားလို့၊မလာလို့) ပျင်းနေတဲ့လူပဲ ဖြစ်ဖြစ် ၀င်နွှဲလို့ရပါတယ်။အဖြေရတော့လဲ ပျော်စရာပေါ့ဗျာ.။မရတော့လဲ အပျင်းပြေပေါ့။
ကဲ.....စလိုက်ရအောင်နော်..
ပြသာနာက ဒီလိုဗျာ.။သင်္ဘောပေါ်မှာ တာဝန်ကျတဲ့ သင်္ဘောသား နှစ်ယောက် ဆီဝေစုခွဲနေကျတယ်တဲ့။
သူတိုမှာရှိတာက ဆီက (၁၀) ဂါလံ.။အဲဒါကို တစ်ယောက် (၅) ဂါလံစီ အညီအမျှလိုချင်တယ်။သူလဲမပို ကိုလဲမလိုပေါ့ဗျာ.။
ဒါများ ချစ်ကိုပိုင်ရာ ဂါလံခွက်နဲ့ချိန်ထည့်မှာပေါ့ဟတော့ မလုပ်နဲ့နော်။သူတို့မှာ ချိန်စရာ ဘာခွက်မှ မရှိနေဘူးတဲ့.။(လိုရင်းရောက်ချင်တော့လဲနဲနဲ လိုရာ ဆွဲလိုက်တာပေါ့နော်.....:P)....။အဲ....ဒါပေမယ့် သူတို့မှာ ပုံး (၃) ပုံးတော့ရှိနေတယ်။ဘယ်လိုပုံးတွေလဲ ဆိုတော့....
ခုနဆီထည့်ထားတဲ့ (၁၀) ဂါလံပုံးရယ်။အဲပုံးကတော့ ဆီအပြည့်ပေါ့နော်..။နောက်ထပ် (၇) ဂါလံပုံးရယ် (၃) ဂါလံပုံးရယ် ရှိတယ်။
(၇) ဂါလံပုံးနဲ့ (၃) ဂါလံပုံးတွေကတော့ အလွတ်တွေပါ။ပြောရမယ် ဆိုရင်တော့ဗျာ ရှိနေတဲ့ ပုံးတွေနဲ့ပဲ တယောက် (၅) ဂါလံစီ ရအောင်ခွဲဖို့ပဲ ရှိတော့တာပေါ့။သူတို့ နှစ်ယောက်ကတော့ ဘယ်လိုမှ မခွဲတတ်တော့ပါဘူးတဲ့ဗျာ.။သူငယ်ချင်းတို့ပဲ သူတို့ နှစ်ယောက်ကို ပုံး (၃)ပုံးသုံးပြီး တယောက် (၅) ဂါလံရအောင် ခွဲပေးလိုက်ကျပါဗျာ..။လုပ်ရမယ့် အဆင့်ကတော့ နဲနဲများတယ်နော်.။
နောက်ဆုံးရမယ့် အဖြေကတော့ (၁၀)ဂါလံပုံးမှာ ဆီ(၅) ဂါလံကျန်ပါတယ်.။(၇) ဂါလံပုံးထဲကို (၅)ဂါလံ ရောက်သွားပါတယ်။အဲဒါဆို အကုန်အဆင်ပြေပါပြီ။
ရှင်းရှင်းလေး ပြောရရင်တော့ (၁၀)ဂါလံပုံးရယ်၊(၇)ဂါလံပုံးရယ်၊(၃)ဂါလံပုံးရယ်ကို သုံးပြီး ဆီ(၁၀)ဂါလံကို တ၀က်ခွဲတာပါပဲ။
သူတို့ နှစ်ယောက် ကျွန်တော့်ကို ကပ်ပြောသွားတာလေး ရှိသေးတယ်ဗျ.။ဘာလဲသိလား....
ရအောင်ခွဲပေးနိုင်တဲ့ လူကို နောက်တခါ ဆီခွဲတမ်းထပ်ရရင် ဥာဏ်ပူဇော်ခ ပေးပါ့မယ်တဲ့..........:P..
သူငယ်ချင်းတို့ အားလုံး ပျော်ရွှင်ကျပါစေဗျာ.. Read more!

