ကဲ update file လေးတွေ နဲနဲလောက် ဆက်ကြည့်လိုက်ရအောင်
Micorsoft Word မှာ ပုံတွေထည့်ပြီးရင် ကိုယ့်စိတ်ကြိုက် လှည့်ပြောင်းဖို.ရာ။
မိုက်ကရိုဆော့ဝက် စာမျက်နှာပေါ်သို. ဓါတ်ပုံ ကိုအရင်ထည့်ပါ။ ပြီးရင် Tools Tab ထဲက Customize ထဲကိုဝင်ပါ။ Dialog Box ကျလာရင် Commands Tab ကိုသွားပါ။ Categories ဆိုတဲ့ အောက်မှာ Drawing ကို select မှက်ပြီး ညာဘက်ခြမ်းမှာ Disassemble ဆိုတဲ့ စာလေးပေါ်မှာ ကလစ်ကိုဖိနှိပ်ထားပြီး Drawing Tool Box ထဲသို.ဆွဲ ပြီးသွားထည့်ပါ က Disassemble Picture ဆိုတဲ့ Button လေး Tool လေး Drawing Tool Box ထဲ ရောက်သွားပါလိမ့်မယ်။ ပြီးရင် ဓါတ်ပုံပေါ်မှာ ကလစ်တစ်ချက်နှိပ်ပြီး ခုကထည်.လိုက်တဲ့ Drawing Tools box ထဲက Disassemble Picture ဆိုတဲ့ button ဒေါင့်လေးကို ကလစ်နှိပ်ပြီး ဓါတ်ပုံကို စိတ်ကြိုက်လှည့် နိုင်သွားပါပြီ။ အဆင်ပြေပါစေဗျာ။
စက်ကို နည်းနည်းလောက် ပေါ့သွားအေင်လို.။
Scream shot ယူဖို.ရာ။
ကိုယ်ဆောက်ထားတဲ့ အရေးကြီးတဲ့ ဖိုဒါကို အခြားလူ ဖွင့်ကြည့်လို.မရ၊ Delete လုပ်လို.မရအောင်လုပ်ထားမယ်။
ကိုယ်ဆီမှာ ဇော်ဂျီဖောင့်လဲရှိတယ်၊ ဇော်ဂျီကီးဘုတ်လည်း အင်စတော လုပ်ထားရဲ့သားနဲ. GTalk မှာ မြန်မာလိုရိုက်တာ လေးထောင့်ကွပ်တွေ ပေါ်နေရင်။
ကိုရဲ့ Microsoft Word ဖိုင်လေးတွေကို password နဲ. ပိတ်ထားချင်တယ်ဆိုရင်။
မိုက်ကရိုဆော့ဝတ်ထဲ ဖောင့်ပါထည့်ပေးလိုက်မယ်။
ဘလော့စရေးတဲ့သူတွေ ဇော်ဂျီကီးဘုတ်နဲ. ရေးတာတောင်မှ မြန်မာလိုမပေါ်တာ။
တကယ်ကအဲသလို မဟုတ်ဖူးဗျ။ မြန်မာနိုင်ငံထဲမှာ အင်တာနက်ချိတ်မယ်ဆိုတဲ့ ကွန်ပြူတာတွေက မြန်မာ ISP ဆိုတဲ့ကွန်ပြူတာ Server ကြီးမှာ နက်ဝက် သွားချိတ်ဆက်ရတယ်။ ချိတ်ဆက်ပုံကတော့ အမျိုးမျိုးပေါဗျာ။ အဓိက ကတော့ တယ်လီဖုံးလိုင်းတွေက တဆင့်ချိတ်ဆက်ကြတယ်။ အဲဒီလိုပဲ တခြားနိုင်ငံအသီးသီးကလဲ သူတို.ရဲ့ကွန်ပြူတာတွေကို သူတို.နိုင်ငံက Server ကြီးတွေနဲ.သွားချိတ်ကြတယ်။ ပြီးတော့နီးဆက်ရာ နိုင်ငံအချင်းချင်း ISP ဆာဗာကြီးတွေ အချင်းချင်း ပြန်ချိတ်ဆက်ကြပြန်တယ်။ အဲဒီအချိန်မှာ ကဘာ တစ်ဝန်းလုံး အတွင်း နက်ဝက်ကွန်နက်ရှင် ကြီးတစ်ခုဖြစ်သွားတယ်။ အဲဒါကိုစာနဲ.ပြောမယ်ဆိုရင် (WAN)Wide area Network လို.ခေါ်တယ်။Remote နက်ဝက်ကွန်နက်ရှင်ဆိုလည်း မမှားဘူး။ အဲဒီတော့မှ ကဘာအရပ်ရပ်ကလူတွေက Remoteနက်ဝက်ကနေ သတင်းအချက်အလက်တွေယူတယ်။ ဖိုင်၊ ဖိုဒါတွေ Share သုံးတာကို အင်တာနက် သုံးတယ်လို.ခေါ်တယ်။ သြော်ပြီးတော့ ခုနကပြောတဲ့ဆာဗာကြီးတွေမှာ ၀က်ဆာဗာတွေ ပေါင်းထည့်ပြီး ၀က်ဆိုဒ်တွေ ထောင်ပေးတယ်ဗျာ။ မေးလ်ဆာဗာတွေ ပေါင်းထည့်ပြီး အီးမေးလ်းတွေ ပို.လို.ရအောင်လုပ်ပေးတယ်ဗျာ။ ကဲတော်ပါပြီဗျာ စကားကြောတွေ ရှည်သွားပြီ ကျွန်တော်တို.ရဲ. လမ်းညွန်လေးကို စလိုက်ကြရအောင်။ ကီးဘုတ်ကနေ ရှော့ကတ်ကီးလေး သုံးကြည့်ကြရအောင်။ ၁။ ၀င်းဒိုးကီးရယ်၊ E ကီးရယ်ကို နှိပ်ရင် My Computer ကို ဖွင့်တာပါ။ (၀င်းဒိုးကီး = Ctrl ကီးနဲ. Alt ကီးကြားထဲက ခလုပ် ) ၂။ ၀င်ဒိုးကီးရယ်၊ R ကီးရယ်က Run Box ပါ။ ၃။ ဖွင့်ထားတဲ့ Program တွေကို ပိတ်ချင်ရင်တော့ Alt နဲ. F4 ကီးပါ။ ၄။ ဖွင့်ထားသမျှ Programs တွေအားလုံးကို တချိန်တည်းမှာ minimize လုပ်ချင်ရင် ၀င်းဒိုးကီးနဲ. D နဲ.။ ၅။ Mozilla firefox မှာ New Tab ဖွင့်ချင်ရင် Ctrl နဲ. T ၊ Tab တွေကို ပြန်ပိတ်ချင်ရင် Ctrl နဲ. W ပါ။ Ctrl နဲ. N နဲ.က နောက်ထက် Mozilla window အသစ်ခေါ်တာပါ။ ၆။ ကိုယ်က Program windows တွေအများကြီး ဖွင့်ထားရင် Alt ကို နှိပ်ထားပြီး Tab ကီးကို တစ်ချက်ခြင်းစီနှိပ်ပြီး ကိုယ်လိုချင်တဲ့ Program window ကို အလွယ်တကူ သွားလို.ရပါတယ်။ ၇။ Ctrl နဲ. S နဲ.ကတော့ save လုပ်ပြီး သိမ်းမယ်လို. ဆိုလိုတာပါ။ ၈။ Ctrl နဲ. X နဲ.ကတော့ select လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Cut လုပ်တာ။ ၉။ Ctrl နဲ. C နဲ.ကတော့ select လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Copy လုပ်တာ။ ၁၀။ Ctrl နဲ. V နဲ.ကတော့ copy လုပ်ထားတဲ့ စာတွေ၊ ဖိုင်တွေကို Paste လုပ်တာ။ Freedom ဆိုတာ�.. www.your-freedom.net မှာ ဒေါင်းလော့ယူ၊ အင်စတောလုပ်ပြီး Web Application နဲ.ချိတ်ဆက်ပြီးသုံးရင် ဘယ်လောက်ပိတ်ထားတဲ့ ဆိုတ်ပဲဖြစ်ဖြစ်ကျော်ဝင်လို.ရပြီပေါ့။ အသေးစိတ်သိချင်ရင်တော့ အီးမေးလ်နဲ.လှမ်းမေးလ်လို.ရပါတယ်။ အဲဒီလိုလုပ်ရတာကြာပါတယ် မြန်မြန်လေးကျော်ဖြတ်ချင်တယ်ဆိုရင်တော့ https://polysolve.com, www.proxyter.net တို.လို Web browser ထဲမှာ ဘမ်းထားတဲ့ ကိုယ်သွားချင်တဲ့ ၀တ်ဆိုတ် ကိုရိုက်ထည့်ပြီး ကျော်ဖြတ်လို.လဲရပါတယ်။ ဒါပေမယ့် freedom လောက်တော့ဘယ်လွတ်လပ် မလဲပေါ့နော်။ ခက်မြန်မြန်လေး ဖောင့်များကို ထည့်သွင်းနည်း။ ပထမဦးဆုံး ဖောင့်သွင်းဖို.အတွက် ဖေါင့်ဒေါင်းလော့ဆိုတာတွေကို ဒေါင်းလော့ယူ။ပြီးရင် Right click နှိပ်ပြီး Copy ဆိုတာကို ကလစ်နှိပ်။ ဒါနဲ.စကားမဆက် Run ဆိုတာကိုသိလားမသိဘူး။ Start ပတ်တန်လေးကို ကလစ်လုပ်လိုက်ရင် Run ဆိုတာကို တွေ.တယ်မလား။ အဲဒါကိုပြောတာ။ အဲဒီ Run Box ကို ရှော့ကတ်ကီးနဲ.သွားချင်ရင် ကီးဘုတ်က window ကီးရယ်၊ R ကီးရယ်ကို နှိပ်ပေးလို.ရတယ်။ Window ကီးဆိုတာကောသိလား။ ကီးဘုတ်ဘယ်ဘက်ချမ်းက Ctrl ကီးနဲ. Alt ကီး ကြားထဲက ကီးကိုပြောတာ။ အဲဒီ Run Box ထဲမှာ fonts လို.ရိုက်ပြီး Enter ခေါက်။ ဖောင်းဖိုင်တွေအများကြီး ပေါ်လာပြီဆိုရင် လွတ်တဲ့တနေရာပေါ်မှာ Right Click နှိပ်ပြီး Paste ကိုနှိပ်။ ဒါဆိုဖောင့်သွင်းခြင်းကိတ်စပြီးသွားပါပြီ။ လုပ်နေကြဆိုရင် တစ်မိနစ်တောင် မကြာဘူး။ on-screen keyboard ကို ဖန်တီးရအောင် Start ကို ဖွင့် ပြီးရင် Programs ထဲသွား၊ Accessories ထဲကနေတဆင့် Accessibility ပြီးရင် on-screen keyboard ဆိုတာကို ကလစ်လုပ်။ ကီးဘုတ်ပုံစံလေး မော်နီတာမှာပေါ်လာလိမ့်မယ်။ အဲဒီ မော်နီတာပေါ်က ကီးဘုတ်ပုံစံလေးမှာ Settings ထဲကိုဝင် ပြီးရင်ဖောင့်ဆိုတာကို ကလစ်လုပ်။ ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေး ပြီးရင် OK လုပ်။ ဒါဆိုရင် Mouse လေးနဲ.နှိပ်ပြီး စာတွေရိုက်လို. ရပြီပေါ့။ အဲဒီ Run ကနေတဆင့် သွားလို.ရတဲနေရာတွေကို ပြောပြမယ်။ Run box ထဲမှာ ရိုက်ထည့်ပြီး OK လို.ပြောရမှာနော်။ ၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက ကွန်ပြူတာရဲ့ အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့ နေရာကို သွားတာ။ ၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက control panel ထဲကိုသွားတာ။ ၃။ Notepad ထဲကိုသွားချင်ရင် notepad လို.ပဲရိုက်လိုက်ရင် ရပြီ။ ၄။ Wordpad ထဲသွားချင်ရင်လည်း အဲဒီအတိုင်း wordpad လို.ရိုက်ပြီး Enter ခေါက်။ ၅။ winword ဆိုပြီး Enter ခေါက်ရင် Microsoft word ကိုရောက်သွားလိမ့်မယ်။ ၆။ Excel ဆိုပြီး Enter ခေါက်ရင် Microsoft Excel ကိုရောက်သွားလိမ့်မယ်။ ၇။ powerpnt ဆိုတာက ပါဝါပွိုင့် ကို။ ၈။ photoshop ဆိုတာက Adobe Photo shop ကိုသွားတာ။ ၉။ calc ဆိုတာက ဂဏန်းပေါင်းစက် ၁၀။ cmd ဆိုတာက Command Box ၁၁။ charmap ဆိုတာက ကာရိုက်တာ Map ကို ၁၂။ cleanmgr က Disk ကို သန်.ရှင်းတာ ၁၃။ dfrg.msc ဆိုတာက ဖိုင်တွေကို စနစ်တကျ ပြန်စီပေးတာ။ အဲဒီလိုပြန်စီလိုက်ရင် ကွန်ပြူတာသုံးရတာ နဲနဲတော့ ပိုမြန်သွားတယ်။ Defragment Run ရင်အချိန်နဲနဲတော့ ပေးရတယ်။ အဲဒီလို Run ထားရင်လည်း ကွန်ပြူတာကို ဘာမှမသုံးတာ အကောင်းဆုံးပဲ။ ၁၄။ Disk ကို manage လုပ်မယ်ဆိုရင် diskmgmt.msc ဆိုပြီးရိုက်။ ၁၅။ ntbackup ဆိုတာက data တွေ system state တွေကို backup လုပ်ဖို.။ ၁၆။ sndrec32 ဆိုတာက ကွန်ပြူတာနဲ အသံ ဖမ်းဖို. ၁၇။ Run box ထဲမှာ c: ဆိုပြီးရိုက်ရင် c Drive ကို ရောက်သွားမယ်။ d: ဆိုပြီး Enter ခေါက်ရင် D Drive အောက်ကို ရောက်သွားမယ်။ ၁၈။ Add or Remove Programs ကို သွားချင်ရင် appwiz.cpl ဆိုပြီးရိုက်။ ၁၉။ Device Manager ကို သွားချင်ရင်တော့ devmgmt.msc လို.ရိုက်။ ၂၀။ ကွန်ပြူတာ User အသစ်တွေ ဖွဲ.ချင်ရင် nusrmgr.msc လို.ရိုက် ထပ်ရေးချင်သေးတယ်။ ဒါပေမယ့် အဲဒီအကြောင်းတွေ ရေးတာနဲ.တင် နေရာတွေအများကြီး ယူသွားမှာဆိုးလို.။ ဒီတခါပေးမယ်ဟာလေးက ကျွန်ပြူတာ windows တက်တဲ့ အချိန်တွေတို.၊ ဒါမှမဟုတ် log off လုပ်တဲ့ အချိန်မှာတို. Turn off လုပ်တဲ့ အခါမျိုးတို.မှာ ကိုယ်က မြည်စေချင်တဲ့ အသံမျိုး ကွန်ပြူတာကနေ ထွက်အောက်လုပ်တဲနည်းပါ။ ၁။ ပထမဦးဆုံး Run box ထဲမှာ sndrec32 ဆိုပြီး Enter ခေါက်။ ၂။ စပီကာက ဂျက်ပင်ကို ကွန်ပြူတာမှာထိုးတဲ့ အပေါက်နားမှာ ပန်းရောင်အပေါက်ရှိတယ်၊ အဲဒါက မိုက်ကရိုဖုန်း တက်ဖို. ၊ တကယ်လို မိုက်ကရိုဖုန်းမရှိရင် စပီကာကိုလည်း မိုက်ကရိုဖုန်း ပုံစံမျိုး ပြောလို.ရတယ်။ အဲဒီ ပန်းရောင်အပေါက်မှာ မိုက်ကိုတက်။ ၃။ ပြီးရင် ခုနက ခေါ်ထာတဲ့ sound Recorderက အနီရောင် ခလုပ်လေးကို နှိပ်ပြီး ကိုယ်က ကွန်ပြူတာမှာ မြည်စေချင်တဲ့ စကားလုံးတွေ ပြောထည့်။ ၄။ ပြီးတော့ Save လုပ်။ ကိုယ် Save လုပ်တဲ့နေရာရယ်၊ File name ရယ်ကိုတော့ မှက်ထားဦးနော်။ ၅။ နောက်တခါ Run box ထဲမှာ control Enter၊r။ ၆။ sounds and Audio Devices ဆိုတဲ့ စပီကာပုံ လေးပေါ်မှာ ကလစ်လုပ်။ ၇။ sounds and Audio Devices ထဲ ရောက်ပြီဆိုရင် Volume တပ် ရဲ့ဘေးမှာ Sounds ဆိုတာရှိတယ်။ အဲဒီထဲဝင်။ ၈။ အောက်နားမှာ Program Events ဆိုတဲ့ Box ထဲမှာ တခုခုကိုရွေး ။ ဥပမာ windows log off ကို ရွေးမယ်ဆိုရင် ကွန်ပြူတာ log off ချတိုင်းမှာ ကိုထည့်ထားတဲ့ အသံကမြည်မှာလေ။ ၉။ ပြီးရင် အဲဒီဘေးမှာ Browse ဆိုတဲ့ ဟာလေးလင်းလာပြီဆိုရင် ကလစ်လုပ်ပြီး ကိုယ်ခုနက သိမ်းထားတဲ့(Record) file ကို ပြန်ရွေးပေးလိုက်။ ပြီးရင် ok . Apply . ok �ဒါဆိုရပြီ။ ဒီတခါ ပြောပြမယ့် အကြောင်းလေးကတော့ Mouse မရှိတဲ့ အခါ Mouse အသုံးပြုသလိုမျိုး ကီးဘုတ်ကနေသုံးလို. ရတဲ့နည်းပါ။ ၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက် နှိပ်တာပါ) ၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။ ၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။ ၄။ ပြီးရင် ဘေးက Settings ထဲသို့ ထပ်ဝင်ပါ။ ၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။ ၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေး ခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။ ၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။ ၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။ ၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။ Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။ ၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။ နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်၊ ကျနော်နဲ့ Folder Options (ပျောက်ဆုံးခြင်း) ကျနော့်ကွန်ပြူတာမှာ Folder Options ပျောက်သွားလို့ ခဏလောက်တော့ ခေါင်းစားသွားရပါတယ်။ စဉ်းစားခန်းဖွင့်လိုက်သေးတယ်။ ဘယ်နဲ့ပျောက်သွားရတာပါလိမ့်။ Folder Option ဆိုတာကို မိမိရဲ့ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် အများကိုမမြင်မတွေ့စေချင်တဲ့ file (or) folder များကို မြင်ကွင်းမှ ဖျောက်ထားခြင်း၊ မြင်ကွင်းပေါ်သို့ ပြန်ရောက်အောင် ပြန်ခေါ် ခြင်းတို့မှာ များသောအားဖြင့် အသုံးပြုတတ်ကြပါတယ်။ ကျနော်လည်း file တစ်ချို့ကို ဖျောက်ထားမလို့ လုပ်မယ်အကြံမှာ Tools ထဲမှာ Folder Options ရှိမနေဘူး။ ဒါများ ခက်တာမှတ်လို့ Control panel ထဲကိုသွားမှာပေါ့။ ရော အဲဒါမှ ခက်ပြီး . . . Control panel ထဲမှာ လည်း မရှိဘူးဗျ။ ဘယ်လိုလုပ်ရမလဲ ? အဲဒီတော့ ကျနော့်ဆရာတွေအထဲက ကျနော်နဲ့အနီးဆုံးရှိနေတဲ့ ဆရာကိုမေးရတော့မှာပေါ့။ အဲလိုနဲ့ ကျနော့်ဆရာတစ်ဦးဖြစ်တဲ့ google.com ဆီဝင်မေးလိုက်ရပါတယ်။ Folder Options ပျောက်ဆုံးခြင်းဟာ ဗိုင်းရပ်စားတာ ဖြစ်နိုင်ပါတယ်တဲ့။ ကဲ့ ပျောက်သွားတဲ့ Folder Options ကို ကျနော်တို့ ပြန်ခေါ် ကြရအောင် . . . အရင်ဆုံး Start ထဲက Run ဆီကိုသွားရပါမယ်။ Run box ထွက်လာတဲ့အခါမှာ gpedit.msc ကိုရိုက်ပြီး ok ပေါ့။ ကဲ ပေါ်လာတဲ့ box ထဲမှာမှ . . . . User Configuration -> Administrative Template -> Windows Components -> Windows Explorer အဲလို တစ်ဆင့်ပြီးဆင့်သွားလိုက်ပေါ့။ ထွက်လာတဲ့ Box လေးထဲမှ Removes Folder Options menu from Tools menu ကိုရှာလိုက်ပြီး ၂ချက် ကလင့်လိုက်ပါ။ ထပ်ထွက်လာတဲ့ box ထဲက Disable ကိုရွေးလိုက်ပေါ့။ ကဲ့ အဲဒါတွေအားလုံးပြီးရင်တော့ ကျနော်တို့ Control panel ထဲမှာရော Tools ထဲမှာပါ Folder Options ပြန်တွေ့ ပါလိမ့်မယ်။ အားလုံးအဆင်ပြေကြပါစေဗျာ . . .။ |
@ BY http://kopyaesone.co.cc/
0 comments:
Post a Comment