ကျွန်တော်အခု အခွေတွေ၊ဖိုင်တွေကိုဖြတ်တယ်၊ ဆက်တဲ့နေရာမှာ သုံးတဲ့ FFSJ ဆိုတဲ့ ဖိုင် Splitter and Joiner အကြောင်းလေးပြောပြသွားပါမယ်။သူမှာ Splitting / Joining / MD5 Checksum ဆိုတဲ့အပိုင်း ၃ ပိုင်းရှိပါတယ်။ ဒီထဲကမှ ကျွန်တော်တို့အသုံးပြုနေရတဲ့ ဖိုင် Splitting နှင့် Joining အကြောင်းလေးကို အဓိကထားရှင်းပြပေးပါမယ်။
- ဖိုင်ဖြတ်ခြင်း ( Splitting )
(ပုံ-၁)
အရင်ဦးဆုံး FFSJ ဆိုတဲ့ ဖိုင် Splitter and Joiner လေးကိုဖွင့်လိုက်ရင် အခုလိုမျိုးမြင်ရပါမယ်။ ဖိုင်ဖြတ်မယ်ဆိုတော့ Splitting ကိုရွှေးချယ်ပေးပါ။ ပြီးတဲ့အခါ ပုံမှာပြထားသလို မိမိဖြတ်မည့် ဖိုင်ရှိရာကို ထပ်မံရွှေးချယ်ပေးရပါမယ်။(ပုံ-၁)
(ပုံ-၂)
အခွေတစ်ခွေကို ရွှေးချယ်ပေးလိုက်ပါတယ်။ပြီးရင် Open ကိုနှိပ်ပါ။ (ပုံ-၂)
(ပုံ-၃)
မိမိဖြတ်မည့်ဖိုင်ရွှေးပြီးသည်နှင့် အခုလိုမျိုးတွေ့ရပါမည်။ ဖိုင်ဖြတ်ပြီးတဲ့အခါ ထွက်လာမဲ့ ဖိုင်အဆက်တွေကို ဘယ်နေရာမှာ ထားမှာလဲဆိုတာ Output directory မှာဝင်ပြင်ဆင်နိုင်ပါတယ်။ တကယ်လို့ အခုလုပ်နေဆဲဖိုင်ထဲမှာဆက်ထားမယ်ဆိုရင်တော့ ဘာမှပြောင်းလဲမှုလုပ်စရာမလိုအပ်ပါဘူး။
Split after every ဆိုတဲ့နေရာမှာ မိမိဖြတ်ချင်တဲ့ File size ပမာဏကို ထည့်ပေးရပါမည်။ ဥပမာ 45.00 Mega bytes
Encrypt data ကို Click ပေးထားမယ်ဆိုရင်၊ မိမိဖြတ်မည့်ဖိုင်ကို Password ရိုက်ထည့်ပေးမှ ဖွင့်လို့ရမည့်သဘောပါ။ (ပုံ-၄) ကလိုမျိုး Password တောင်းတဲ့ Box လေးထွက်လာပါမည်။ အကယ်လို့ Encrypt data နေရာမှာ Unclick လုပ်ထားမယ်ဆိုရင်တော့ Password box မထွက်လာသလို၊ ထွက်လာမည့် ဖိုင်အမျိုးအစားကလည်း၊ .*__a,.*__b မဟုတ်တော့ပဲ ပုံမှန် HJ ဆော့ဝဲလ်နဲ့ ဆက်နေကျဖြစ်တဲ့ .*001 ,.*002 ဖိုင်တွေဖြစ်သွားပါမည်။
Delete Source file after splitting ကတော့ မိမိဖိုင်ဖြတ်ပြီးတာနဲ့ ဒီဖိုင် ဖျက်ပြစ်ခြင်းပါ။ Unclick လုပ်ထားတာ ကောင်းပါတယ်။ ကျွန်တော်တို့ အတွက် အသုံးမ၀င်ပါဘူး။
ပြီးပြီဆိုရင်တော့ Spilt ကိုနှိပ်ပြီး၊ ဖိုင်တွေ စဖြတ်ပါ။
(ပုံ-၄)
ဖိုင်တွေစဖြတ်ဖို့ Split ကိုနှိပ်လိုက်တာနှင့်၊( Encrypt data မှာ Click လုပ်ထားမယ်ဆိုရင်) ဒီလို Password တောင်းသည့် Box ထွက်လာပါမယ်။ Password Box မှာ မိမိဖိုရမ်နာမည်ရိုက်ထည့်ပေးပါ။ Show Password ကို Click လုပ်ပြီးရိုက်တာကတော့၊ တစ်ခါတစ်လေ မြန်မာလက်ကွက်နှင့် အင်္ဂလိပ်လက်ကွက်ပြောင်းထားတဲ့အချိန်မျိုးမှာ မိမိရိုက်ထည့်လိုက်တာ http://www.myanmarfamily.org/ ဆိုတာ မှန်မမှန် ကြည့်လို့ရနိုင်အောင်ပါ။ စာလုံးပေါင်းမှန်ပြီဆိုရင် OK ကိုနှိပ်ပါ။ (ပုံ-၄)
(ပုံ-၅)
ဖိုင်ဖြတ်နေပါပြီ။ ခဏစောင့်ပါ။(ပုံ-၅)
(ပုံ-၆)
အခုဆိုရင် ဖိုင်အားလုံးပေါင်း ၅ ဖိုင်ရကြောင်းနှင့်ပြီးစီးကြောင်း ပြောပါမည်။ OK နှိပ်ပေးပါ။ (ပုံ-၆)
(ပုံ-၇)
Output ဖိုင်ထဲကို သွားကြည့်ရင် File type ကအနီနဲ့ဝိုင်းထားသလိုမျိုး၊တွေ့ရပါမည်။ အကယ်လို့ Password မခံထားရင်တော့ file type က .*001,.*002 ဖြစ်နေပါမည်။ ဒါဆိုရင် ဖိုင်ဖြတ်ခြင်း အပိုင်းပြီးစီးပါပြီ။ (ပုံ-၇)
- ဖိုင်ပြန်ဆက်ခြင်း ( Joining )
(ပုံ-၁)
ဖိုင်ဆက်မယ်ဆိုရင်တော့၊ Joining ကိုရွှေးချယ်ပေးပါ။ ပုံမှာဖော်ပြထားတဲ့အတိုင်း၊ မိမိဆက်မည်ဖိုင်ကိုရွှေးချယ်ပေးပါ။(ပုံ-၁)
Output file ကတော့ပြန်ထွက်လာမည့် ဖိုင်ကို ဘယ်နေရာမှာ ထားမလဲဆိုတာရွှေးပေးခြင်းပါ။ ဒီဖိုင်ထဲမှာပဲ ဖြည်မယ်ဆိုရင်တော့ ဘာမှပြောင်းလဲမှု လုပ်စရာမလိုအပ်ပါ။ ပြီးရင်တော့ Join ကိုနှိပ်ပေးပါ။ Password တောင်းပါမည်။ ရိုက်ထည့်ပေးပါ။ (ပုံ-၃)
(ပုံ-၄)
ဖိုင်ဆက်နေပါပြီ။ ခဏစောင့်ပါ။(ပုံ-၄)
(ပုံ-၅)
အခုဆိုရင် ဖိုင်တွေ အားလုံးဆက်ပြီးကြောင်း ပြောပါမည်။ OK ပေးလိုက်ရင် ဖိုင်ဆက်ခြင်း လုပ်ငန်းပြီးဆုံးပါပြီ။(ပုံ-၅)
- အခြေခံသိသွားရင် နောက်တစ်နည်းကတော့ ...
ဖိုင် ဖြတ်မယ်ဆိုရင် အစိမ်းရောင်နဲ့ ၀ိုင်းထားတဲ့ အခွေဖိုင်ပေါ် Right click လုပ်လိုက်ပါ။
ဖိုင်ဆက်မယ်ဆိုရင် အနီရောင်နဲ့ ၀ိုင်းထားတဲ့ အထဲက အပေါ်ဆုံး .mkv.__a ပေါ် Right click လုပ်ပြီး menu ဘားခေါ်လိုက်ပါ။
ဒါဆိုရင် ဖိုင်ဖြတ်မယ်ဆိုရင် Split ကိုရွှေးပေးပါ။ ဖိုင်ဆက်မယ်ဆိုရင် Join ကိုရွှေးပေးပါ။ ဒါဆိုရင် ဆော့ဝဲလ်ဖွင့်ပြီး၊ မိမိဆက်ချင်၊ ဖြတ်ချင်တဲ့ ဖိုင်တွေကို တစ်ကုတက လိုက်ရှာနေစရာမလိုပဲ အဆင်ပြေသွားပါမည်။
001 , 002 ဖိုင်တွေကိုလည်း ဒီကောင်လေးနဲ့ ဆက်လို့၊ဖြတ်လို့ ရပါတယ်။ HJ နဲ့အတူတူပါပဲ၊ သူကတစ်ခုသာသွားတာ Password ပါပေးလို့ရပါတယ်။
ပုံတွေမပြတ်မသား၊ မပေါ်ခဲ့ရင် ဒီမှာ pdf ဖိုင်လေးယူသွားလိုက်ပါ။ Password က http://www.myanmarfamily.org/ ပါ။
ဆော့ဝဲလ်ဒေါင်းလော့ယူရန်နှင့် မရှင်းတာရှိနေသေးရင် သူ့ရဲ Homepage မှာသွားရောက်လေ့လာနိုင်ပါသေးတယ်။
အားလုံးအဆင်ပြေပါစေ...
မူရင်း @ by WWW.Myanmarfamily.Org
DOWNLOAD LINK SOFTWARE ;
(ဒါလေးကတော့ Delete split parts after joining နဲ့ဆိုင်တဲ့ဗဟုသုတလေးပါခင်ဗျာ။ ဒီလိုမျိုးကြုံခဲ့ရင်ဖြေရှင်း တတ်အောင်ပါ။ )
[Delete split parts after joining ကို Click လုပ်ထားမယ်ဆိုရင်၊ ဖိုင်တွေ အားလုံးဆက်ပြီးတာနှင့်၊ အလိုအလျှောက် ဖိုင်အပိုင်းတွေကို ဖျက်ပေးသွားတဲ့ စနစ်ပါ။ Unclick လုပ်ထားမယ်ဆိုရင်တော့၊ မိမိဘာသာ ဖျက်ပေးရမှာပါ။ ကျွန်တော်အကြံပေးချင်တာကတော့ Unclick လုပ်ထားတာကောင်းပါတယ်။ တစ်ခါတစ်လေ Download ချရတဲ့ ဖိုင်အရေအတွက် များတဲ့အခါ၊ အပိုင်းတစ်ပိုင်းကပ်လိုနေတာကို မသိလိုက်ပဲ၊ အမှတ်တမဲ့ ဖိုင်ဆက်လိုက်ပါတယ်။ သူက Winrar လိုတော့ ဖိုင်လိုနေတယ်ဆိုပြီး၊ မဖော်ပြဘူး။ သူ့တာဝန်အတိုင်းတစ်ဖိုင်ခြင်းဆက်သွားမှာပါ။ ဒါပေမဲ့ အခွေကြည့်တာ၊ ဖိုင်ပြန်ဖွင့်ရင် ဖိုင်အပြည့်မပါတဲ့ Error ပြပါမည်။ ဒီဆော့ဝဲလ်က ဖျက်ပေးလိုက်တဲ့ ဖိုင်အပိုင်းတွေကို Recycle Bin မှာသွားရှာလို့မရပါဘူး။ ဒီလိုအချိန်မျိုးမှာ လိုအပ်တဲ့ဖိုင်ကို ဒေါင်းပြီးသွားပြီး၊ ပြန်ဆက်ဖို့ အပိုင်းတွေပြန်ရှာမရရင်၊ အခုဆက်ထားတဲ့ ဖိုင်ကို သူ့မှုလခဖွဲထားတဲ့ File size (…mb) အတိုင်း၊ Split ပြန်လုပ်ပေးလိုက်ပါ။ ဒါဆိုဖိုင်အပိုင်းတွေ ပြန်ထွက်လာပါမည်။]
[Delete split parts after joining ကို Click လုပ်ထားမယ်ဆိုရင်၊ ဖိုင်တွေ အားလုံးဆက်ပြီးတာနှင့်၊ အလိုအလျှောက် ဖိုင်အပိုင်းတွေကို ဖျက်ပေးသွားတဲ့ စနစ်ပါ။ Unclick လုပ်ထားမယ်ဆိုရင်တော့၊ မိမိဘာသာ ဖျက်ပေးရမှာပါ။ ကျွန်တော်အကြံပေးချင်တာကတော့ Unclick လုပ်ထားတာကောင်းပါတယ်။ တစ်ခါတစ်လေ Download ချရတဲ့ ဖိုင်အရေအတွက် များတဲ့အခါ၊ အပိုင်းတစ်ပိုင်းကပ်လိုနေတာကို မသိလိုက်ပဲ၊ အမှတ်တမဲ့ ဖိုင်ဆက်လိုက်ပါတယ်။ သူက Winrar လိုတော့ ဖိုင်လိုနေတယ်ဆိုပြီး၊ မဖော်ပြဘူး။ သူ့တာဝန်အတိုင်းတစ်ဖိုင်ခြင်းဆက်သွားမှာပါ။ ဒါပေမဲ့ အခွေကြည့်တာ၊ ဖိုင်ပြန်ဖွင့်ရင် ဖိုင်အပြည့်မပါတဲ့ Error ပြပါမည်။ ဒီဆော့ဝဲလ်က ဖျက်ပေးလိုက်တဲ့ ဖိုင်အပိုင်းတွေကို Recycle Bin မှာသွားရှာလို့မရပါဘူး။ ဒီလိုအချိန်မျိုးမှာ လိုအပ်တဲ့ဖိုင်ကို ဒေါင်းပြီးသွားပြီး၊ ပြန်ဆက်ဖို့ အပိုင်းတွေပြန်ရှာမရရင်၊ အခုဆက်ထားတဲ့ ဖိုင်ကို သူ့မှုလခဖွဲထားတဲ့ File size (…mb) အတိုင်း၊ Split ပြန်လုပ်ပေးလိုက်ပါ။ ဒါဆိုဖိုင်အပိုင်းတွေ ပြန်ထွက်လာပါမည်။]
(ပုံ-၂)
a,b,c,… စတဲ့ဖိုင်တွေအားလုံး ထဲက a ကိုပဲရွှေးရမှာပါ။ 001 ဖိုင်ဆိုရင်တော့ 001 ပဲရွှေးရပါမည်။(ပုံ-၂)
(ပုံ-၃)
0 comments:
Post a Comment