............................................................ ..........

Gtalk Shell Software

Wednesday, 27 July 2011

.




gtalk shell ဆော့ဝဲလ်လေးပါ ။ gtalk မှာ ပုံလေးတွေကို Auto ပြောင်းပေးပါတယ်။ ပုံလေးတွေ တစ်ပုံနဲ့ မလုံလောက်သူများ ထည့်ချင်သူများအတွက် အသုံးဝင်တဲ့ ဆော့ဝဲလ်လေးပါ ။
အသုံးပြုပုံကတော့ လွယ်ပါတယ် ။
ဆော့ဝဲလ်ကို Install လုပ်ပြီး ရင် သုံးလိုရပါပြီ အောက်မှ ဆက်ကြည့်ပေးပါ ။




gtalk shell ဆော့ဝဲလ်လေးဒေါင်းလို့ ရလာပြီဆိုရင် အခုလိုလေးပေါ်နေပါမယ် အဲ့မှာ shell ကိုနှိပ်ပေးလိုက်ပါ ။ နောက်ပေါ်လာတဲ့ ဘားမှာမှ Option ကိုရွေးလိုက်ပါ ။




Option ကိုနှိပ်ပြီးပါက ပုံအတိုင်းပေါ်လာရင် Add ကိုဆက်နှိပ်ပြီး လိုချင်သောပုံများကို ရွေးပေးပါ ။ မိမိစိတ်ကြိုက်ပုံများထည့်ပြီးပြီဆိုရင် Ok ကိုနှိပ်လိုက် အဲ့တာဆိုရင် မိမိ gtalk လေးဟာ ပုံလေးတွေ တစ်ခုပြီးတစ်ခု Auto ချိန်းနေမှာ ဖြစ်ပါတယ် ။ အားလုံး အဆင်ပြေကြပါစေခင်ဗျာ ။





Download Link ;;


Gtalk Shell





. Read more!

mp3converter_installer_g.exe

Saturday, 23 July 2011

.






audio file ကနေ mp3 ပြောင်းတဲ့ converter software လေးပါ ကျနော်မနေ့က လိုက်ရှာတော့ အတော်များများတွေ့ပါတယ် ဒီထဲမှာမှ ဒီကောင်လေးနဲ့ ပို အဆင်ပြေလို့ ပြန်တင်ပေးလိုက်တာပါ ။ တစ်ချို့နေရာနေမှာ player upload တင်ဖို့အတွက် audio file ကို လက်မခံတဲ့နေရာတွေရောက်ရင် ဒီကောင်လေးအသုံးပြုရင် အဆင်ပြေပါတယ် ။ သူငယ်ချင်းတို့ သုံးကြည့်လိုက်ပါ ဒီကောင်လေးက တော့
mpeg layer audio file ဆိုဒ်တွေကိုပါ ချုံ့ပစ်တဲ့အတွက် အဆင်ပြေဆုံးပဲလို့ ကျနော်ထင်ပါတယ် ။ အသံ
qualifications တွေကိုလည်း ပြန်ထိန်းထားပေးတဲ့အတွက် အဆင်ပြေပါတယ် ။ လိုချင်သူများ အောက်မှာ ဒေါင်းသွားကြပါ ။ အားလုံး အဆင်ပြေကြပါစေ ...



Download link ;;



portable-audio-converter-for-flac-mp3-wav-ogg-


http://www.ultimatumz.com/product.php


http://www.ultimatumz.com/download.php?downloadLink






. Read more!

RealPlayer Version: 14.0.5.660

Friday, 22 July 2011




 you tube video တွေ ကို ဒီ player လေးနဲ့ ဒေါင်းရင် အဆင်ပြေလို့ သူငယ်ချင်းတွေ သုံးချင်သုံးရအောင် တင်ပေးလိုက်ပါတယ် နောက်ဆုံးထွက် တဲ့   Version: 14.0.5.660 | File Size: 657KB | Updated: Jul 13, 2011  ဖြစ်ပါတယ် ။ အဆင်ပြေကြပါစေ ။


Download link ;

http://my.real.com/
 
 
 


 
Read more!

Mozilla Bookmarks Back up လုပ်နည်း

Friday, 15 July 2011




ကိုယ့်ကွန်ပျူတာမှာ အင်တာနက်သုံးတဲ့ သူများအတွက် မော်ဇီလာမှာ မှတ်သားထားတဲ

့Bookmarks တွေကို Backup လုပ်ပြီးသိမ်းထားတဲ့ နည်းလေးပါ..

တခါတလေ virus ကိုက်လို့ ပဲဖြစ်ဖြစ် ၀င်းဒိုးအသစ်တင်လို့ ပဲဖြစ်ဖြစ်

အဲဒီအခါမှာ မော်ဇီလာမှာမှတ်ထားတဲ့ Bookmarks တွေက ပျောက်ဆုံးသွားတတ်ပါတယ်..

အဲဒိလိုမပျောက်သွားစေဘဲ သိမ်းထားနိုင်ဖို့ အတွက် Bookmarks တွေကို

အပြင်ထုတ်ပြီး သိမ်းထားဖို့ နည်းလမ်းလေး ပြောပြချင်လို့ ပါခင်ဗျာ..

ပထမဆုံး မော်ဇီလာကိုဖွင့်လိုက်ပါ.. ပြီးတော့ အပေါ်ဆုံးဘားလေးက Bookmarks

ဆိုတာလေးကို တချက်နှိပ်ပေးပါခင်ဗျာ.. ပြီးတာနဲ့ အောက်ကပုံမှာပြထားသလို

organize bookmarks ဆိုတာလေး နှိပ်လိုက်ပါ..အောက်ကပုံမှာ မြှားနဲ့ပြထားပါတယ်ခင်ဗျာ..






အဲဒါလေးကို နှိပ်ပြီးသွားရင် box အသစ်တစ်ခုပေါ်လာပါလိ့မ်မယ်. အဲဒီ box ရဲ့ 

အပေါ်ဆုံးမှာ ရှိတဲ့ import and backup ဆိုတာက တချက်ထပ်နှိပ်ပေးပါ..

အောက်ကပုံလေးအတိုင်း ဘောက်သေးသေးလေး ကျလာပါလိမ့်မယ်..





အဲဒီထဲကမှ export HTML ဆိုတာကို နှိပ်ပေးလိုက်ပါ.. သိမ်းဆည်းမယ့်နေရာကို မေးပါလိမ့်မယ်။

မိမိသိမ်းချင်သော နေရာ(သို့မဟုတ်) USB stick ထဲ ထည့်သိမ်းထားလည်း ရပါတယ်။


Export ဆိုတာကတော့ ကိုယ့်ဆီမှာ ရှိနှင့်ပြီးသား bookmarks တွေကို

တနေရာထုတ်ပြီးသိမ်းဆည်းထားဖို့အတွက်ပါ..

Import ဆိုတာကတော့ ၀င်းဒိုးအသစ်တင်ပြီးလို့  မော်ဇီလာကို run ပြီးသွားရင် အဲဒီ bookmarks

တွေကို ပြန်ထည့်ဖို့ အတွက်ပါ...

လောလောဆယ် ရှိပြီးသားတွေကိုသိမ်းမှာဖြစ်တဲ့ အတွက် export HTML ဆိုတာကို နှိပ်ပေးပါ..

အဲဒီအခါမှာ သိမ်းရမယ့်နေရာကို ပြပေးတဲ့ box တခုကျလာပါလိ့မ်မယ်..

အဲဒီကနေတဆင့် မိမိသိမ်းချင်တဲ့ နေရာမှာ bookmark HTML ဆိုတဲ့ အမည်လေးနဲ့ ဖိုင်တခုကို သိမ်းထားလိုက်လို့ ရပါပြီခင်ဗျာ..

အဲဒါလေးကို တော့စိတ်ချရမယ့်နေရာမှာ သိမ်းထားဖို့ လိုတာပေါ့..

နောက်ထပ် ၀င်းဒိုးတင်ပြီးလို့ မော်ဇီလာကို install လုပ် ပြီးရင်တော့ အဲဒီ

ဖိုင်လေးကို ပြန်ထည့်ပေးရပါတယ်.. အဲဒါမှ အရင် bookmarks အဟောင်းတွေကို

ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ..သိမ်းထားတာတွေကိုပြန်

ထည့်ပေးဖို့ ကလည်း မခက်ပါဘူး..

ခုနကပြောသလိုပဲ organize ကနေသွားပြီး import HTML

ဆိုတာကိုရွေးလိုက်ပါ..အဲဒီခါမှာ from HTML ဆိုတာလေးကို select လုပ်ပြီးသား

box လေး တခုပေါ်လာပါလိမ့်မယ်.. next ကိုထပ်နှိပ်ပြီး

ယခင် မိမိတို့ သိမ်းထားတဲ့ bookmark HTML ဖိုင်လေးကို ရွေးပြီး open

လုပ်ပေးလိုက်ရင် အရင် bookmarks အဟောင်းတွေက အသစ် install လုပ်ထားတဲ

့မော်ဇီလာ ထဲကို အလိုလိုရောက်နှင့်နေပြီး ဖြစ်ပါလိ့မ်မယ်..


bookmarks တွေများလွန်းလို့ မမှတ်မိသူတွေအတွက် ဒီလိုမျိုးလေး backup

လုပ်ပြီး သိမ်းဆည်းထားခြင်းဖြင့် ၀င်းဒိုး အသစ်တင်တာပဲဖြစ်ဖြစ်

တခြားအကြောင်းတခုခုကြောင့်ပဲဖြစ်ဖြစ် မိမိစက်ထဲက bookmarks

မှတ်သားထားတာတွေကို မဆုံးရှုံးနိုင်တော့ဘူးပေါ့.

@ Forever Friends





Read more!

Blogs မှာ copy မရတာကို ရအောင်လုပ်မယ်

ဒါကတော့ Blog တွေကို ၀င်လိုက်ရင် Right Click Disable ဖြစ်နေတာတို့ စာသားတွေကို Select လုပ်

လို့မရတာတို့ ကြုံဘူးကျမှာပေါ့ ဓာတ်ပုံတွေကို Download လုပ်ခြင်ပေမဲ့ မရတာတို့ပေါ့ ဒါတွေကို

ဖြေရှင်းရမဲ့ နည်းလမ်းက အခက်ကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်ကူးချင်ပြီး ကူးလို့မရတဲ့ Blog ကို

Browser (Internet Explorer,Firefox,Chrome) မှာ File-Save Page as ကိုနှိပ်ပါပြီးတော့

Desktop မှာ save ပေါ့။ ပြီးတဲ့ အခါမှာ Desktop ကိုသွားပြီး Download ရလာတဲ့ Blog page လေးကို

Right click - Open with Microsoft Word ကိုနှိပ်လိုက်ပါ. အေးအေးဆေးဆေး copy လို့ရပါပြီး။

Font တွေမတူဘူးဆိုရင် အားလုံး Select မှတ်ပြီး Font မှာ zawgyi or myanmar 3 ကိုပြောင်းလိုက်ပေါ့။

ဒီ Blog က ပုံတွေကိုပါ Save ထားတဲ့ Desktop မှာ Folder လေးတဲ့ ဒီ Blog ရဲ့နာမည်နဲ့ တွေ့ပါမယ်။

အဲဒီအထဲမှာ Blog ထဲက ပုံတွေရော Script တွေရော အစုံပလုံကို အေးအေးဆေးဆေး ရယူလို့

ရပါတယ်။ Read more!

Connection ကျနေစဉ် G talk , G mail ဖွင့်လို့ရတဲ့နည်းလေးပါ

Tuesday, 5 July 2011

အဖွဲ့ဝင်များအား Connection ကျနေစဉ် G talk, G mail ဖွင့်နိုင်စေရန်ရည်ရွယ်ကာပို့ခြင်းဖြစ်သည်.
Gmail ဖွင့်လိုလျှင်-
-mozilla ကို ဖွင့်ပါ။
-mozilla ထဲက Tools ကိုဖွင့်ပါ။
-Tools ထဲက Options ကိုနှိပ်ပါ။
-Options ထဲက Advanced ကိုနှိပ်ပါ/
-Advanced ထဲက settings ကိုနှိပ်ပါ။
-Settings ထဲက manual poxy ကို နှိပ်ပါ။
-manual poxy အောက်တွင် HTTP poxy ပေါ်လာလိမ့်မည်။ ပေါ်လာလျှင်HTTP poxy box တွင်
212.93.193.72 ကိုရိုက်လိုက်ပါ။ ဘေးက Post box တွင်
443 ကိုရိုက်ထည့်လိုက်ပါ။
*အားလုံးပြီးသွားလျှင် OK နှင့်ထွက်လိုက်ပါ။
ဒါဆို ရင် Gmail ဖွင့်လို့ရပါပြီ။

Gtalk ဖွင်လိုလျှင်- gtalk settings ထဲဝင်ပြီး connection ကိုနှိပ်ပါ။ ပြီးရင် use the following poxy ကိုနှိပ်
Host box မှာ 212.93.193.72 ကိုရိုက်ထည့်လိုက်ပါ
post box မှာ 443 ကိုရိုက်ထည့်လိုက်ပါ။
ပြီးရင် Gtalk ၀င်လို့ရပ်ပြီ။

************ သူငယ်ချင်းတို့ CONNECTION ကျခြင်းမှကင်းဝေးပါစေ************
poxy no. နေရာမှာ 212.93.193.72 ဆိုတာအပြင်... 212.93.193.82
,212.93.193.83, 212.93.193.84, block.appleak.net တို့ကို အဆင်ပြေသလို့
အစားသုံးသွားလို့ရပါတယ်။ prot ကတော့ 443 ပဲဖြစ်ပါတယ်.........

မြန်မာပြည်က လူများအတွက်တော့တော်တော်လေးအသုံးဝင်ပါလိမ့်မယ်ခင်ဗျာ။




@ ဇွဲကပင်မြေ Read more!
K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG