အချစ်ရွာpost by , Klang , ရွာစားလေး(1) Orbit Downloader ကို ဘယ်လို အသုံးပြုရလဲ ??
ကျွန်တော် ဒီနေ့တော့ Orbit Downloader နှင့် Program, Music နှင့် အခြား File များကို ဘယ်လို Download လုပ်ရလဲဆိုတာကို ရှင်းပြပေးပါ့မယ် .အောက်မှာ ဓါတ်ပုံများနှင့် တစ်ပုံချင်းစီကို ရှင်းပြထားတာ ဖြစ်တဲ့အတွက် အားလုံးပဲ ရှင်းကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် .
Orbit Downloader ဆိုတာဘာလဲ
Download ဘယ်လိုလုပ်မလဲ?
ဒါကတော့ လွယ်ပါတယ် အောက်မှာ Download လုပ်နည်းများ အကြောင်းကို လေ့လာပါ အပေါ်ကအတိုင်းသာ လုပ်ထာမယ်ဆိုရင် အခု Download လုပ်နည်းများ အတိုင်း Download လုပ်ကြည့်လိုက်ပါ. အရင်က Save ဆိုတဲ့ box တစ်ခုပေါ်လာတဲ့နေရာမှာ orbitdownlaoder တစ်ခုပိုလာတာကို တွေ့ရမှာပါ။
(2)ပေးထားတဲ့ DL link တွေကို ဘယ်လို Download လုပ်ယူမလဲ
အရင်က ဒါကို မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတာပါ မေးလ်တွေနဲ့ မေးကြ၊ box မှာ လာမေးကြနဲ့မို့ ကျွန်တော် ပို့စ်တင်ပြီး ဖြေပေးလိုက်ပါတယ် . ကျွန်တော့်ဆိုက်မှာ Download လုပ်ဖို့ ပေးထားတဲ့ link တွေကို tinpyaste ရဲ့ page ထဲမှာ ထည့်ထားပါတယ် . ဘာကြောင့်လဲဆိုရင် ကျွန်တော်တင်ထားတဲ့ ဖိုင်တွေကို Google ကနေ ရှာရင် မတွေ့အောင်လို့ပါ . ပြီးတော့ Download လုပ်ရမယ့်လင့်တွေ များနေရင် Part(1) ၊ Part(2) ၊ Part(3) ဆိုပြီး အပိုင်းတွေမခွဲတော့ဘဲ အဲ့ဒီ့ tinypaste ထဲမှာပဲ အားလုံး ပေါင်းပြီးတော့ ထည့်ပေးထားပါတယ် . အခု ကျွန်တော် အောက်ကဖိုင်လေးကို Download လုပ်ပြပါ့မယ် . Download ifile.itအပေါ်က Download ifile.it ကို နှိပ်လိုက်တာနဲ့ http://tinypaste.com/468ae ဆိုတဲ့ tinypaste ရဲ့ စာမျက်နှာ တစ်ခုကို ရောက်သွားမှာပါ . ကျွန်တော်တို့ တစ်ကယ် Download လုပ်ရမယ့် ifile.it ရဲ့ link ကို အဲ့ဒီ့ ပေါ်လာတဲ့ tinypaste ရဲ့ စာမျက်နှာမှာ သေချာ ပြန်ကြည့်လိုက်ပါ . တွေ့ပါလိမ့်မယ် . အဲ့ဒီ့ ifile.it ၊ rapishare ၊ mediafire ၊ Megaupload ၊ multiupload စတာတွေရဲ့ Download link တွေအားလုံးကို အဲ့ဒီံ tinypaste မှာပဲ ထည့်ထားမှာ ဖြစ်ပါတယ်
(3)Mediafire ကနေ Download လုပ်မလဲ (movie ရှင်းပြချက်)
Mediafire ဆိုက်ကနေ Download လုပ်ပုံလုပ်နည်းကို ရှင်းပြပေးထားတာပါ . အားလုံးနားလည်မယ်လို့ မျှော်လင့်ပါတယ် . အဆင်မပြေရင်ပြောပါ . ကျွန်တော် ထပ်ကြိုးစားပြီး ရှင်းပြပေးပါ့မယ် .mediafire ကနေ ဘယ်လို Download လုပ်မလဲ (movie ရှင်းပြချက်) Download ifile.it ၊
Download mediafire(4)rapidshare ကနေ download လုပ်နည်း (movie ရှင်းပြချက်)

