............................................................ ..........

ဖေ့ဘုတ်မှာ အပြင်လူတွေ မက်ဆေ့ပို့မရအောင်ပိတ်ထားနည်း

Monday, 23 December 2013

                   နှော က်ယှက်တဲ့ မေးလ်တွေနဲ့ မလိုလားအပ်တဲ့မေးလ်တွေကို ကာကွယ်ဖို့အတွက်အောက်ပါနည်းလေးကို ဖော်ပြပေးလိုက်ပါတယ်

 အဆင့် ၁

ပုံမှာပြထားတဲ့အတိုင်း ကိုယ့်အကောင့်ရဲ့ ညာဖက်အပေါ်ထောင့်က Home ဘေးနားက မြှားအောက်စိုက်လေးကိုနှိပ်လိုက်ပါ ။ ပြီးရင် Privacy Settings ကိုနှိပ်ပါ ။
အဆင့် ၂
How you connect ဆိုတဲ့စာကြောင်းလေး ညာဖက်မှာ Edit ကိုနှိပ်ပါ ။ အဲဒီမှာစာကြောင်း ၃ ကြောင်းရှိပါတယ် ။
Who can look you up using the email address or phone number you provided? ဆိုတာကတော့ ကိုယ့်အကောင့်ရဲ့အီးမေးလ်နဲ့ ဖုန်းနံပတ်တွေဘာတွေထည့်ထားရင်ဘယ်သူတွေကိုမြင်စေချင်သလဲဆိုတာပါ ။ အပြင်လူတွေ မမြင်စေချင်ရင် Friends ကိုရွေးလိုက်ပါ ။
Who can send you friend requests? ဆိုတာကတော့ ကိုယ့်ကို Mutual friend မပါပဲ အပြင်ကနေ အစိမ်းသက်သက် အပ်လို့ရသလားဆိုတာပါ သူငယ်ချင်းရဲ့သူငယ်ချင်းလောက်ပဲလက်ခံချင်တယ်ဆိုရင် Friends of Friends ကို ရွေးပါ ။
Who can send you Facebook messages? ဆိုတာကတော့ ကိုယ့်ကို ဘယ်သူတွေမက်ဆေ့ပို့နိုင်မလဲဆိုတာပါ လူတိုင်းကပို့တာကိုလက်မခံပဲ ကိုယ့်သူငယ်ချင်းတွေကပဲလက်ခံမယ်ဆိုရင် Friends ကိုရွေးပါ ။ Save နှိပ်လိုက်ရင် ကိုယ့်ကို သူငယ်ချင်းကလွဲလို့ သူငယ်ချင်းမဟုတ်တဲ့လူတွေမက်ဆေ့ပို့လို့မရတော့ပါဘူး ။

@ By http://sanwayaung.blogspot.com/



.

0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG