............................................................ ..........

အင်တာနက်လားးးးးးးးးးးး ကျူတာလားးးးးးးးးးး

Monday, 13 June 2011




အင်တာနက်ပေါ်ကနေထင်တာတွေ ပြောတတ်လို့ မမြင်ပါပဲ ဆဲဆိုချင်တတ်ကြပါတယ်။

တစ်ယောက်နဲ့တစ်ယောက် မသိပါပဲတွေ့ဆုံချင်ကြတယ်။

အင်တာနက်ပေါ်မှာတင်ချစ်ကြတာပါတယ် ကွဲကွာကြတာပါတယ် ။

အင်တာနက်ပေါ်မှာတင်သိပြီး အပြင်မှာဆုံတွေ့တကယ်ချစ်လို့ ယူကြတာပါတယ်။

ကလေးမဟုတ်ပါဘူး ငယ်တဲ့သူမဟုတ်ပါဘူးဆိုလည်း မယုံကြည်တတ်ကြပါဘူး

အိမ်ထောင်နဲ့ပါဆိုလည်း သေချာရှင်းပြလည်းမယုံကြည်ကြဘူး

တချို့ကလည်းပြောတာနဲ့ ချက်ချင်းသဘောပေါက် နားလည်ကြပါတယ်။


လေးစားမှု့ရှိတဲ့လူပါတယ် ခင်မင်တတ်တဲ့လူပါတယ်။

သူငယ်ချင်းဖြစ်ချင်တဲ့သူပါတယ် ရည်းစားထားချင်တဲ့သူပါတယ်။

အိုမှန်းမသိ အပျိုမှန်းမသိ ကလေးမှန်းမသိလူကြီးမှန်းမသိ ချက်ခြင်း ချစ်လားမေးတဲ့လူရှိတယ်။

မိန်းမယောင်ဆောင်ပြီး ယောက်ျားလေးကပြောတယ် မိန်မလျာပေါ့နော်

ယောက်ျားယောင်ဆောင်ပြီး မိန်းမလေးကပြောတယ် ယောက်ျားလျာပေါ့နော်

အရွယ်မရောက်သေးတဲ့ ကလေးတွေလည်းပါတယ် ။

လူလတ်ပိုင်းတွေလည်းပါတယ် ၊အသက်ကြီးတဲ့သူတွေလည်းပါတယ် ။

ငယ်ရွယ်သူတွေလည်းပါတယ်။ အင်တာနက်ပေါ်တက်ပြီးပညာရှာတဲ့လူပါတယ်။

အလုပ်ရှာတဲ့ လူပါတယ် ၊တစ်ယောက်နဲ့တစ်ယောက် တစ်နိုင်ငံနဲ့ တစ်နိုင်ငံမိသားစု တွေ့ ကျတယ်။

ဆက်သွယ်ကျတယ် ချစ်သူချင်းရည်းစာချင်း တွေ့ ကျတယ် ဆက်သွယ်ကြတယ်

အချိန်မရလို့ အချိန်ကိုလုပြီး ကိုယ်ရှာချင်တာလေးတွေ ကိုယ်လေ့လာချင်တာလေးတွေ ရှာကျလေ့လာနေကျသူတွေရှိသလို။

ရည်းစားထားဖို့ ၊ ရည်းစားနဲ့ချိန်းတွေ့ဖို့   ပြည်ပက မိသားစုနဲ့ အဖေအမေနဲ့ မောင်နှမနဲ့။

တွေ့ဖို့ အင်တာနက်သုံးကြတဲ့လူတွေလည်းရှိကြတာပါတယ်။

တမင်သက်သက်ကို အင်တာနက်သုံးပြီး လိုက်ဆဲနေတဲ့ လူလည်းရှိတယ်။

စာတက်ဖတ်တဲ့ လူရှိကြပါတယ် စာတက်ရေးတဲ့ သူရှိကြပါတယ်။

အင်တာနက်ပေါ်မှာတင် တန်ဖိုးရှိတဲ့ အချိန်လေးကို အလုအယက် အချိန်လု ကိုယ်ရေးကိုယ်တာ ကိုယ်ဝါသနာပါတာ လေ့လာနေတဲ့သူတွေရှိပါတယ်။

အပြင်ဘက်မှာအတိုင်းပေါ့ လူပေါင်းစုံလင်ပါတယ် ။

ဒါကိုနားမလည်ဘူး တစ်ဖက်ကပြောချင်တာပြောကြတယ် ရေးချင်တာရေးကြတယ်။

ဆဲချင်တာဆဲကြတယ် ရည်းစားထားချင်လို့ သုံးနေကြတယ် ထင်နေကြတယ်။

တစ်ဖက်ကအားတာ မအားတာနားမလည်ဘူး ပြောချင်တာပြောကြတယ်လေနော်။

ကော်နရှင်ကျနေတဲ့  အချိန်ဆို မြန်မာပြည်နဲ့ပြည်ပ ဆက်သွယ်တဲ့အချိန်များ

လိုင်းကျနေရင် ပိုဆိုးပါတယ်။

လိုင်းကောင်းနေတဲ့ ဖက်ကမြန်မာပြည်မှာကော်နရှင်လိုင်းကျနေတယ်ဆိုတာ 
မသိတော့စိတ်ဆိုးကြတယ် ။

လင်မယားချင်း ချစ်သူချင်း သမီးရည်းစာချင်း စိတ်ကောက်ကျ ပြတ်ကျနဲံ့
လိုင်းမကောင်းလို့  စိတ်ပင်ပန်းဆင်းရဲရတာကတမျိုး တစ်ဖက်က ဘာမှမသိဘဲရန်လုပ်တာကတစ်ဖုံ တော်တော်လေးကို စုံလင်လှပါတယ် ။

တစ်ဖက်နဲ့တစ်ဖက် တွေ့ချင်တာသိချင်တာ မြင်ချင်တာ
ကောင်းတဲ့ဘက်ဦးတည်ကြရင်တော်သေးတယ် ။
မကောင်းတဲ့ဘက်ဆိုသွားရော ဖြတ်ညှပ် ဆက်တွေရှိတော့ တော်တော်လေးကို ထိမ်းသိမ်းဖို့ သင့်ပါတယ်။
တချို့ မိန်းမလေးတွေဆိုတခဏ အတွင်းသူတို့ ပုံတွေ ကိုVZO ပြကျတယ်။

ချက်တင်ထိုင်ကျတော့ ရည်းစားထားဖို့ ပေါ့နော် တချို့ ကျတော့လည်း ရိုးသားကြပါတယ်။

တစ်ယောက်အကြောင်းတစ်ယောက်မသိဘဲနဲ့ လည်း ခင်မင်ကျပါတယ်။

တစ်ဖက်က စိတ်နေသဘောထားမမြင်မသိယုံကြည်ကျပါတယ်။

ဒါကြောင့် စဉ်းစားချင့်ချိန် ဥာဏ် နဲ့ ယှဉ်လို့  တန်ဖိုးရှိတဲ့အချိန်ကိုအကျိုးရှိရှိသုံးတတ်ကြပါစေနော်။..........။




@ by ထာဝရသူငယ်ချင်းများ








0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG