............................................................ ..........

DVD / Video Player And Conversion Software

Thursday, 31 March 2011

dvd /video player ရှာဖွေနေသော ညီအကို များအတွက် dvd player လေးတွေ စုစည်းတင်ပေးလိုက်ပါတယ် 
file  site လည်းမများလို့ အဆင်ပြေမယ် ထင်ပါတယ် 
အောက်မှာဒေါင်းယူသွားကြပါ ။

DOWNLOAD LINK ;

(1)Details for Cliprex DVD Player Professional
PropertyValue
NameCliprex DVD Player Professional
FilenameCdvd.exe
Filesize2.32 MB
Filetypeexe (Mime Type: application/x-executable)
Hits1238704 Hits

(2)Details for Free DVD Decoders
PropertyValue
NameFree DVD Decoders
Filenamefdvdcodecs.exe
Filesize576.97 kB
Filetypeexe (Mime Type: application/x-executable)
Hits255285 Hits


(3)Details for Cliprex DS DVD Player
PropertyValue
NameCliprex DS DVD Player
FilenameCliprexdsfree.exe
Filesize2.06 MB
Filetypeexe (Mime Type: application/x-executable)
Hits169810 Hits

(4)Details for Cdivx Player
PropertyValue
NameCdivx Player
FilenameCdivx.exe
Filesize2.12 MB
Filetypeexe (Mime Type: application/x-executable)
Hits45437 Hits


(5)Details for Cliprex DVD Ripper
PropertyValue
NameCliprex DVD Ripper
FilenameCdvdr.exe
Filesize9.58 MB
Filetypeexe (Mime Type: application/x-executable)
Hits21806 Hits

(6) Cliprex DVD Player Professional



(7)Cliprex DS DVD Player


(8)Cliprex DVD Ripper


(9)Cdivx Player




(10)Cliprex Video Software



    DOWNLOAD LINK '' FREE VIDEO SOFTWARE ;

    1. Download Free Video Software


     မိမိကြိုက်နှစ်သက်ရာ စမ်းသုံးကြည့်ကြပေါ့ အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ...


    ORIGINAL LINK ; http://www.cliprex.com/dvdplayer.html




     
    Read more!

    How to do click link to open new window

    မင်္ဂလာပါ ၊၊ ၊၊ ဘလော့ လာရောက်လည်ပတ်သော မိတ်ဆွေများ ခင်မျာ အခြား အကြောင်းရာတွေ ရေးနေတာနဲ့ ဘလော့နဲ့ ပတ်သတ်ပြီး နည်းပညာတွေ မရေးတာကြာနေပါပြီ B-) အခုတော့ ရှာတွေ့တာလေ တစ်ခုပေါ့ ကျနော်တို့ ဘလော့မှာ ဒေါင်းလော့ ပေးတဲ့အခါ မှာသော်၎င်း အခြားသော လင့်လေးတွေ ညွှန်းချင်တဲ့ အခါမှာတွေ ဖြစ်တတ်တဲ့ သဘောလေးပေါ့ ဘယ်လိုလဲဆိုရင် ဥဗမာ ကျနော် ဘလော့ ပို့တစ်ခုရေးလိုက်ပြီ ဆိုပါတော့ လင့်လေးတစ်ခု ညွှန်းလိုက်တယ်ဗျာ အေ့လင့်ကိုနှိပ်လိုက်တော့ window အသစ်နဲ့ မသွားပဲ လက်ရှိ ဘလော့ ကနေ ဒါရိုက် သွားလေရော အဲ့ဒီအခါမှာ မိမိ လော့ ကို ပြန်ပြီး ဖွင့်နေရတာ အလုပ်တစ်ခုလို နောက်ပြီး black ပြန်နေရတာ တွေ က တယ်လည်း အလုပ်ရှုပ်တယ်ဗျာ ....အဲ့တော့ လင့်ကိုနှိပ်လိုက်ရင် မိမိဘလော့ ကျန်ခဲ့ပြီး window အသစ်နဲ့ သွားစေချင်ရော အဲ့အတွက် ကျနော် ရှာဖွေတွေ့ရှိတာလေးပေါ့ လင့်ကိုနှိပ်လိုက်ရင် window အသစ်နဲ့ သွားတဲ့နည်းလေးပါ ။ မိတ်ဆွေတို့အတွက် ပြန်လည်မျှဝေလိုက်ပါတယ် အောက်မှ အတိုင်း တစ်ဆင့် ခြင်းလုပ်သွားသွားပါ ။

    1. Layout ကိုသွားပါ
    2. Edit HTML ကိုနှိပ်ပါ 
    3. HTML ထဲမှာ အောက်မှ Code ကိုရှာပါ
    4. <head>
    5. တွေ့ပြီဆိုရင် အောက်ပါ code ကို copy ကူးယူပြီး <head> အောက်မှာ ကပ်ထည့်လိုက်ပါ

    <base target='_blank'/>



      6. Save Template ကိုနှိပ်ပါ 



    နောက်မိမိဘလော့ကိုသွားပြီး ညွှန်းထားတဲ့ လင့်လေးကို နှိပ်ကြည့်ပါက window အသစ်နှင့် သွားတာကို မြင်နေရပါမည် ။





    အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ  B-)













    Read more!

    Advanced_SystemCare_ Software

    Thursday, 24 March 2011



    computer ကိုလွယ်ကူစွာ scanning လုပ်ရာတွင် လွယ်ကူတဲ့ ဆော့ဝဲလ်လေးပါ ။ computer ကျန်မာရေး ဆော့ဝဲလ်လို့ပြောလို့ရပါတယ် ...file size လည်းသိပ်မများပါဘူး လိုချင်သူများအောက်မှာဒေါင်းယူကြပါ ....အားလုံးအဆင်ပြေပါစေ ...


    DOWNLOAD LINK ;



     

     

    Read more!

    HJ Split ဖြင့် ဖိုင်ဆက် / ဖိုင်ပိုင်း ဖြတ်နည်း

    Saturday, 19 March 2011

    ကျွန်တော်အခု အခွေတွေ၊ဖိုင်တွေကိုဖြတ်တယ်၊ ဆက်တဲ့နေရာမှာ သုံးတဲ့ FFSJ ဆိုတဲ့ ဖိုင် Splitter and Joiner အကြောင်းလေးပြောပြသွားပါမယ်။သူမှာ Splitting / Joining / MD5 Checksum ဆိုတဲ့အပိုင်း ၃ ပိုင်းရှိပါတယ်။ ဒီထဲကမှ ကျွန်တော်တို့အသုံးပြုနေရတဲ့ ဖိုင် Splitting နှင့် Joining အကြောင်းလေးကို အဓိကထားရှင်းပြပေးပါမယ်။

    • ဖိုင်ဖြတ်ခြင်း ( Splitting ) 


                                  

                                  (ပုံ-၁)

    အရင်ဦးဆုံး FFSJ ဆိုတဲ့ ဖိုင် Splitter and Joiner လေးကိုဖွင့်လိုက်ရင် အခုလိုမျိုးမြင်ရပါမယ်။ ဖိုင်ဖြတ်မယ်ဆိုတော့ Splitting ကိုရွှေးချယ်ပေးပါ။ ပြီးတဲ့အခါ ပုံမှာပြထားသလို မိမိဖြတ်မည့် ဖိုင်ရှိရာကို ထပ်မံရွှေးချယ်ပေးရပါမယ်။(ပုံ-၁)


     
     

                                            (ပုံ-၂)

     အခွေတစ်ခွေကို ရွှေးချယ်ပေးလိုက်ပါတယ်။ပြီးရင် Open ကိုနှိပ်ပါ။ (ပုံ-၂)

     
                                          (ပုံ-၃)


     မိမိဖြတ်မည့်ဖိုင်ရွှေးပြီးသည်နှင့် အခုလိုမျိုးတွေ့ရပါမည်။ ဖိုင်ဖြတ်ပြီးတဲ့အခါ ထွက်လာမဲ့ ဖိုင်အဆက်တွေကို ဘယ်နေရာမှာ ထားမှာလဲဆိုတာ Output directory မှာဝင်ပြင်ဆင်နိုင်ပါတယ်။ တကယ်လို့ အခုလုပ်နေဆဲဖိုင်ထဲမှာဆက်ထားမယ်ဆိုရင်တော့ ဘာမှပြောင်းလဲမှုလုပ်စရာမလိုအပ်ပါဘူး။

    Split after every ဆိုတဲ့နေရာမှာ မိမိဖြတ်ချင်တဲ့ File size ပမာဏကို ထည့်ပေးရပါမည်။ ဥပမာ 45.00 Mega bytes

    Encrypt data ကို Click ပေးထားမယ်ဆိုရင်၊ မိမိဖြတ်မည့်ဖိုင်ကို Password ရိုက်ထည့်ပေးမှ ဖွင့်လို့ရမည့်သဘောပါ။ (ပုံ-၄) ကလိုမျိုး Password တောင်းတဲ့ Box လေးထွက်လာပါမည်။ အကယ်လို့ Encrypt data နေရာမှာ Unclick လုပ်ထားမယ်ဆိုရင်တော့ Password box မထွက်လာသလို၊ ထွက်လာမည့် ဖိုင်အမျိုးအစားကလည်း၊ .*__a,.*__b မဟုတ်တော့ပဲ ပုံမှန် HJ ဆော့ဝဲလ်နဲ့ ဆက်နေကျဖြစ်တဲ့ .*001 ,.*002 ဖိုင်တွေဖြစ်သွားပါမည်။

    Delete Source file after splitting ကတော့ မိမိဖိုင်ဖြတ်ပြီးတာနဲ့ ဒီဖိုင် ဖျက်ပြစ်ခြင်းပါ။ Unclick လုပ်ထားတာ ကောင်းပါတယ်။ ကျွန်တော်တို့ အတွက် အသုံးမ၀င်ပါဘူး။

    ပြီးပြီဆိုရင်တော့ Spilt ကိုနှိပ်ပြီး၊ ဖိုင်တွေ စဖြတ်ပါ။




                

                             (ပုံ-၄)

     ဖိုင်တွေစဖြတ်ဖို့ Split ကိုနှိပ်လိုက်တာနှင့်၊( Encrypt data မှာ Click လုပ်ထားမယ်ဆိုရင်) ဒီလို Password တောင်းသည့် Box ထွက်လာပါမယ်။ Password Box မှာ မိမိဖိုရမ်နာမည်ရိုက်ထည့်ပေးပါ။ Show Password ကို Click လုပ်ပြီးရိုက်တာကတော့၊ တစ်ခါတစ်လေ မြန်မာလက်ကွက်နှင့် အင်္ဂလိပ်လက်ကွက်ပြောင်းထားတဲ့အချိန်မျိုးမှာ မိမိရိုက်ထည့်လိုက်တာ http://www.myanmarfamily.org/ ဆိုတာ မှန်မမှန် ကြည့်လို့ရနိုင်အောင်ပါ။ စာလုံးပေါင်းမှန်ပြီဆိုရင် OK ကိုနှိပ်ပါ။ (ပုံ-၄)


                           

                                    (ပုံ-၅)
      

    ဖိုင်ဖြတ်နေပါပြီ။ ခဏစောင့်ပါ။(ပုံ-၅)
     



     

                                  (ပုံ-၆)
     

    အခုဆိုရင် ဖိုင်အားလုံးပေါင်း ၅ ဖိုင်ရကြောင်းနှင့်ပြီးစီးကြောင်း ပြောပါမည်။ OK နှိပ်ပေးပါ။ (ပုံ-၆)



                                                        (ပုံ-၇)
     

    Output ဖိုင်ထဲကို သွားကြည့်ရင် File type ကအနီနဲ့ဝိုင်းထားသလိုမျိုး၊တွေ့ရပါမည်။ အကယ်လို့ Password မခံထားရင်တော့ file type က .*001,.*002 ဖြစ်နေပါမည်။ ဒါဆိုရင် ဖိုင်ဖြတ်ခြင်း အပိုင်းပြီးစီးပါပြီ။ (ပုံ-၇)


    • ဖိုင်ပြန်ဆက်ခြင်း ( Joining )


                                            (ပုံ-၁)
     

    ဖိုင်ဆက်မယ်ဆိုရင်တော့၊ Joining ကိုရွှေးချယ်ပေးပါ။ ပုံမှာဖော်ပြထားတဲ့အတိုင်း၊ မိမိဆက်မည်ဖိုင်ကိုရွှေးချယ်ပေးပါ။(ပုံ-၁)





    Output file ကတော့ပြန်ထွက်လာမည့် ဖိုင်ကို ဘယ်နေရာမှာ ထားမလဲဆိုတာရွှေးပေးခြင်းပါ။ ဒီဖိုင်ထဲမှာပဲ ဖြည်မယ်ဆိုရင်တော့ ဘာမှပြောင်းလဲမှု လုပ်စရာမလိုအပ်ပါ။ ပြီးရင်တော့ Join ကိုနှိပ်ပေးပါ။ Password တောင်းပါမည်။ ရိုက်ထည့်ပေးပါ။ (ပုံ-၃) 


                                                 (ပုံ-၄)
     

    ဖိုင်ဆက်နေပါပြီ။ ခဏစောင့်ပါ။(ပုံ-၄) 


                                                              (ပုံ-၅)
     

    အခုဆိုရင် ဖိုင်တွေ အားလုံးဆက်ပြီးကြောင်း ပြောပါမည်။ OK ပေးလိုက်ရင် ဖိုင်ဆက်ခြင်း လုပ်ငန်းပြီးဆုံးပါပြီ။(ပုံ-၅)


    • အခြေခံသိသွားရင် နောက်တစ်နည်းကတော့ ...


    ဖိုင် ဖြတ်မယ်ဆိုရင် အစိမ်းရောင်နဲ့ ၀ိုင်းထားတဲ့ အခွေဖိုင်ပေါ် Right click လုပ်လိုက်ပါ။
    ဖိုင်ဆက်မယ်ဆိုရင် အနီရောင်နဲ့ ၀ိုင်းထားတဲ့ အထဲက အပေါ်ဆုံး .mkv.__a ပေါ် Right click လုပ်ပြီး menu ဘားခေါ်လိုက်ပါ။




     


    ဒါဆိုရင် ဖိုင်ဖြတ်မယ်ဆိုရင် Split ကိုရွှေးပေးပါ။ ဖိုင်ဆက်မယ်ဆိုရင် Join ကိုရွှေးပေးပါ။ ဒါဆိုရင် ဆော့ဝဲလ်ဖွင့်ပြီး၊ မိမိဆက်ချင်၊ ဖြတ်ချင်တဲ့ ဖိုင်တွေကို တစ်ကုတက လိုက်ရှာနေစရာမလိုပဲ အဆင်ပြေသွားပါမည်။



    001 , 002 ဖိုင်တွေကိုလည်း ဒီကောင်လေးနဲ့ ဆက်လို့၊ဖြတ်လို့ ရပါတယ်။ HJ နဲ့အတူတူပါပဲ၊ သူကတစ်ခုသာသွားတာ Password ပါပေးလို့ရပါတယ်။

    ပုံတွေမပြတ်မသား၊ မပေါ်ခဲ့ရင် ဒီမှာ pdf ဖိုင်လေးယူသွားလိုက်ပါ။ Password က http://www.myanmarfamily.org/ ပါ။

    ဆော့ဝဲလ်ဒေါင်းလော့ယူရန်နှင့် မရှင်းတာရှိနေသေးရင် သူ့ရဲ Homepage မှာသွားရောက်လေ့လာနိုင်ပါသေးတယ်။

    အားလုံးအဆင်ပြေပါစေ...

     
    မူရင်း @ by WWW.Myanmarfamily.Org


                                                        DOWNLOAD LINK SOFTWARE ;





     
    (ဒါလေးကတော့ Delete split parts after joining နဲ့ဆိုင်တဲ့ဗဟုသုတလေးပါခင်ဗျာ။ ဒီလိုမျိုးကြုံခဲ့ရင်ဖြေရှင်း တတ်အောင်ပါ။ )
    [Delete split parts after joining ကို Click လုပ်ထားမယ်ဆိုရင်၊ ဖိုင်တွေ အားလုံးဆက်ပြီးတာနှင့်၊ အလိုအလျှောက် ဖိုင်အပိုင်းတွေကို ဖျက်ပေးသွားတဲ့ စနစ်ပါ။ Unclick လုပ်ထားမယ်ဆိုရင်တော့၊ မိမိဘာသာ ဖျက်ပေးရမှာပါ။ ကျွန်တော်အကြံပေးချင်တာကတော့ Unclick လုပ်ထားတာကောင်းပါတယ်။ တစ်ခါတစ်လေ Download ချရတဲ့ ဖိုင်အရေအတွက် များတဲ့အခါ၊ အပိုင်းတစ်ပိုင်းကပ်လိုနေတာကို မသိလိုက်ပဲ၊ အမှတ်တမဲ့ ဖိုင်ဆက်လိုက်ပါတယ်။ သူက Winrar လိုတော့ ဖိုင်လိုနေတယ်ဆိုပြီး၊ မဖော်ပြဘူး။ သူ့တာဝန်အတိုင်းတစ်ဖိုင်ခြင်းဆက်သွားမှာပါ။ ဒါပေမဲ့ အခွေကြည့်တာ၊ ဖိုင်ပြန်ဖွင့်ရင် ဖိုင်အပြည့်မပါတဲ့ Error ပြပါမည်။ ဒီဆော့ဝဲလ်က ဖျက်ပေးလိုက်တဲ့ ဖိုင်အပိုင်းတွေကို Recycle Bin မှာသွားရှာလို့မရပါဘူး။ ဒီလိုအချိန်မျိုးမှာ လိုအပ်တဲ့ဖိုင်ကို ဒေါင်းပြီးသွားပြီး၊ ပြန်ဆက်ဖို့ အပိုင်းတွေပြန်ရှာမရရင်၊ အခုဆက်ထားတဲ့ ဖိုင်ကို သူ့မှုလခဖွဲထားတဲ့ File size (…mb) အတိုင်း၊ Split ပြန်လုပ်ပေးလိုက်ပါ။ ဒါဆိုဖိုင်အပိုင်းတွေ ပြန်ထွက်လာပါမည်။]

                                                (ပုံ-၂)
     
    a,b,c,… စတဲ့ဖိုင်တွေအားလုံး ထဲက a ကိုပဲရွှေးရမှာပါ။ 001 ဖိုင်ဆိုရင်တော့ 001 ပဲရွှေးရပါမည်။(ပုံ-၂)
     


                                             (ပုံ-၃)
    Read more!

    Magic.Burning.Studio software


    ခွေထုတ်ချင်သူများအတွက် burning ဆော့ဝဲလ်လေးတင်ပေးလိုက်ပါတယ် ။ DVD , VCD အပြင် အခြားကလိ စရာတွေပါ ရှိပါသေးတယ် လိုချင်သူများအောက်မှာ ဒေါင်းသွားကြပါ ...သူ့ရဲ့ ဆာရီကုဒ်တွေပါ ထည့်ပေးလိုက်ပါတယ် အဆင်ပြေမယ်လို့ထင်ပါတယ် ...

    DOWNLOAD LINK ;

    Read more!

    LogoCreator5.2MegaPackPortable - software

    Tuesday, 15 March 2011


    လိုဂို ဆော့ဝဲလ် ဒီဇိုင်းဆန်းလေး ထပ်တွေ့လို့တင်ပေးလိုက်ပါတယ် ...ဖိုင်ဆိုဒ်များနေတော့ upload တင်နေရတာကြာနေတော့ အခုမှပဲတင်ဖြစ်တော့တယ် ။LogoCreator5.2MegaPackPortable - software ကတော့ logo ကို ဒီဇိုင်းဆန်းဆန်းလေး လုပ်ရာမှာအတော် အဆင်ပြေပါတယ် ...ဖိုင်ဆိုဒ်တော့ နည်းနည်းများတယ်နော် ... ၁၇၀ မတ် ကျော်တယ် အဆင်ပြေစွာ ဒေါင်းလို့ရအောင် လုပ်ပေးထားပါတယ်.. .  အဆင်ပြေမယ်လို့လည်း ထင်ပါတယ် ။
    အောက်မှာ ဒေါင်းသွားကြပါ ။ ဒေါင်းလော့လင့်တွေထဲက မိမိနှင့်သင့်တော်တဲ့ လင့်အဆင်ပြေတဲ့လင့်ကနေဒေါင်းသွားကြပါ ....အဆင်ပြေကြပါစေ ။



    DOWNLOAD LINK ;





    {အထူးမေတ္တာရပ်ခံချက်}


    အဲကြုံတုန်းပြောရဦးမယ်ဗျာ ။ ကျနော် ဘလော့မှာတင်ထားတဲ့ ဆော့ဝဲလ်တွေက ကျနော်ကိုယ်တိုင်သုံးကြည့်ပြီး အဆင်ပြေမှ ပြန်တင်ပေးတာပါ ။ ရမ်းစမ်းပြီးတင်ပေးခြင်းမဟုတ်ပါဘူး ။ တကယ်အသုံးတည့်မယ်ထင်လို့ ...ရှာဖွေတွေ့ရှိတာတွေကို ...ဘလော့ လာလည်သော ဧည့်သည်/ မိတ်ဆွေများ ပြန်လည်အသုံးပြုစေချင်လို့ စေတနာနဲ့တင်ပေးတာပါ ။ ပြန်လည်ကူးယူထားတာမပါပါဘူး ။ တကယ်လို့ ဘလော့လာလည် ဧည့်သည် /မိတ်ဆွေများ ပြန်လည်တင်ချင်ပါက .. ဒီဆော့ဝဲလ်တွေကို ဒေါင်းလော့ချပြီး မိမိဘာသာ upload ပြန်တင်ပြီး ကိုယ်ပိုင်လင့်လေးတွေကို ရှင်သန်စေချင်ပါတယ် ။ ကျနော်ဆီက upload တင်ပြီးသားလင့်တွေကို ပြန်ပြီး copy ကူးယူပြီး တင်ပေးခြင်းကို မလုပ်ပြုလုပ်ကြပါရန် အထူး မေတ္တာရပ်ခံ တောင်ပန်ပါတယ် ...


    အားလုံးအဆင်ပြေကြပါစေခင်ဗျာ ...







    Read more!

    4Windows7_full_Glass.exe software


    သူငယ်ချင်းတို့ computer မှာ မော်နီတာကို ကြည်ကြည်လင်လင်လေး အတက်က ပုံလေးလို မမြင်ချင်ဘူးလား အဲ့လိုကြည်လင်နေတော့ ကြည့်ရတာ စိတ်ချမ်းသာတယ်မဟုတ်လား ..စိတ်ချမ်းသာသာပေါ့ဗျာ ...ကဲ ဟုတ်ပြီ အဲ့လိုကြည်လင်စေဖို့ ကျနော်က ဆော့ဝဲလ်လေးတစ်ခု လက်ဆောင်ပေးမယ်ဗျာ ...မယူချင်ဘူးလား ... အားဘယ်လိုပြောလိုက်ပါလိမ့် အလကားရတာပဲ ယူချင်တာပေါ့် ... ဟုတ်ကဲ့ပါ .. မော်နီတာကို backgroung ပြောင်းတော့ မှိန်မှိန်နေလို့ ကျနော်လည်းတနေ့က klang သွားတုန်းဆိုင်မှာမေးပြီး မော်နီတာကို ဆေးတဲ့ ဆော့ဝဲလ်လေးမေးကြည့်တော့ ဒီကောင်လေးညွှန်းလိုက်တယ်ဗျာ အဲ့တာနဲ့ဝယ်လာပြီး စမ်းသုံးကြည့်တော့ အားပါ အလွန်ကောင်းတယ်ဗျ ပစ္စည်းကောင်းလေးရတော့ သူငယ်ချင်းတွေ သုံးစေချင်လို့ ပြန်တင်ပေးလိုက်တယ်ဗျာ ...လိုချင်သူများ အောက်မှာဒေါင်းသွားလိုက်ကြပါ ... စမ်းချင်သပဆိုရင်လည်း backgroung ပုံလေးတွေ ရှာပြီးတင်ပေးလိုက်ပါတယ် ။ တစ်ခါတည်းသာ ဒေါင်းသွားပြီး စမ်းလိုက်ကြပါ ....ဒေါင်းလို့ အဆင်မပြေ သူများရှိပါကလည်း comment မှာရေးထားခဲ့ပေးပါ ...အဲပြောဖို့ မေးသွားတယ် window xp အတွက်တော့မရပါဘူး 
    window 7 နဲ့ vista အတွက်လို့ပြောပါတယ် 
    window vista တော့ မစမ်းရသေးတော့ မသိသေးဘူး တကယ်လို့ ရတဲ့သူတွေရှိရင်လည်း ပြန်လည်ပြောကြပါဦး...

    DOWNLOAD LINK;

    Versions (1)
    4Windows7_full_Glass.exe (1 MB)
    Mar 15 by Klang ; ရွာစားလေး

    background.rar (10 MB)
    Mar 15 by klang ; ရွာစားလေး


    အားလုံးအဆင်ပြေကြပါစေခင်ဗျာ.... 







     
    Read more!

    ကွန်ပျူတာမှာ မျက်နှာပြပြီး Log in ၀င်လို့ ရတဲ့ ဆော့ဝဲလ်






    ထူးထူးခြားခြား ကွန်ပျူတာမှာ မျက်နှာပြပြီး Log in ၀င်လို့ ရတယ်တဲ့ 


    အနော်တို့  ..ကွန်ပျူတာများမှာ
    ပုံမှန် ဆို Log in ၀င်ရင် User name & Password ရိုက်ပြီးဝင်ရပါတယ်
    အခုတော့ Web Cam မှာ ကိုယ့်မျက်နှာပြပြီး ၀င်ရတယ်ဆိုပဲ
    Password တွေမရိုက်ရပဲ မျက်နှာပြ..၊ကိုယ့်မျက်နှာ ဟုတ်တယ်ဆိုမှ ၀င်းဒိုးပွင့်တယ်ဆိုတော့ အဆန်းသားပဲဗျ
    ဒီဆော့ဖ်ဝဲ အကြောင်းသိချင်ရင်တော့ ဒီအောက်ကလင့်ခ် မှာသွားကြည့်ကြပေတော့

    http://www.ghacks.net/2010/09/05/free-face-recognition-"software-bli...

    သုံးချင်တဲ့သူတွေကတော့ ဒီအောက်ကလင့်ခ် မှာ လေ့လာပြီး အလကား သွားယူနိုင်ကြပါတယ်

    http://luxand.com/blink/


    မိမိကိုယ်ပိုင် ကွန်ပျူတာမှာပဲ သုံးသင့်ပါတယ်..ခင်ဗျာ..
    အကြောင်းကြောင်းကြောင့် Web Cam ပျက်သွားရင်တော့ တိုင်ပတ်မယ်ဆိုပဲ..
    စမ်းသုံးကြည့်ကြပါ။

    Win vista & Win 7 အတွက်ပဲရပါတယ်
    32-bit & 64-bit ရွေးပြီးဒေါင်းကြပါ။

    @http://www.mcwaiyantgi.multiply.com/







    Read more!

    Facebook Background ပြောင်းနည်း



    Facebook Background ပြောင်းနည်း

    အဲ့ဒါကတော့ အခုပေးတဲ့လင့်ခ်လေးပါ ဆော့ဝဲလ်လေးဒေါင်းလိုက်ပါ..
    http://get-styles.com/

    ဒေါင်းလို့ရလာတဲ့ ဆော့ဝဲလ်လေးကို ကိုယ့်စက်မှာ ( ဆိုင်မှာသုံးနေတဲ့လူတွေ ဆိုရင်တော့ ကိုယ့် စတစ်နဲ့ သိမ်းထားဖို့အကြံပေးချင်ပါတရ် )  အင်စတောလုပ်ပါ ...........

    အင်စတောလုပ်ပြီးရင် သူက မော်ဇီလာကို ရီစတက်ချပါလိမ့်မရ် .......
    အဲ့ဒါပြီးရင် မော်ဇီလာပြန်ဖွင့်ပါ ........

    မော်ဇီလာ ပြန်ဖွင့်လိုက်ရင် မော်ဇီလာရဲ့ ညာဘက်ထောင့်နား ( Google Serch ) ဘေးမှာ ပုံလေးတစ်ခု တက်နေပါလိမ့်မရ် ( ပုံကတော့ အစိမ်းရောင်လေးနဲ့ မိကျောင်းလိုပုံစံ...... အလွယ်ပြောရရင် သူငယ်ချင်းတို့ ဒေါင်းတဲ့ဆော့ဝဲလ်ပုံလေးပါပဲ )

    အဲ့ဒါပုံလေးကို နှိပ်လိုက်ပါ ..........
    ပုံလေးကို နှိပ်လိုက်ရင် သူ့ဆိုက်ပြန်ကျလာပါလိမ့်မရ်  ........ အဲ့ဒီ့ထဲက ကိုယ်ကြိုက်တဲ့ ဘက်ဂရောင်းကို Selet ပေးလိုက်ပါ ......... အဲ့ဒါပြီးရင် သူက ဖေ့ဘွတ်ကိုသွားဖို့အတွက် ပုံနေရာမှာပြောပါလိမ့်မရ် ..... အဲ့ဒီ့နေရာကို နှိပ်ပြီးသွားလိုက်ပါ .............
    ( ၀င်ထားပြီးပြီဆိုရင်တော့ တန်းရောက်ပါလိမ့်မရ် ........ မ၀င်ရသေးရင် ပြန်ဝင်လိုက်ပါ ....... ပုံလှလှလေးနဲ့ ကိုယ့် Face Book Profile ကိုတွေ့ရပါလိမ့်မရ်)












    Read more!

    Uk-Logo Maker-2-web-full Version software

    Monday, 14 March 2011


    Logo Maker software လေးတစ်ခုပါ logo သမားများ စိတ်ကြိုက် တွေ့စေမယ့် ဆော့ဝဲလ်လေးပေါ့ဗျာ ... အရင် version တွေထက် အတော်လေးကောင်းပါတယ် ။ကျနော်လည်း ဒါလေးပဲသုံးပါတယ် .. သုံးကြည့်လိုက်ကြပေါ့ ကျနော် logo ဆော့ဝဲလ်တွေ အများထဲမှာ ဒီကောင်လေးပဲ ဘာမှ update လုပ်စရာဘာ ဆာရီကုဒ်မှ ထည့်စရာမလိုအောင် ရေရှည် အသုံးပြုလို့ ရမယ့် logo software လိုက်ရှာတော့ ဒီကောင်လေးကိုတွေ့တယ်ဗျာ ... အဆင်ပြေရင် သူငယ်ချင်းတွေ ပြန်တင်ပေးမယ်လို့ စိတ်ကူးပြီး သုံးကြည့်လိုက်တော့ အတော်လေးကောင်းတာနဲ့ မနေနိုင်ဘဲ ညတွင်းခြင်းပဲ တင်ပေးလိုက်ပါတယ် ။လိုချင်သူတွေ အောက်မှာဒေါင်းသွားကြပါ ။ လင့်အတွက် အဆင်မပြေခဲ့တဲ့ သူတွေရှိရင်လည်း comment မှာပြောထားခဲ့ပေါ့ ဘယ်သူမှ ဘာမှမပြောရင် ကျနော်က အဆင်ပြေတယ်လို့ပဲ မှတ်ယူလိုက်ပါတယ် ...အဆင်ပြေကြပါစေ...

     
    DOWNLOAD LINK ;
    Versions (1)
    file size.......LOGOMAKER.rar (71 MB)
    12:40 am by Klang ;ရွာစားလေး



    အားလုံးအဆင်ပြေကြပါစေခင်ဗျား  ...





      
    Read more!

    Media Player VLC-0.8.f-Win32.exe Software

    Sunday, 13 March 2011


    vlc-0.8.6f-win32.exe software . 
    media player တစ်ခုပါ video,mp3, mp4,ကြိုက်နှစ်သက်ရာဖွင့်လို့ရပါတယ် ...ကျနော်အရမ်းကြိုက်တဲ့ ဆော့ဝဲလ် media player လေးပေါ့ အတော်လေးကောင်းလို့ သူငယ်ချင်းတွေအသုံးပြုစေချင်တာလည်းပါတယ် အသုံးတည့်မယ်ထင်ပါတယ်ဖိုင်ဆိုဒ်ကတော့ ထုံးစံအတိုင်းပေါ့ မများပါဘူး 9 MB ပဲရှိတာပါ .အောက်မှာဒေါင်းသွားကြပါ ...အသုံးပြုပုံတော့ သိမယ်ထင်လို့မရေးပေးတော့ပါဘူး ...အောက်ကပုံလေးတွေကိုကြည့်ပြီးလုပ်ကြည့်ပေါ့ဗျာ ..အဆင်ပြေကြပါစေဗျာ 

      

    Download Link ;

    Versions (1)
    vlc-0.8.6f-win32.exe (9 MB)
    9:19 am by klang;ရွာစားလေး 
    အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျား...
     
    Read more!

    AltoMP3 CD Ripper software converter

    Friday, 11 March 2011


     မင်္ဂလာပါခင်ဗျာ ကျနော်ဒီနေ့ converter လေးတစ်ခုနှင့် မိတ်ဆက်ပေးချင်ပါတယ် ။
    AltoMP3 CD Ripper and Make Your Own MP3 converter လေးတစ်ခုပါ ။ AltoMP3 CD Ripper converter လေးကတော့ မိမိဆီမှာရှိတဲ့ audio CD , MP3 files တွေအဖြစ်ပြောင်းလဲရန်နှင် video တွေကိုလည်း mp3 file , wma , wav , mp4 file တွေကို ပြောင်းလဲပေးတဲ့ ဆော့ဝဲလ် converter လေးတစ်ခုပါ file size သိပ်မများတော့ ဒေါင်းရတာ အဆင်ပြေပါတယ် ။လိုချင်သူများအောက်မှာ ဒေါင်းသွားလိုက်ပါ 





    Download Link;


    အားလုံးအဆင်ပြေကြပါစေခင်ဗျား...




    Read more!

    CCleaner - Download Builds software

    Thursday, 10 March 2011



    ccleaner ပတ်သတ်ပြီး အကြိုက်တွေ့မယ့်သူရဲ့ Builds တွေရှာဖွေတွေ့ရှိသမျှစုစည်းပြီး တင်ပေးလိုက်ပါတယ် ccleaner နှင့်ပတ်သတ်ပြီး သူ့ရဲ့ အသုံးဝင်ပုံလေးကိုတော့ အရင်က"ဒီနေရာ"တင်ထားပေးဖူးပါတယ် အခုတော့ သူ့ထက်ကောင်းတာလေးတွေ တွေလို့ ပြန်တင်ပေးလိုက်ပါတယ် လိုချင်သူများအောက်မှာ ဒေါင်းသွားကြပါ ...file size လည်းသိပ်မများလို့ လွယ်ကူစွာဒေါင်းနိုင်ပါတယ် ။

    Download Link ;



    သူရဲ့နောက်ဆက်တွဲလေးတွေပါ လိုအပ်မယ်ထင်လို့ ဆက်တင်ပေးလိုက်ပါတယ် လိုချင်သူများလည်း အောက်မှာ ဒေါင်းနိုင်ပါတယ် ...

    အားလုံးအဆင်ပြေကြပါစေခင်ဗျား





    Read more!

    Download Winamp Media Player 5.6 Software

    Sunday, 6 March 2011


     Media Player လေးတစ်ခုပါ  Winamp Media Player 5.6 Software ကသုံးရတာ အဆင်ပြေလို့ပါ
     File size: 3.5 MB ပဲရှိတော့ ဒေါင်းရတာလည်း လွယ်ကူပါတယ် ။ ကျနော်စက်မှာ playerတွေ ခဏခဏဟန်းနေတော့ရှာရင်းတွေ့လို့ သူငယ်ချင်းတွေ သုံးရအောင် တင်ပေးလိုက်တာပါ ။ဒေါင်းချင်သူများအောက်မှာဒေါင်းသွားကြပါ ။

             Download link ;

      DOWNLOAD Winamp MEDIA PLAYER 5.6 HEAR

    အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ ...

    Read more!

    How To Do Addtoany sharing button for Blogger

    Friday, 4 March 2011


    ကျနော်တို့ ဘလော့မှာAddtoany sharing button လေးတပ်ထားချင်သူများအတွက် တင်ပေးလိုက်ပါတယ်  ။ Addtoany sharing button ကိုဘယ်လိုတပ်မလဲဆိုတော့ အရင်ဦးဆုံး

    http://www.addtoany.com/ ကိုသွားပါ ။ မိမိထည့်မယ့်နေရာကိုရွေးပါ ။ဥပမာ  for blogger ; for website ပေါ့ ကျနော်တို့က ဘလော့အတွက်ထည့်မှာဆိုတော့ blogger ကိုပဲရွေးပေးပေါ့ ။ အဲ့ဒီလိုရွေးပြီးတာနဲ့ blogger အတွက် code တွေကျလာပါလိမ့်မယ်။ အောက်ကပုံကိုကြည့်ပါ ....






    အဲ့ဒီမှာမသွားချင်ရင်လည်း ကျနော်အောက်မှာပေးထားတဲ့ code တွေကို copy ကူးယူလိုက်ပါ ....

    copy this code;

    <!-- AddToAny BEGIN -->
    <br/><a class='a2a_dd' href='http://www.addtoany.com/share_save'><img alt='Share/Bookmark' border='0' src='http://static.addtoany.com/buttons/share_save_171_16.png' width='171' height='16'/></a><p class='a2a_linkname_escape' style='display:none'><data:post.title/></p><script type='text/javascript'>var a2a_config = a2a_config || {};a2a_config.linkname_escape=1;a2a_config.linkurl="<data:post.url/>";</script><script src='http://static.addtoany.com/menu/page.js' type='text/javascript'></script>
    <!-- AddToAny END -->


    အထက်မှာပြထားတဲ့ code တွေကို copy ကူးပြီးပါက အောက်မှာပေးထားတဲ့ အဆင့် အတိုင်းသွားလိုက်ပါ ..

    (၁) Layout > Edit HTML ကိုသွားပါ 


    (၂) Expand Widget Templates ကိုကလစ်နှိပ်ပေးပါ ။

    (၃) template code, မှာဖော်ပြပါ <data:post.body/> ကိုရအောင်ရှာပြီးတော့ အစောက copy ကူးလာတဲ့ code တွေကို paste လုပ်ပေးလိုက်ပါ ။

    (၄) save the template ကိုနှိပ်ပေးပါ ။

    ပြီးဆုံးပါက မိမိဘလော့ကိုပြန်ပြီး သွားကြည့်လိုက်ပါ post body မှာ အောက်ဆုံးနေရာမှာ အောက်ပါအတိုင်း တွေ့မြင်ရမည်ဖြစ်ပါသည် ။

     

    အားလုံးအဆင်ပြေကြပါစေခင်ဗျာ ....







    Read more!

    Internet Download Manager software


    Internet Download Manager software တင်ပေးလိုက်ပါတယ် ။တချို့ download file site အကြီးတွေကို ဒီကောင်လေးနဲ့ဒေါင်းရင် အမြန်နှုန်းပိုလို့ ဒေါင်းလော့သမားတွေအတွက် အဆင်ပြေအောင်လို့ပါ file size 4.14 MB ပဲရှိတော့ အဆင်ပြေမယ်ထင်ပါတယ် အောက်မှာဒေါင်းသွားလိုက်ပါ ...










    Download Link ;

    Internet Download Manager Download   

    အားလုံးအဆင်ပြေကြပါစေခင်ဗျာ...



    Read more!

    SpyKing PC Spy 2011; software

    Thursday, 3 March 2011




    skyking PC  Spy software ကမ္ဘာ့ရောင်းအားအကောင်းဆုံး computer surveillance ကနေထုတ်လုပ်ထားတာပါ ။ မိမိ ကွန်ပျူတာလျို့ဝှက်ပြီး အကြောင်းအရာတွေရေးတဲ့ အခါ ချက်တင်ထိုင်တာတို့ messages ပို့ထားတာတို့ကို မိမိသွားလည်ထားတဲ့ ဝက်ဆိုဒ်တွေ မိမိဖတ်ထားတဲ့ email တွေ မိမိရဲ့ passwords တွေ မိမိအသုံးပြုတဲ့ window နဲ့ ပတ်သတ်ပြီး လျှို့ဝှက်တဲ့ အကြောင်းအရာတွေကို ဒီ  SkyKing PC Spy software စက္ကန့် အနည်းငယ်အတွင်းမှာပဲ screenလုပ်ပေးသွားပါလိမ့်မယ် ။တကယ်တန်းတော့ ကွန်ပျူတာကျန်းမာရေးအတွက်တော့ သူကမျက်စိပါပဲ
    computer မှာလှုပ်ရှားခဲ့သမျှကို တိကျစွာ ပြသပေးတဲ့ ကွန်ပျူတာမျက်စိပေါ့ ။ကျနော်တို့တွေ ဘယ်မေးကိုပဲ သုံးခဲ့တယ်ဆိုတာ ဥပမာဗျာ...
    MySpace, Facebook, computer games, internet searches, online shopping, file transfers, web-based emails like Hotmail, AOL email, Gmail, Yahoo mail အဲ့လိုမေးတွေကိုရာနှင့်ချီပြီးသုံးခဲ့လည်း ဒီ SpyKing PC Spy software ပြန်လည်ပြီး ဖော်ပြပေးပါတယ် ... သူများအကြောင်းတွေ လျှို့ဝှက်ချက်တွေ ပြောဖို့ခိုးကြည့်ဖို့ မဟုတ်ဘူးနော် မိမိအရေးကြီးတဲ့ အကြောင်းအရာတွေကို  ပြန်လည်ရှာနိုင်ဖို့ အတွက် ပြောတာပါ။ကွန်ပျူတာထဲမှာဘယ်လောက်ပဲ ပုန်းနေတဲ့ main program, Control Panel ဒီကောင်လေးက ရှာပေးပါလိမ့်မယ် ... ပြောရမယ်ဆို သူခိုးဖမ်းတဲ့ ဆော့ဝဲလ်ပေါ့ ။ဘာပဲဖြစ်ဖြစ် ဒီ SpyKing PC Spy software ကိုအသုံးပြုခြင်းအားဖြင့် မိမိကွန်ပျူတာမှာ ဘယ်သူတွေဘာလုပ်သွားတယ်ဆိုတာ သိရတာပေါ့ အသုံးပြုကြည့်ပါ ..လိုချင်တဲ့သူတွေ အောက်မှာ ဒေါင်းသွားကြပါ ... ကောင်းတယ်ဆိုရင် ကျနော်လည်းပြန်ပြောပြပါဦးနော် ....







     Download Link ;

    SpyKing PC Spy 2011 Download

     အားလုံးအဆင်ပြေကြပါစေဗျာ ... 


    ဒီနေရာ   ပို့လေးကို ဘာသာပြန်ထားပါသည် ....
    Read more!

    Stone MP4 Converter



    OS/Platform: Win2000,Win7 x32,Win7 x64,WinServer,WinVista,WinVista x64,WinXP


     Download link;

     Stone MP4 Converter Download


    အားလုံးအဆင်ပြေကြပါစေခင်ဗျာ....

     


    Stone MP4 Converter လေးကို အသုံးဝင်တာကတော့ , video formats အတွက်  MPEG-4, MPEG-4 AVC (h264), AVI, DivX, XviD video.အတွက် ဘာတွေ ပြန်ထုတ်ပေးလဲ ဆိုတော့ WMV, ASF, AVI, DivX, XviD, MPEG-1 (VCD), MPEG-2 (DVD), MPEG-4 (MP4), QuickTime MOV, Flash Video (FLV), RM, RMVB, Matroska (MKV), 3GP and 3G2 etc.အဲ့တာတွေ ပြန်ပြီးထုတ်ပေးပါတယ် လိုချင်သူများဒေါင်းသွားပါ ။
    Read more!

    Windows XP 7 Vista Step by Step installation Guides

    ကွန်ပြူတာကို အခုမှ အခြေခံကစပြီး လေ့လာနေသူများအတွက် အထောက်အကူ ဖြစ်စေနိုင်လောက်မယ့် အကြောင်းအရာ တစ်ချို့ ကျွန်တော်ရေးထားတာ ရှိပါတယ်။ လူသုံးများတဲ့ Windows XP ကနေ စပြီး ၊ သိပ်မကြိုက်ကြတဲ့ Windows Vista အပါအဝင် ၊ ပေါ်ပြူတာ ဖြစ်နေတဲ့ Windows 7 အဆုံး Windows ၃ မျိုးလုံးရဲ့ Step by Step Installation လုပ်ဆောင်ပုံ ကို ကျွန်တော် ပုံနဲ့ တကွမြန်မာလို ရေးထားပေးပါတယ်။ အရင်ကတော့ ဒီစာတွေက ကျွန်တော့ Personal site မှာ ကျွန်တော် သိမ်းထားတာပါ။ ခုတော့ အများတကာ အသုံးပြုလို့ရအောင် ပြန်ထုတ်ပြီး Share လိုက်ပါတယ်။ Online မှာ ဖတ်ချင်တယ်ဆိုရင်တော့ ဒီအောက်က Links တွေကနေ သွားပါ။

    Windows XP Installation Guide
    Windows Vista Installation Guide
    Windows 7 Installation Guide

    စက်ထဲမှာ သိမ်းထားပြီး နောင်တစ်ချိန် အသုံးလိုမှ ကြည့်ချင်မယ်ဆိုရင်တော့ ဒီအောက်က Link မှာ Windows XP 7 Vista Step by Step installation Guides သုံးမျိုးလုံးကို PDF ဖိုင်အနေနဲ့ စုပေးထားပါတယ်။ အောက်ဖော်ပြပါ Link ကနေ Download ချလိုက်ပါ။ Size က 847KB ပါ။


    Download Link Mediafire

    Windows XP 7 Vista Step by Step installation Guides
    Windows XP 7 Vista Step by Step installation Guides

     Download Link Ifileit
     http://ifile.it/0xlanjp

    ဒါကတော့ ကျွန်တော်ရေးထားတာတွေ အလွယ်တကူ ဖတ်နိုင်အောင်ပါ။

    အားလုံးပဲ အဆင်ပြေကြပါစေ။

     @ by KznT.
    Read more!
    K
    o
    Y
    i
    n
    M
    a
    u
    n
    g
    Related Posts Plugin for WordPress, Blogger...
     
    This Blog Network Solution From Myanmar
    Design by ==>KO YIN MAUNG