ဖျက်လို့မရတဲ့ ဖိုလ်ဒါ ဆောက်ကြည့်ရအောင်
ဒီတစ်ပတ် အပျော်တမ်းလှည့်ကွက်တစ်ခုဖြစ်တဲ့ ဖျက်လို့မရတဲ့ ဖိုင်နဲ့ ဖိုလ်ဒါ ဆောက်နည်းလေးကို အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
NTFS စနစ်အသုံးပြုတဲ့ Windows XP, Win2000, Win7 နဲ့ Vistaတွေမှာ ဖိုင်နဲ့ ဖိုလ်ဒါတွေကို နာမည်ပေးတဲ့အခါ ကန့်သတ်ချက်တွေ ရှိပါတယ်။ Windows API ခေါ်တဲ့ ကွန်ပျူတာပရိုဂရမ်ရေးသားမှု အကန့်အသတ်တွေကြောင့် ဖိုလ်ဒါနဲ့ ဖိုင်တွေကို AUX, CON, NUL, COM1, LPT1 စတဲ့ အမည်တွေ အလွယ်တကူ ပေးလို့မရပါဘူး။
ဥပမာ-ကွန်ပျူတာမှာ ဖိုင်(သို့မဟုတ်)ဖိုလ်ဒါတစ်ခုကို AUX အမည်ပေးပြီး တည်ဆောက်ကြည့်ပါ၊ လုပ်လို့ မရတာတွေ့ရပါမယ်။
ဒီကန့်သတ်ချက်ကို အသုံးပြုပြီးတော့ ဖိုင်နဲ့ ဖိုလ်ဒါတွေတည်ဆောက်ထားနိုင်မယ်ဆိုရင် ၎င်းဖိုလ်ဒါနဲ့ဖိုင်တွေကို ဖျက်ပစ်လို့မရနိုင် တော့ပါ။
အထက်ကဖော်ပြခဲ့တဲ့ အမည်တွေနဲ့ ဖိုင်တွေ၊ ဖိုလ်ဒါတွေတည်ဆောက်မယ်ဆိုရင်တော့ DOS Command ကို အသုံးပြုပြီး တည်ဆောက်ရမှာ ဖြစ်ပါတယ်။
Command prompt မှာ C:\>md C:AUX လို့ ဖိုလ်ဒါဆောက်ကြည့်မယ်ဆိုရင် Directory name is invalid. ဆိုပြီး AUX ဖိုလ်ဒါကို တည်ဆောက်မရကြောင်း ဖော်ပြပါလိမ့်မယ်။
အောက်ဖော်ပြပါအတိုင်း တည်ဆောက်ကြည့်မယ်ဆိုရင်တော့ တည်ဆောက်လို့ ရရှိသွားပါလိမ့်မယ်။
C:\>md \\.\C:AUX လို့ Command Prompt မှာ ရိုက်ပြီး Enterခေါက် လိုက်ပါ။ AUX ဖိုလ်ဒါကို တည်ဆောက်လို့ ရသွားမှာဖြစ် ပါတယ်။ နောက်ပြီး တည်ဆောက်ထားတဲ့ ဖိုလ်ဒါကို ဖျက်ကြည့်ပါ။ ဖျက်လို့မရတာကို တွေ့ရပါလိမ့်မယ်။ AUX ဖိုလ်ဒါထဲကို တခြား ဖိုင်တွေကူးထည့်ကြည့်ပါ။ ကူးထည့်လို့ရတာတွေ့ ပါလိမ့်မယ်။
၎င်း AUX ဖိုလ်ဒါကို ဖျက်ချင်ရင်တော့ C:\>rd \\.\C:AUX ဆိုပြီး Command Prompt ကနေ ရိုက်ထည့်ပြီး ဖျက်ရမှာဖြစ်ပါတယ်။
အထက်ဖော်ပြပါနည်းနဲ့ ဖိုလ်ဒါတစ်ခုတည်ဆောက်ထားမယ်ဆိုရင် မျက်စိမှောက်ပြီး ဖိုလ်ဒါဖျက်ပစ်မိတဲ့ အမှားက ကင်းလွတ်နိုင် ပါကြောင်း ဒီတစ်ပတ် အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
မြန်မာတိုင်းသတင်းဂျာနယ်မှပြန်လည်ဖော်ပြထားပါသည်။
နောက်တစ်နည်းရှိပါသေးတယ် ......အောက်မှာဆက်ကြည့်ပါ ....
ပြုလုပ်ချင်တဲ့ folder ကိုဖွင့်
Tool--->folder option --->view tab --->use simple file sharing ကို Uncheck လုပ်ပါ
Folder ကို Right Click --->properties--->security---->advance--->inherit from parent the permission ကို
Uncheck လုပ်ပါ ---->Remove ---->Ok
ဖော်ဒါကို ပြန်ဖွင့်ချင်ရင်ဖြင့် နည်းရှိပါသေးတယ် ....အောက်ပါအတိုင်းလုပ်ပါ
- အဲဒီဖိုဒါမှာ right click>sharing and security >security tap အောက်က add ဆိုတာကို ကလစ်ပြီးတော့ မိမိရဲ့ ဖိုဒါကို ဖွင့်စေချင်တဲ့ user တွေကို ပေါင်းထည့်ပေးရမှာပါ
security tap အောက်က advance ထဲက auto inheritable permission ကို ပြန်ပြီး အမှန်ခြစ်ထည့်ပေးလိုက်ပါ
2. အောက်ပါအတိုင်း ပြန်ဖွင့်လိုက်တာပါ အန်ချက် နေရာမှာ အန်ကိုဖြုတ်ပြီး ချက်လုပ်လိုက်တာပါ
ပြုလုပ်ချင်တဲ့ folder ကိုဖွင့် Tool--->folder option --->view tab --->use simple file sharing ကို check လုပ်ပါ
Folder ကို Right Click --->properties--->security---->advance--->inherit from parent the permission ကို check လုပ်ပါ ---->Remove ---->Ok
3. Folder ကို Right Click --->properties--->security---->advance--->inherit from parent the permission ကို check ပြန်လုပ်ပြီးရင် Ok ပေးလိုက်လေ ဒါဆိုပြန်ရပြီပေါ့ အဆင်ပြေသွားမှာပါ ....
အားလုံးအဆင်ပြေကြပါစေ ....
0 comments:
Post a Comment