ကျွန်တော် ဒီရှေ့လျှောက် ရှင်းပြချက်တွေကို movie ဖိုင်တွေနဲ့ပဲ တင်ပေးပါတော့မယ် . ဘာ့ကြောင့်လဲ ဆိုရင် အချိန်ကုန်သက်သာသလို . လိုက်ပြီး လုပ်တဲ့သူအတွက်လဲ ပိုပြီး နားလည်လွယ်တာက တစ်ကြောင်း၊ ဓါတ်ပုံတွေ တင်ရတဲ့ ဒုက္ခအတွက်က တစ်ကြောင်းကြောင့် ကျွန်တော် movie နဲ့ပဲ ရှင်းပြတော့မှာ ဖြစ်ပါတယ် . အခု ပထမဦးဆုံး rapidshare ကနေ ဘယ်လို Download လုပ်ယူရမလဲဆိုတာကို ရှင်းပြထားတဲ့ ပုံကို အောက်မှာ တင်ပေးထားပါတယ် . Download လုပ်ယူလိုက်ပါ .
Download ifile.it ၊ Download mediafire(5)Torrent file တွေကို ဘယ်လို Download လုပ်မလဲ

မိမိ ဒေါင်းချင်တဲ့ torrent ဖိုင်ကို ပထမဦးဆုံး ကိုသဘောကျတဲ့ Downloader တစ်ခုခုနဲ့ ဒေါင်းလိုက်ပါ . ဒေါင်းလိုက်ရင် ရလာမှာက ကျွန်တော်တို့ လိုချင်တဲ့ ဖိုင်မဟုတ်သေးပါဘူး . ပထမဦးဆုံး link တစ်ခုပဲ ကျလာမှာပါ . အဲ့ဒီ့ဖိုင်ကိုမှ ကျွန်တော်တို့က µTorrent ဆိုတဲ့ Downloader နဲ့ ပြန်ပြီးတော့ ဒေါင်းရပါတယ် . µTorrent နဲ့ ဘာ့ကြောင့်တင်ရတာလဲ ၊ နောက်တစ်ခုက ဘာ့ကြောင့် သုံးကြတာလဲဆိုရင် µTorrent နဲ့ဖိုင်တင်ရင် သူ့မှာ ဖိုင်တစ်ဖိုင်ထဲကို ကိုကြိုက်သလောက် တင်လို့ရပါတယ် . ဥပမာ 1GB ရှိတဲ့ဖိုင်ကို တစ်ခြားဆိုက်တွေမှာ
တင်မယ်ဆိုရင် 100 MB (or) 200 MB ဒီလောက်အထိပဲ အတင်ခံပါတယ် . များရင် ခွဲပြီးတော့ တင်ပေါ့ . Torrent အနေနဲ့တင်မယ်ဆိုရင် တစ်ဖိုင်တည်းကိုပဲ 1GB ဆိုလဲ သူက လက်ခံတာပဲ .. ကဲ စမ်းကြည့်လိုက်ပါဦး . အင်တာနက်မှာ Torrent နဲ့တင်ထားတဲ့ ဖိုင်တွေကတော့ အများကြီးပါပဲ . တစ်ခြားလင့်တွေသာ တင်ထားတာ မတွေ့ရမယ် torrent ကတော့ အတော်များပါတယ် . http://www.utorrent.com/ ကနေ နောက်ဆုံးထွက်တဲ့ version ကို ဒေါင်းလိုက်ပါ . သူက Free ပါ ပိုက်ဆံပေးစရာမလိုပါဘူး . အပေါ်က ပထမဦးဆုံး ဒေါင်းလိုက်လို့ရလာတဲ့ဖိုင်ကို ကျွန်တော်တို့က Double click နှိပ်လိုက်တာနဲ့ သူက µTorrent နဲ့ တစ်ခါတည်းကို ဒေါင်းတယ် . Torrent နဲ့တင်ထားတဲ့ဖိုင်ကို µTorrent ကပဲ ဒေါင်းလို့ရပါတယ် . အခုကျွန်တော်တို့ သုံးနေတဲ့ Downloader နဲ့ အဆင်သိပ်မပြေနိုင်ပါဘူး . သဘောပေါက်မယ်လို့ထင်ပါတယ် .
µTorrent တော့ မဒေါင်းခင် တင်ထားဖို့လိုပါတယ် . မဟုတ်ရင် ရလာတဲ့ ပထမဖိုင်ကို Double click နှိပ်ရင်လဲ ဘာမှထူးမှာမဟုတ်ပါဘူး
ဒေါင်းလော့လုပ်နည်း
* (၁) ပထမဦးဆုံး ကိုဒေါင်းချင်တဲ့ ဖိုင်ကို ကြိုက်တဲ့ Downloader နဲ့ဒေါင်းပါ . ဖိုင်တစ်ဖိုင် ကျလာပါလိမ့်မယ် .
* (၂) ရလာတဲ့ဖိုင်ဟာ kb သာသာပဲ ရှိပါတယ် . အဲ့ဒီ့ရလာတဲ့ ဖိုင်ကို Double click နှိပ်လိုက်ပါ .
* (၃) အခု µTorrent ထဲကို တစ်ခါတည်း သူသွားပြီး အဲ့ဒီ့ link ကို µTorrent က သိတာနဲ့ တစ်ခါတည်း Download အလုပ်ကို စလုပ်နေပါလိမ့်မယ်
မီးပျက်လဲ ကိစ္စမရှိပါ . ပြီးတဲ့နေရာကနေ ပြန်ဒေါင်းပါလိမ့်မယ် .
သူ့မှာ အခွင့်အရေးဘာရှိလဲဆိုရင် . ကိုဒေါင်းမယ့် Torrent ဖိုင်ရဲ့ speed ပါပဲ . ဖိုင်တိုင်းဖိုင်တိုင်းမှာ speed ချင်း မတူပါဘူး . speed နိမ့်တဲ့ ဖိုင်ကို ဒေါင်းရင် ကြာမယ် . speed မြင့်မြင့် ရှိတဲ့ဖိုင်ကို ဒေါင်းရင် မြန်မယ် . ကိုသဘောကျတဲ့ Link တိုင်းမှာ speed တစ်ခါတည်း ပါပြီးသားပါ . ပြီးတော့ ရှိပါသေးတယ် . အဓိကက ကိုသတိထားရမှာပေါ့ . ကို့အရင် ဘယ်နှစ်ဦးက ဒေါင်းထားပြီးပြီလဲ ဆိုတာကို လိုက်ရှာပြီးတော့ အများဆုံး ဒေါင်းတဲ့ link ကိုပဲ ဒေါင်းကြပါ . ဘာ့ကြောင့်လဲဆိုရင် လူများများဒေါင်းတဲ့လင့်ကသာ အဆင်ပြေနိုင်မယ့်အပြင် virus ကိုလဲ စိတ်ချရပါတယ် . ကျွန်တော်တို့ကသာ virus ပါပါ မပါပါ စိတ်မ၀င်စားပေမယ့် . နိုင်ငံခြားသားတွေကတော့ ဖိုင်တစ်ဖိုင်ကို ဒေါင်းမယ်ဆိုရင် သေချာမှ ဒေါင်းတာပါ . အဲ့ဒါကြောင့် သူတို့တွေ လူများများ ဒေါင်းတဲ့ဖိုင်ဆိုရင် အဆင်ပြေတာပေါ့ . တစ်ချို့ဖိုင်တွေက ဒေါင်းသာဒေါင်းတာ ဖိုင်က တစ်ဝက်နဲ့ ပျက်ကျတာနဲ့ ၊ အဆင်မပြေတာနဲ့နဲ့ တွေ့ရာလင့် တစ်ခုကို ဒေါင်းလိုက်ပြီးမှ အဆင်မပြေရင် ပင်ပန်းရကြိုးမနပ်ပါဘူး .
(6)rapidshare ဖြင့် download လုပ်နည်း
http://rapidshare.com/files/132506476/ConvDocPDFWordv350-smforum.net.rar.html အဲ့လိုမျိုး လင့်ကဆိုရင် rapidshare.com က ဒေါင်းရမှာပါ ...
(၁) အဲ့ဒီ့လင့်ကို address box ထဲမှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ ..
(၂) ပုံ-၁ မှာ ပြထားသလို free user ကို ရွေးပါ ..
(၃) ပြီးလျှင် ခဏစောင့်လိုက်ပါ ... Download ချဖို့ လင့်ကျလာပါလိမ့်မယ် .. လွယ်ပါတယ် ..
(7) ဖိုင်ဆိုက် 100 အထက်ရှိတဲ့ဖိုင်တွေကို ဘယ်လို upload တင်မလဲ ..
အခုပြောပြချင်တဲ့အဓိကကတော့ fileflyer ဆိုက်လေးကို ကြောငြာပေးချင်တာပါ .. ဒီဆိုက်လေးက 1 GB အထိ ပို့ဖို့ လက်ခံထားပါတယ် .. မြန်မာပြည်မှာက နေရာတော်တော်များများမှာ ဖိုင်တင်ဖို့ခက်ခဲကြရတယ် .. gmail ကနေ ပို့ဖို့ဆိုတာကလဲ ဖိုင်ဆိုက် နဲနဲကြီးသွားရင် မရတော့ပြန်ဘူး ... အဲ့ဒီ့တော့ ကျွန်တော်တို့အနေနဲ့ မေးလ်သဘောမျိုးလဲ ဖြစ်သွားအောင် . ကိုတင်ပြီးသား ဖိုင်ရဲ့ download လင့်ကိုလဲ ပေးစရာမလိုအောင် ဘယ်လိုလုပ်မလဲဆိုရင် www.fileflyer.com ကနေ ဖိုင်ကို တင်ပြီးတစ်ခါတည်း ပို့ပေးလို့ရပါတယ် .. လုပ်နည်းကိုပြောပြပါ့မယ် ..
ပုံ(၁)
ပုံ(၂)
ပုံ(၃)
ပုံ(၄)
(၁) http://www.fileflyer.com ကို သွားလိုက်ပါ ..
(၂) ပုံ-၁ အတိုင်း လိုအပ်တာတွေကို ဖြည့်လိုက်ပါ ..
(၃) send ကို နှိပ်ပါ .. အားလုံးပြီးသွားရင် ပုံ-၂ အတိုင်း ဖိုင်ကို တင်နေတာတွေ့ရမှာပါ ..
(၄) ပုံ-၃ လို လင့်တစ်ခုရလာပါလိမ့်မယ် .. အဲ့ဒီ့ရလာတဲ့ လင့်လေးကို နှိပ်လိုက်ပါ ...
(၅) ပုံ-၄ လိုမျိုး download လုပ်လို့ရတဲ့ အခြေအနေကို မြင်တွေ့ရပါလိမ့်မယ် ..
(8)Megaupload မှ download လုပ်နည်း

~~

~~

http://www.megaupload.com/?d=DQW67I4U အခုလို လိပ်စာတစ်ခုရလာပြီဆိုရင်တော့ megaupload ကနေ download လုပ်ရတော့မှာ အသေအချာပါပဲ .. လုပ်နည်းက လွယ်ပါတယ် .. ရလာတဲ့ လိပ်စာကို Address box မှာ ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်ပါ .. ပုံလေးတွေနဲ့ ပြထားပေးပါတယ် .. ပြီးတာနဲ့ download ကျလာဖို့ ပုံ(၃)လို နဲနဲတော့စောင့်ရမှာဖြစ်ပါတယ် . ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့က ၀ယ်သုံးတာမဟုတ်ဘဲ အကောင့်ကို ဖရီးသုံးတယ် . Free အနေနဲ့ သုံးတာဆိုတော့ သူတို့သတ်မှတ်ထားတဲ့အချိန်ကိုတော့ စောင့်မှရမယ်လေ .. ပုံ(၄) ကတော့ နောက်ဆုံးပုံပါ .. regular download ကို နှိပ်လိုက်တာနဲ့ download ကျလာပါလိမ့်မယ် ..
(9)zshare ဖြင့် download လုပ်နည်း
ဒါက တော့ zshare ဆိုက်ကနေ download လုပ်နည်းပါ .. ပုံလေးတွေနဲ့ပြထားပါတယ် . လုံးဝကို download လုပ်တယ်ဆိုတာကို မသိတဲ့သူများအတွက် လုပ်ထားပေးတာပါ ..



(10) 4shared download လုပ်နည်း



4shared ဟာလဲ ဖိုင်တွေကို share ပေးဖို့အတွက် download ထုတ်ပေးတဲ့ file hosting ဆိုက်တစ်ခုပါပဲ .. သူနဲ့ဘယ်လို download လုပ်မလဲဆိုရင် အောက်မှာပုံနှင့်ပြထားပါတယ် .. တတိယအဆင့်ကိုနှိပ်ပြီးတာနဲ့ download လုပ်နေတာကို တွေ့ရပါလိမ့်မယ် .
(11) Mediafire မှ Download လုပ်နည်း
Mediafire မှာ file တွေကို တင်ချင်လို့ပဲဖြစ်ဖြစ် .. တင်ပြီးသားဖိုင်တွေကို download လုပ်ချင်လို့ပဲဖြစ်ဖြစ် .. သိရအောင်လို့ ဒီပို့စ်လေးကို ရေးလိုက်တာပါ .. အခု ကျွန်တော် download လုပ်နည်းကိုပြောပြပါ့မယ် . လွယ်ပါတယ် . ဒါပေမယ့် စုံသွားအောင်လို့ ရေးလိုက်တာပါ .. share ခွဲပေးထားတဲ့ download link တွေဟာ အောက်က ဥပမာပုံစံလိုမျိုး dl link ထုတ်ပေးပါတယ် .
http://www.mediafire.com/?1zjhmztjzjj
အဲ့လိုလင့်လေးကနေ ပြန်ပြီးတော့ download လုပ်ယူမယ်ဆိုရင် လင့်လေးကို copy ကူးပြီး address box မှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ .. ပုံလေးကိုကြည့်လိုက်ပါ ..

