ဂျီမေးလ်နှစ်ခုကို ဘရောက်ဇာတစ်ခုထဲမှာ အလွယ်တကူအသုံးပြုနည်းကို ဒီတစ်ပတ် အိုင်တီဗဟုသုတအဖြစ် ဖော်ပြလိုက် ပါတယ်။
ပြုလုပ်မယ့်နည်းက ဂျီမေးလ်ရဲ့ Multiple Sign-in Feature ကို အသုံးပြုမှာပါ။
ပထမဆုံး Multiple sign-in ကို အရင် ON ပေးရမှာ ဖြစ်တဲ့အတွက် https://www.google.com/accounts/Login လိပ်စာကို အရင်သွားပါ။
Account Login မှာ အရင် အသုံးပြုမယ့် Gmail Account နဲ့ ၀င်ပါ။ Google Account Setting Page ကို ရောက်သွားပြီဆိုရင် Multiple sign-in ကို ရှာပါ။ Multiple sign-in က Off ဖြစ်နေပါလိမ့်မယ်။ Multiple sign-in က Edit ကို နှိပ်လိုက်ပါ။ Sign to multiple Google Accounts page ကို ရောက်သွားပါလိမ့်မယ်။
On- Use multiple Google Account ကိုနှိပ်ပါ။ နောက်ပြီး Checkbox တွေအကုန်လုံးကို နှိပ်ပြီး Save Button ကို နှိပ်ပါ။ Google Account logo ရဲ့ အောက်နားမှာ Your account information has been updated and save စာကြောင်းလေးပေါ်လာပါလိမ့်မယ်။
ဒါဆိုရင် Multiple Account သုံးဖို့ setting လုပ်ပြီး သွားပါပြီ။ Back ကို နှိပ်လိုက်ပါ။
ညာဘက်ထောင့် အပေါ်ဆုံးမှာရှိတဲ့ မိမိဂျီမေးလ် လိပ်စာ ဘေးမှာ Down Icon လေး ပေါ်လာပါလိမ့်မယ်။ Down Icon လေးကို နှိပ်လိုက်ပါ။ Drop-down box ပေါ်လာပြီး နောက် Google Account ၀င်နိုင်ဖို့ Sign in to another account ကိုနှိပ်လိုက်ပါ။
နောက် Account ကိုဝင်ဖို့ Login Page ကို ရောက်သွားပါလိမ့်မယ်။
မိမိသုံးလိုတဲ့ ဂျီမေးလ်နောက် Account တစ်ခုနဲ့ Login ၀င်လိုက်ပါ။ ဒါဆိုရင် ဘရောက်ဇာတစ်ခုထဲမှာ ဂျီမေးလ် Account နှစ်ခုနဲ့ ၀င်ပြီးဖြစ်သွားပါပြီ။
အီမေးလ်သုံးမယ်ဆိုရင် ဘရောက်ဇာရဲ့ထိပ်နားမှာရှိတဲ့ Gmail နှိပ်ပြီး အသုံးပြုနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။
@ link ; http://forverfriends.ning.com/
0 comments:
Post a Comment