@BY INTERNET JOURNAL
လာမည့် CES ပြပွဲတွင် Windows 8 နှင့်Windows 7 tablet အား Microsoft မှပြသဖွယ်ရှိ
Wednesday, 5 January 2011
လာမည့်နှစ် ဇန်န၀ါရီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ လက်စ်ဗီးဂက်စ်မြို့တွင်ကျင်းပမည့် လူသုံးကုန်အီလက်ထရွန်နစ်ပြပွဲ (CES) တွင် Microsoft ၏ Windows ဗားရှင်းသစ်ကို အများပြည်သူထံ ပထမဦးဆုံးအနေဖြင့်ပြသဖွယ်ရှိကြောင်း နယူးယောက်တိုင်းမ်သတင်းဌာနမှ ဖော်ပြခဲ့သည်။ Windows 8 နှင့်ပတ်သက်သောသတင်းများကို Microsoft မှ တင်းကျပ်စွာပိတ်ပင်ထားခဲ့သော်လည်း ၎င်းနှင့်ပတ်သက်သောစာရွက်စာတမ်းများ၊ အလုပ်အကိုင်ရာထူးများအပြင် PowerPoint နှင့်တင်ဆက်မှုများသည်ပေါက်ကြားခဲ့ပြီး Windows 8 ထုတ်လုပ်မည့်ရက်ကိုလည်း ဒတ်ခ်ျဘာသာစကားဖြင့် မပီမသဖော်ပြထားသည့်ဓာတ်ပုံမှာလည်း အစောပိုင်းကထွက်ပေါ်လာခဲ့ဖူးသည်။ တိုင်းမ်သတင်းဌာနမှဖော်ပြချက်အရ Microsoft အနေဖြင့် Web app platform တစ်ခုကိုလည်း ပွဲထုတ်ပြသရန် ရည်ရွယ်ထားသည်ဟု သိရသည်။ ၎င်းသည် HTML5 Web application များကိုထောက်ပံ့ပေးနိုင်ပြီး Google ၏ Chrome Web စတိုးနှင့်တူညီကြောင်းသိရသည်။ ၎င်းအပြင် Microsoft သည် ဘေးသို့တွန်းထုတ်ကာအသုံးပြုနိုင်သည့် ကီးဘုတ်ပါဝင်သော Windows 7 tablet များကိုလည်းအဆိုပါ CES ပြပွဲ၌ ပွဲထုတ်ပြသမည်ဖြစ်ကြောင်း တိုင်းမ်သတင်းဌာနမှဖော်ပြခဲ့သည်။
@BY INTERNET JOURNAL
@BY INTERNET JOURNAL
Subscribe to:
Post Comments (Atom)
K
o
Y
i
n
M
a
u
n
g
0 comments:
Post a Comment