Take Mouse Pointer CSS Code For Blogger In Blogs

Monday, 11 April 2011


ကျနော် blogs မှာ ကြည့်လိုက်ပါ မျှားပုံစံ pointer / cursor အပြာရောင်လေးတွေ့မှာပါ

ကျနော်ကတော့ အဲ့ cursor image ကို http://www.cursors-4u.com/

ကနေ ယူထားတာပါ ။ နောက်ပြီးတော့မှ HTML Java Script ထဲမှာ

ထည့်ပြီးချိန်းလိုက်တာပါ ။ လွယ်ပါတယ် သူငယ်ချင်းတို့ ဘယ်လို ချိန်းရမလဲ ဆိုတာကို ကျနော်

အောက်မှာ တစ်ဆင့်ခြင်း ရှင်းပြသွားမှာပါ ။ အရင်ကတော့ ဒီနေရာလေး မှာရေးပေးဖူးပါတယ် ။ အခုတော့ အဲ့နည်းနဲ့ မတူပဲ အလွယ်တကူ ထည့်လို့ရတဲ့နည်းလေးပါ ။အောက်မှာ CSS CODE  ကိုကူးယူလိုက်ပါ ။

 Copy css code 


<style type="text/css">body, a, a:hover {cursor: url(http://cur.cursors-4u.net/cursors/cur-2/cur116.cur), progress;}</style>

ဘလော့ဂ်မှာ ဘယ်လိုထည့်ရမလဲဆိုရင်တော့ Layout ကိုသွားပါ. Add a gadget ကိုသွားပါ. HTML/Javascript

ကိုယူပါ. ပြီးရင်တော့ အပေါ်က ကုဒ်ဒင်းလေးကို ကော်ပီပေ့စ်လုပ်လိုက်ပါ. ဒါပါပဲ.

မှတ်ချက် လိုချင်သော animation cursor code , များကို လိုချင်ပါက *ဒီနေရာလေးမှာ*သွားယူပြီးပြောင်းနိုင်ပါတယ် ။



နောက်ထပ် Css Body ထဲမှာထည့်နည်းလေးတွေ လေ့လာချင်ရင်လည်းအောက်က လင့်တွေမှာလေ့လာနိုင်ပါတယ်။




အားလုံးအဆင်ပြေကြပါစေ ...




Read more!

Take Clander Codeding For Blogger In Blogs

Sunday, 10 April 2011

မင်္ဂလာပါ ။      ။   မြန်မာ ပြင်္ဂဒိန် ကုဒ်ဒင်းနှင့် အင်္ဂလိပ်ပြင်္ဂဒိန် ကုဒ်ဒင်း blogs မှာ သုံးချင်သူများအတွက်

တင်ပေးလိုက်ပါတယ် ။

ဘလော့ဂ်မှာ ဘယ်လိုထည့်ရမလဲဆိုရင်တော့ Layout ကိုသွားပါ. Add a gadget ကိုသွားပါ. HTML/Javascript

ကိုယူပါ. ပြီးရင်တော့ ဒီအောက်က ကုဒ်ဒင်းလေးတွေကို ကော်ပီပေ့စ်လုပ်လိုက်ပါ. ဒါပါပဲ.



Copy English Clander Codeding


<script src='http://sites.google.com/site/bloggertemplateplace/tutorialicious/date.txt' type='text/javascript'/></script>



Copy Myanmar Clander Codeding


<script src="http://soemin.googlecode.com/svn/scripts/myanmar_calendar.js" type="text/javascript"></script>




မိမိတို့မှာ ရှိနေတဲ့ ပြက္ခဒိန် ကုဒ်ဒင်းလေးတွေကို ဒါလေးနဲ့ ပြန်အစားသွင်းလိုက်ရင် အဆင်ပြေသွားမှာပါ.

ပိုပြီးတော့ အဆင်ပြေချင်ရင်တော့ ဒီ JS ဖိုင်လေးကို ဒေါင်းလုပ်ချလိုက်ပါ. ပြီးတော့ ကိုယ့်ဖာသာ

အဆင်ပြေမယ့် Hosting site တစ်ခုခုမှာ ကိုယ့်ဖာသာပဲ Hosting လုပ်ပြီး လင့်ခ်လေးကို ထုတ်ယူလိုက်ပါ.

ဒါဆိုရင် အများကြီးက ၀ိုင်းဆွဲလို့ Bandwidth Limit ကျော်သွားတာမျိုး မဖြစ်နိုင်တော့ပါဘူး.

ဒီမှာ ဒေါင်းလုပ်ချပါ.

File Hosting ဘယ်လိုလုပ်ရလဲဆိုတာ မသိသူများကတော့ ဒီတိုင်းပဲ သုံးချင်လည်းသုံးပါ. ဒါမှမဟုတ်

ကိုယ်တိုင်ကိုယ်ကျ လုပ်ကြည့်ချင်ပါတယ်.

လေ့လာချင်ပါတယ်ဆိုရင်တော့အောက်ကလင့်မှာသွားရောက်လေ့လာပါ ။


http://mmbloggershelpdesk.blogspot.com/search/label/File%20Hosting


အားလုံးအဆင်ပြေကြပါစေ ...










Read more!

How To Change Blog Icon For You'r Blogs

Friday, 8 April 2011

ကိုယ့်ရဲ့ ဘလော့ခေါင်းစဉ်ပေါ်က icon ပုံလေးကို မိမိနှစ်သစ်ရာ ပုံကလေးနဲ့ ပြောင်းချင်တယ်ဆိုရင်တော့ ဒီလိုလေး လုပ်လိုက်ပါနော်..

အရင်ဦးဆုံး FavIcon Generator ဆိုတဲ့ ဆိုဒ်ထဲမှာ အသင့်သုံး icon လေးတွေ ရှိပါတယ် .. အဲဒီက လင့်ကိုယူပြီး
မိမိ ဘလော့ဂ်ရဲ့ Layout --- Edit Html ထဲမှာ </head> ဆိုတာကို တွေ့အောင်ရှာ .. ပြီးရင် သူ့အပေါ်မှာ ခုနက လင့်ကို ထားပေးလိုက်ပါ။


icon တွေကို ကိုယ်တိုင်  ဖန်တီးချင်တယ် ဆိုရင်တော့ favicon.cc မှာ ဖန်တီးနိုင်ပါတယ်။

icon ကို image အနေနဲ့ လုပ်ချင်တယ်ဆိုရင်တော့ .. မိမိနှစ်သက်ရာ ပုံကို icon Generator မှာ icon အနေနဲ့ ပြောင်းလဲနိုင်ပါတယ် .. ပြီးရင်တော့ အဲဒီက link 

<link href=' icon imge ထည့်ပါ ' rel='shortcut icon'/>

ကိုယူပြီး </head> ရဲ့ အပေါ်မှာ

<link href=' icon imge ထည့်ပါ ' rel='shortcut icon'/>

တစ်ချို့ Template ပြောင်းထားတဲ့ ဘလော့တွေကတော့ 


   ]]>
    </b:template-skin>

  အတက်ကဟာလေး ရအောင်ရှာပြီး အောက်မှာကပ် ထည့်ပေးလိုက်ပါ ။
အဆင်မပြေသူများလည်း ကျနော် ဘလော့မှာ တင်ထားတဲ့ icon သုံးချင်သူတွေ အောက်မှာ ယူသုံးလိုက်ပါ


Copy Code Hear

<link href='https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyBkTgYDOEs600ZBK4Gr3r4O29egpj7tcXssoJrMOBMdbjVbaT4PEHVe7flqj-BeBYGSgEiE4kBeBhpgP4suHxeKsRZNN-J1vezy6tKA-PqiVQdGfXgEVdgM9vKQ0xgX_YDznnEnfz-mp9/s1600/fanicon.jpg' rel='shortcut icon'/>


အားလုံးအဆင်ပြေကြပါစေ ...


Read more!

How To Do Add Gadget For You'r Blogs



ကိုယ့်ရဲ့ ဘလော့ဂ်မှာ Gadget တွေ ထည့်ချင်တယ်ဆိုရင်တော့ ..
ဒီနေရာမှာ သွားကြည့်ပါ .. Google Gadget

ပို့တင်တဲ့အခါ ပို့စ်ကုဒ်တွေကို ပါ ပြချင်တယ်ဆိုရင်တော့ .. Post-Code Converter ကိုအရင်ဆုံး
ကိုယ့်ရဲ့ ဘလော့မှာ ထည့်ထားသင့်ပါတယ် ..

အားလုံးအဆင်ပြေပါစေ ...







Read more!

How to do histats counter code for you'r blogs







အထက်မှာပြထားတဲ့ counter လေးတွေ့မှာပါ အဲ့လိုလေး မိမိဘလော့ဘားမှာ ထည့်ချင်သူများအတွက်ပါ ။



flash counter histats ကို ဘလော့မှာ တတ်ချင်သောညီအကိုများအတွက် တင်ပေးလိုက်ပါတယ် အရင်ဆုံး http://www.histats.com/ကိုသွားပါ ။မိမိအကောင်းအတွက် Register အရင်လုပ်ပါ ။







Register လုပ်ပြီးသွားပါက အတက်မှာပြထားသော add a website ဆိုသော နေရာကို ကလစ်တင်ပေးလိုက်ပါ အဲ့မှာပေါ်လာတဲ့ အထဲမှာမိမိအသုံးပြုမဲ့ blogs link ကိုထည့်ပေးပါ ။






မိမိဘလော့ link ထည့်ပြီး continue လုပ်ပြီးပါက အောက်ပါအတိုင်းပေါ်လာလိမ့်မည် ။





မျှားပြထားသောနေရာကို ဆက်ပြီးကလစ်ပေးပါ ။ အောက်ပါအတိုင်းတွေ့ရပါမည် ။







 အထက်မှာပြထားတဲ့ အတိုင်း မိမိကြိုက်နှစ်သက်တဲ့ flash counter ကိုရွေးချယ်ပေးပါ ။ line 1 => line 2 => အစရှိသဖြင့်ပေါ့ ကျနော်ကတော့ line 4 ကိုယူတယ် ။နောက်လိုချင်တဲ့ ပုံကို ကလစ်လိုက်ပေါ့ ။နောက်ပေါ်လာတဲ့ အထဲမှာ အားလုံးကို အမှန်ခြစ်ပေးပါ ။ ပြီးရင်save ကိုနှိပ်လိုက်ပါ  ။ အောက်မှာဆက်ကြည့်ပါ ။




အောက်ကပုံကိုဆက်ကြည့်ပါ ... save နှိပ်ပြီးပါက ထိုကဲ့သို့ပေါ်လာပြီး မျှားပြထားသောနေရာကို ဆက်နှိပ်ပေးပါ ။ code ထုတ်ပေးလာပါလိမ့်မည် ။


Code ကျလာပါက တုံစံအတိုင်း ဘလော့ကိုဝင်ပြီး 

  • Edit Layout ကိုသွားပါ
  • Add a Gadget နှိပ်ပါ HTML/Java Script  ဆက်ဝင်ပါ နောက်ရလာသော code ကို ထည့်ပြီး save လိုက်ပါ ။
အထက်ပါ ရှင်းပြချက်များနားမလည်သူများလည်း အောက်ပါ Code ကို ကူးယူ အသုံးပြုနိုင်ပါသည် ။

Copy Code  Hear

<!-- Histats.com  START  (standard)-->
<script type="text/javascript">document.write(unescape("%3Cscript src=%27http://s10.histats.com/js15.js%27 type=%27text/javascript%27%3E%3C/script%3E"));</script>
<a href="http://www.histats.com" target="_blank" title="free stats" ><script  type="text/javascript" >
try {Histats.start(1,1454526,4,406,165,100,"00011111");
Histats.track_hits();} catch(err){};
</script></a>
<noscript><a href="http://www.histats.com" target="_blank"><img  src="http://sstatic1.histats.com/0.gif?1454526&101" alt="free stats" border="0"></a></noscript>
<!-- Histats.com  END  -->



အားလုံးအဆင်ပြေကြပါစေခင်ဗျာ ...







Read more!

Blogs မှာ သီချင်းလေးတွေကို လူမမြင်ပဲ အသံသာကြားစေချင်ရင်

မိမိ လော့မှာ သီချင်းလေးတွေကို လူမမြင်ပဲ အသံသာကြားစေချင်တဲ့ သူတွေ အတွက်ပါ ။လိုင်းကောင်းရင်

သီချင်းသံလေး ထွက်ပါတယ်။ ကိုယ်ပိုင် စက်နဲ့ ဖွင့်တာဆိုရင်တော့

တစ်ခါ အစအဆုံး ဖွင့်ပြီးရင် မထစ်တော့ပါဘူး။ တိုက်ရိုက် သီချင်းသံလေး ကြားနေရပါမယ်။

height="0" width="0" တို့မှာ 0 ပဲ ထားပါ။ ဒါမှ ဘောက်စ်လေး ပျောက်နေမှာပါ။


ကုဒ်ထဲက အနီရောင်ပြထားသော နေရာမှာ အခြား flashsongs လင့်များကို အစားထိုးပြီး အသုံးပြုပါ။




Flashsongs လင့် များကို လိုချင်သော်


Copy this code


<center> <object height="0" width="0"><param name="allowScriptAccess" value="never"> <param name="M" value="song name.swf"> <embed allowscriptaccess="never"src="http://api.ning.com/files/6GMdOFLNCK*RovSwNKf6nQ8fFT2lktJ-tro6EOoShxexyW7eLIvz8MwZiJR9kXCEUiEo9S1X8gMeZrtfUAY*Cgu4zgofQnB2CPOM8bF9X-c_/KhwintPyuTayKhwintHloutTay.swfheight="0" width="0"></object></center>




  
အပေါ်ကကောင်လေးကတော့ Flash Song သီချင်းကြိုက်တဲ့သူတွေ အတွက်ပေါ့ 

အခုဆက်ပြီးရှင်းပြသွားမှာကတော့ Music player ; Playlist သမားများအတွက်ပါ မိမိကြိုက်တဲ့ ဆိုဒ်တွေမှာ 

သွားပြီး Playlist လုပ်လို့ရပါတယ် မသိသေးတဲ့သူများကတော့ ကျနော် အရင်က ဒီနေရာလေး မှာ Music 

Playlite  လုပ်နည်းလေး ရေးပေးဖူးပါတယ် ။အဲ့မှာသွားလေ့လာပြီး ကိုယ်တိုင်လုပ်လည်းရပါတယ် NINE 

Site တွေမှာလည်း Playlist လုပ်လို့ရပါတယ် ။ မိမိအဆင်ပြေတဲ့နေရာမှာလုပ်ပေါ့ 

။ကျနော်ပြောချင်တာကတော့ ဘလော့မှာ player ပျောက်နေပြီး သီချင်းသံကြားနေဖို့ပါပဲ ။ ရလာတဲ့ 

playlist HTML code ကိုတော့ နည်းနည်းပြောင်းပေးရပါမယ် ။အောက်မှာကြည့်လိုက်ပါ ။



Copy this code 
 
<embed allowscriptaccess="never" type="application/x-shockwave-flash" pluginspage="http://www.macromedia.com/go/getflashplayer" src="http://static.ning.com/socialnetworkmain/widgets/music/swf/MusicPlayer.swf?v=" wmode="opaque" flashvars="configXmlUrl=http%3A%2F%2Fchocolatemyotaw.ning.com%2Fmusic%2Fmusic%2FshowPlayerConfig%3FconfigVersion%3D1%26version%3DDEP-5819%253Aa4e5123_232_232_369%26xn_auth%3Dno%26brand%3D0%26logoImage%3D0%26isInternalRequest%3D1&amp;playlistUrl=http%3A%2F%2Fchocolatemyotaw.ning.com%2Fmusic%2Fplaylist%2Fshow%3Ffmt%3Dxspf%26id%3D3019402%253APlaylist%253A2605039%26mdate%3D2010-11-01T07%253A14%253A14.256Z%26nik%3D25vv93avzlhrk&amp;playlistType=user&amp;networkUrl=http%3A%2F%2Fchocolatemyotaw.ning.com%2F&amp;autoplay=1&amp;showPlaylist=1" bgcolor="#999999" scale="noscale" height="2" width="1">




အဲ့ကောင်လေးကတော့ ကျနော် နိုင်းဆိုဒ်ကနေ playlits လုပ်ထားတဲ့ mp3 သီချင်းတွေပါ ယူသုံးချင်လည်း 

ကူးသုံးနိုင်ပါတယ် ။


ကျနော်ပြင်ထားတဲ့နေရာလေးတွေကတော့

 

height= 250 ကို "2" ဆိုပြီး

width =200 ကို "1"ဆိုပြီး


ပြင်ထားတာပါ အဲ့လောက်ဆို နားလည်သဘောပေါက်လောက်ပါတယ် ...

မိမိဘလော့မှာ mp3 သီချင်းလေးတွေ နားဆင်နိုင်ကြပါစေဗျာ ...










 
Read more!
K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG