Virtual Memory (RAM ကိုဖြည့်စွက်ပေးဖို့ Windows ကသုံးတဲ့ hard disk space) ကိုပိုကောင်းအောင် ပြုလုပ်နည်း
တွေနဲ့ပတ်သက်ပြီး စိတ်ကူး စိတ်သန်းကောင်းကောင်းနဲ့ဖော်ပြပေးထားတဲ့
သီအိုရီအများအပြား တွေ့မြင်ရပါမယ်။ အခုဖော်ပြပေးမှာက မိုက်ကရိုဆော့ဖ်က အတည်ပြု
ပေးထားတဲ့ Windows ရဲ့ memory management နေရာချထား ပုံနည်းလမ်းဖြစ်ပါတယ်။
ကွန်ပြူတာမှာ hard drive တစ်လုံးတည်းဆိုရင်တော့ ဒီအတိုင်းထားတာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ internal၊
ဒါမှမဟုတ် external hard drive နှစ်လုံး - သုံးလုံး (partition
တွေမဟုတ်ပါ။) ရှိမယ်ဆိုရင် default paging file (မိုက်ကရိုဆော့ဖ်က virtual memory
disk space လို့သုံးနှုန်းထားပါတယ်။) ကို Windows တင်ထားတဲ့ boot drive
ပေါ်တင်ထားပြီးနောက် drive တစ်လုံး ပေါ် paging ဖိုင်တစ်ခု
ထပ်မံပေါင်းထည့်ပေးထားတာနဲ့ပီစီဟာ စွမ်းဆောင်ရည်ပိုကောင်းလာမှာဖြစ်ပါတယ်။
Administrator account နဲ့ Windows ကို login လုပ်ပြီး ကွန်ပြူတာမှာ hard drive တစ်လုံးထက်မက
ရှိနေသလားဆိုတာ စစ်ဆေးရပါမယ်။ Start > Run (Vista မှာ Start) click လုပ်ပြီး
diskmgmt.msc ရိုက်သွင်းကာ <Enter> နှိပ်ပါ။ Disk Management utility
ပွင့်လာပါမယ်။ (User Account Control ထဲက Continue ကို ကလစ်လုပ်ပေးဖို့
လိုချင်လိုပါမယ်။) အောက်ခြေဘက်အခြမ်းမှာ System ရဲ့ disk တွေနဲ့ partitio
တစ်ခုချင်းစီအတွက် drive letter တွေပြသထားတာတွေ့
ရပါမယ်။ Paging ဖိုင်အသစ်တစ်ခုတည်းသာထားလိုရင် အမြန်ဆုံး drive ကိုရွေးချယ်ရပါမယ်။ Internal drive
တစ်ခုဟာ external drive တစ်ခုထက် ပိုမြန်ပါတယ်။ အသုံးပြု မယ့်
drive letter တွေကို မှတ်သားထားပါ။
ကလစ်လုပ်ပြီး Properties ကိုရွေးချယ်ပါ။ Windows 2000 နဲ့ XP အတွက် Adva
My computer (Windows 2000 နဲ့ XP)၊ ဒါမှမဟုတ် Computer (Vista) ကို right
nced tab၊
Vista အတွက် ဘယ်ဘက်အခြမ်းမှာရှိတဲ့ task pane ထဲက Advanced system settings
ကိုရွေးချယ်ပေးပါ။
Performance section ထဲက Settings (Windows 2000 မှာ Performance Oprions )ကို
ကလစ်လုပ်ပါ။ ပြီးရင် Advanced tab (XP နဲ့ Vista) ကို ကလစ်လုပ်ပါ။ Virtual Memory
အောက်က Change ကိုကလစ်လုပ်ပါ။ Vista မှာ Automatically manage paging file size
for all drives ကို uncheck လုပ်ပါ။ Windows drive ပေါ်က paging ဖိုင်တစ်ခုရဲ့
အရွယ်အစား ဖော်ပြပေးထားတာကို တွေ့ရပါမယ်။ အဲဒါကို ဒီအတိုင်းထားလိုက်ပါ။
Drive စာရင်းထဲကနေ နောက်ထပ် paging ဖိုင်တစ်ခု ထပ်ထည့်ပေးလိုတဲ့ မတူညီတဲ့ drive
တစ်ခုပေါ်က partition တစ်ခုကို ရွေးချယ်ပါ။ ဖိုင်အရွယ်အစားကို
ကိုယ်တိုင်သတ်မှတ်ပေးလိုရင် Custom size ကိုရွေးချယ်ပြီး initial နဲ့ maximum size
ကိုရိုက်ထည့်ပေးပါ။ (အဲဒီအရွယ်အစားနှစ်ခုကို အတူတူပေးထားရင် ထိရောက်မှုပိုရှိတယ်။)
System မှာရှိတဲ့ RAM ပမာဏရဲ့ တစ်ဆခွဲလောက်ရှိသင့်တယ်လို့ဆိုပါတယ်။ ဒါမှမဟုတ်
အရွယ်အစာကို Windows က သတ်မှတ်ပေးနိုင်ဖို့အတွက် System managed size
ကိုရွေးချယ်ပေးနိုင်ပါတယ်။ (XP နဲ့ Vista မှာသာပြုလုပ်နိုင်ပါတယ်။) Set
ကိုလစ်လုပ်ပြီး OK ကိုထပ်မံ click လုပ်ပါ။ တကယ်လို့ရွေးချယ်တဲ့ partition ပေါ်မှာ
Windows နောက်တစ်မျိုး install လုပ်ထားတယ်ဆိုရင် pagefile.sys ဆိုတဲ့ဖိုင်ဟာ
ရှိနှင့်ပြီးသားဖြစ်နေတယ်ဆိုတဲ့ error message ထုတ်ပေးလာပါလိမ့်မယ်။
Virtualization ဆော့ဖ်ဝဲအသုံးပြုပြီး တစ်ချိန်တည်းမှာ operating system နှစ်ခု run
လုပ်မှာမဟုတ်တဲ့အတွက် pagefile.sys ဖိုင်ကို overwrite ၊ ဒါမှမဟုတ် delete
စိတ်ချလက်ချပြုလုပ်နိုင်ပါတယ်။ အဲဒီ Partition ရဲ့ Window installation ကနေ
နောက်တစ်ကြိမ် boot လုပ်တဲ့အခါ Windows ကနေအဲဒီ page ဖိုင်ကို အလိုအလျောက်
ပြန်လည်ဖန်တီးပေးသွားမှာဖြစ်ပါတယ်။
@ Zay Yar Htun
Virtual Memory (RAM ကိုဖြည့်စွက်ပေးဖို့ Windows သုံးတဲ့ hard disk space) ကိုပိုကောင်းအောင် ပြုလုပ်နည်း
Thursday, 9 December 2010
Subscribe to:
Post Comments (Atom)
K
o
Y
i
n
M
a
u
n
g
0 comments:
Post a Comment