(12) ifile.it နှင့် ဘယ်လို download လုပ်မလဲ
သိပြီးသားလူတွေအတွက် မရည်ရွယ်ပါဘူးဗျာ . တစ်ချို့ကမေးမေးနေလို့ တင်လိုက်တာပါ.
အခုမြင်နေရတဲ့ပုံအတိုင်း Request Download Ticket ဆိုတာလေးကို နှိပ်လိုက်ပါ ...

ဒုတိယအကြိမ် ပေါ်လာတဲ့ Download ဆိုတာလေးကို နှိပ်လိုက်ရင်တော့ download ကျလာပါပြီဗျာ.
အားလုံး အဆင်ပြေကြပါစေဗျာ ...
@ by http://www.nyinaymin.com/- သူက Downloader တစ်ခုပါ . Free ဖြစ်သလို . သူ့ရဲ့ Download speed ဟာ အတော်လေးကို မြန်ဆန်တာကြောင့် Downloader Tools များထဲမှာ တစ်ခြားငွေကြေးပေးရတဲ့ Download Manager နှင့် ရင်ဘောင်တန်းပြီးတော့ အတော်အသင့် နေရာယူလာတဲ့ Downloader တစ်ခုပါ.
ဘယ်လို Download လုပ်ယူရမလဲ- ပထမဦးဆုံး http://orbitdownloader.com ကို သွားပါ
- .
ဆိုတဲ့ icon လေးကို နှိပ်ပေးလိုက်ပါ။ ဒုတိယအကြိမ်ထပ်ပြီးတော့
ကို နှိပ်ပါ။
- ကဲပြီးပြီဆိုရင်တော့ http://download.cnet.com ဆိုက်မှာ uploading တင်ထားတဲ့ Orbitdownlaoder ဆီကို ရောက်သွားမှာပါ . (စကားမစပ် ပြောပြပါဦးမယ် http://download.cnet.com ဆိုက်ဟာ microsoft company ကနေ အခမဲ့ Free ware များကို Download လုပ်လို့ရအောင် အခမဲ့ uploading တင်ပေးထားတဲ့ ဆိုက်တစ်ခုပါ . အတော်လေးကို စုံတဲ့ ၀ဘ်ဆိုက်တစ်ခုပါ.) အဲ့မှာတင်ထားတဲ့
Download Now ဆိုတဲ့ နေရာကို click နှိပ်လိုက်ပါ။

- ပြီးသွားပြီဆိုရင်တော့ Download လုပ်ဖို့ link လေး တစ်ခု ကျလာပါလိမ့်မယ် . Download လုပ်လိုက်ပါ ။

- အကယ်၍ Download link မကျလာပါက အခုလို click here ဆိုတဲ့နေရာကို နှိပ်ပြီးတော့လဲ Download လုပ်ယူလို့ ရပါတယ် ။
- အားလုံးပြီးသွားရင်တော့ ရလာတဲ့ orbit Downloader ကို Install လုပ်လိုက်ပါ။
- လုပ်ပုံလုပ်နည်းကိုပါ အောက်မှာ တစ်ပုံချင်းစီ ပြပေးထားပါတယ် . ရှင်းမယ်လို့ မျှော်လင့်ပါတယ် .




ကဲ အပေါ်ကအတိုင်း install လုပ်ပြီးသွားရင်တော့ ဒီကို သွားလိုက်ပါ။ 
- ကဲပြီးရင်တော့
ဆိုတဲ့ icon လေးကို ကလစ်နှိပ်ပါ။

- ပြီးရင်တော့ အခုလို box လေးကျလာရင် install now ကို နှိပ်ပြီး install လုပ်လိုက်ပါ။ အားလုံးပြီးသွားရင် firefox ကို restart လုပ်မှာလား မေးပါလိမ့်မယ် ။ OK ပေးလိုက်ပါ။ Firefox နောက်တစ်ကြိမ် ပြန်ပွင့်လာတာနှင့် ကျွန်တော်တို့ လိုချင်တာကို Download လုပ်လို့ ရသွားပါပြီ။ အားလုံးပဲ အဆင်ပြေကြ ပါစေဗျာ။
Read more!