............................................................ ..........

Windows Anytime Upgrade ဖြင့် Windows 7 Upgrade မြှင့်တင်ခြင်း

Thursday, 6 January 2011

Windows Anytime Upgrade ဖြင့် Windows 7 Upgrade မြှင့်တင်ခြင်း



ဒီပို့လေးကို ကျနော် သဘောကျလို့ သူငယ်ချင်းတွေ အတွက် ပြန်လည်ပြီး share ပေးတာပါ ။မူရင်း ရေးသားသူကတော့ http://www.myanmarfamily.org/forum/က ကိုမျိုး ဖြစ်ပါတယ် ။ သူငယ်ချင်းတွေလည်း Windows Anytime Upgrade ဖြင့် Windows 7 Upgrade မြှင့်ချင်တဲ့ သူတွေ အတွက် အဆင်ပြေအောင် ပြန်လည်တင်ပေး လိုက်တာပါ ။ ကျနော်ကိုယ်တိုင် စမ်းလုပ်တာ အဆင်ပြေပါတယ် ။ သူငယ်ချင်းများ စိတ်ဝင်စားရင် အောက်မှာ သေချာဖတ်ပြီး Windows 7 Upgrade မြှင့်နိုင်ကြပါစေ ။အောက်မှာ ကိုမျိုးရေးထားတာလေး ဆက်လက်ဖတ်ပြီးလေ့လာကြည့်ပါ ။



××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××



ဒီအကြောင်းအရာလေးကို ရေးထားတာ နှစ်ပတ်ကျော်လောက်ကပါ ။ Screentshot ဖမ်းထားတာက တစ်ခြားပုံတွေရောဆို ( ၂၅ ) ပုံကျော်လောက်ရှိပါတယ် ။ Snagit မှာမ Save ထားဘဲ Recent Files အဖြစ်ထားရာက ကျန်တဲ့ဖိုင်တွေ ပျောက်ပျောက်သွားပါတယ် ။ ရှယ်ချင်တဲ့ အကြောင်းအရာလည်းမတင်ဖြစ် ၊ အခုကျန်သေးတဲ့ ပုံတွေလည်းပျောက်သွားမှာ စိုးတဲ့အတွက် ဒီနေ့ဘဲတင်ဖြစ်လိုက်ပါတယ် ။ ပို့စ်ကရှိပြီးသား ( သို့ ) နေရမှားနေတယ်ဆို ရွှေ့ပေးပါဦးခင်ဗျာ ။ ဒီလိုဗျာ ... လက်ရှိကိုယ်သုံးနေတာက Windows 7 Home Premium ။ အဲဒီတော့ လက်ရှိသုံးနေတဲ့ ဗားရှင်းကနေ သူ့ထက်မြှင့်တဲ့ Professional ( or ) Ultimate ကို Upgrade လုပ်ချင်တယ် ။ ကိုယ်က Windows ကို အလုပ်ရှုပ်ခံ အချိန်ကုန်ခံ အသစ်တင်ပြီးလဲ Upgrade မလုပ်ချင်ဘူး ။ ပြီးတော့ လက်ရှိ ကိုယ့်စက်ထဲမှာ ရှိတဲ့ Programs တွေ Files တွေ Settings တွေကိုလည်း မပျောက်မပျက်စေချင်ဘူး ။ ဘယ်လိုလုပ်ရပါမလဲ ။ အဖြေကတော့ လုပ်လို့ရတယ်လို့ပြောရပါမယ် ။ ပထမဦးစွာ လိုအပ်ချက်အနေနဲ့ Upgrade မြှင့်တင်ချင်တဲ့ စက်မှာ အင်တာနက်ကွန်နက်ရှင် တော့ရှိရပါမယ် ။ ဒါမှလဲ Upgrade မြှင့်တင်လို့ရမှာကိုး ။ မြှင့်တင့်နိုင်မယ်နည်းလမ်းကတော့ လောလောဆယ်ကျနော်တို့သုံးနေတဲ့ Windows 7 Edition ထက်ပိုပြီး Features စုံတယ့် Edition တစ်ခုကို Windows Anytime Upgrade ကိုအသုံးပြုခြင်းဖြင့် မြှင့်တင်နိုင်ပါတယ် ။ ဒီအောက်က Link မှာတော့ Windows 7 Features တွေကို နှိုင်းယှဉ်ပြထားပါတယ် ။



အဲဒီအတွက် Windows Anytime Upgrade ကနေ ဘယ်လို Upgrade လုပ်မယ် ၊ ဘာတွေသိထားဖို့လိုအပ်လဲဆိုတာကို သိသလောက်လေး ပြောပြချင်ပါတယ် ။ အဓိက ကတော့ Upgrade keygens ကိုရှယ်ချင်တာပါ ။ Anytime Upgrade မှာစတင်လုပ်ဆောင်ဖို့ရာ Webပေါ်ကနေတိုက်ရိုက်ဝယ်ယူမှု့အပိုင်း နဲ့ Upgrade key မိမိလက်ဝယ်မှာရှိပြီးသားဆိုတဲ့အပိုင်း ( Computer Electronics Store ကနေဝယ်ယူပြီးသည်ဖြစ်စေ ၊ Online ပေါ်ကနေ ကျနော်တို့လို့ Free Users တွေအတွက် Hacker တွေ တစ်ချို့ရဲ့ ကြိုးပမ်းအားထုတ်မှု့ကြောင့် ရရှိခဲ့သည်ဖြစ်စေ ) ဆိုပြီး ( ၂ ) ပိုင်းရှိပါတယ် ။



Click this bar to view the full image.




ပထမပိုင်းကတော့ ကိုယ်ကိုတိုင်လည်း ဝယ်ယူပြီးအသုံးပြုတဲ့ Purchaser မဟုတ်တဲ့အတွက် အပေါ်က Method A နဲ့ Upgrade လုပ်မယ့်သူတွေကတော့ ဒီ လင့်ခ် ကနေ Upgrade လုပ်နိုင်မယ့် Windows 7 Versions အမျိုးအစားလိုက် ငွေကြေးပမာဏ ရယ် အသေးစိတ်အချက်အလက်တွေကို သွားရောက်လေ့လာကြည့်ရှုပြီး Upgrade လုပ်နိုင်ပါသည် ။ Windows ကတော့ Activate ဖြစ်ဖို့တော့လိုပါမယ် ။ Method A နဲ့ Upgrade လုပ်ဆောင်ချင်သူများကတော့ အောက်က Video ကိုကြည့်ပေးပါ ။











အခု Method B အပိုင်းကို စတင်ပါမယ် ။ စတင်မလုပ်ဆောင်ခင် ...

* Windows 7 Anytime Upgrade Keygen ကိုပိုရင်ဖွင့်ထားလိုက်ပါ ။



Click this bar to view the full image.


ကျနော်တို့နေ့စဉ်နဲ့အမျှသုံးနေတဲ့ Windows OS တွေရဲ့ဖခင်ကြီး Mircorsoft Coporation ကို လေးစားသောအားဖြင့် ထည့်ထားတာကလည်း Keygen ထဲက Keys တွေလည်းဖြစ်တာကြောင့်မို့ Drawing Tools နဲ့ Keys တွေကို ပြန်ဖျက်ထားပါတယ်ခင်ဗျာ ။



* လက်ရှိ ကိုယ်သုံးနေတဲ့ Edition ကနေ ကိုယ် Upgrade လုပ်မယ့် မိမိနှစ်သက်ရာ Editions ကို Keygen ထဲမှာရွေးချယ်ပြီး ညာဘက်က Generate ကိုနှိပ်ပြီးမှတ်ထားပါမယ် ။ ( ဆိုလိုတာက လောလောဆယ် ကိုယ်သုံးနေတဲ့ Windows က Professional Edition ဗျာ ... Upgrade မြှင့်ချင်တာက Ultimate ။ အဲဒီတော့ Keygen မှာပါတဲ့ Ultimate Text Box ရဲ့ညာဘက်က Generate button တစ်ခုကိုနှိပ်လိုက်ပြီး Key ကို Copy ထားလိုက်ပါမယ် ။ )




* Upgrade လုပ်ငန်းစတင်ပါမယ် ။ စတင်ဖို့အတွက် Start - > Search Box ကနေ Anytime လို့ရိုက်ထည့်လိုက်ရင်ကို Windows Anytime Upgrade ကိုတွေ့ပါလိမ့်မယ် ။ ( သို့ ) Control Panel - > Windows Anytime Upgrade ဆိုပြီးသွားလည်းရပါတယ် ။



Click this bar to view the full image.




This image has been resized. Click this bar to view the full image. The original image is sized 665x467 and weights 80KB.




* ပေါ်လာတဲ့ Windows Anytime Upgrade မှာ Method B ကို ရွေးချယ်ပြီး စတင်ပါမယ် ။ (လက်ရှိ ကျနော် Run ထားတာက Professional ပါ ။ Ultimate ကိုမြှင့်တင်ပါမယ် ။ )



This image has been resized. Click this bar to view the full image. The original image is sized 665x502 and weights 78KB.




This image has been resized. Click this bar to view the full image. The original image is sized 690x236 and weights 40KB.




* Enter An Upgrade Key ထဲကိုဝင်ပြီးလျှင် စောနကကူးယူလိုက်တဲ့ ကီးတွေကိုဖြည့်လိုက်ပါမယ် ။



This image has been resized. Click this bar to view the full image. The original image is sized 665x502 and weights 62KB.




* ပြီးလျှင် ထည့်လိုက်တဲ့ ကီး အတည်ပြုစစ်ဆေးနေတာကို စောင့်ဆိုင်းပါမယ် ။



This image has been resized. Click this bar to view the full image. The original image is sized 665x502 and weights 41KB.




* လိုင်စင်စည်းကမ်းချက်တွေကို နားလည်ဖတ်ရှုပြီး သဘောတူပါကြောင်း Accept လုပ်ခိုင်းပါလိမ့်မယ် ။ Accept ကိုသာနှိပ်လိုက်ပါ ။



This image has been resized. Click this bar to view the full image. The original image is sized 665x502 and weights 32KB.




* Upgrade မလုပ်ခင် လက်ရှိမိမိစက်မှာ Run ထားတဲ့ Programs တွေအားလုံးကို ပိတ်ခိုင်းပါလိမ့်မယ် ။ အကုန်လုံး ပိတ်ပြီးသွားပီဆိုလျှင် Upgrade ကို နှိပ်လိုက်ပါ ။



This image has been resized. Click this bar to view the full image. The original image is sized 665x502 and weights 51KB.




* Upgrade လုပ်ငန်းစတင်နေချိန် ဘာ Programs မှ Run မနေပါနဲ့ ။ Upgrade လုပ်ပြီး လျှင် System ကနေ Automaitc Restart ကျပါလိမ့်မယ် ။



This image has been resized. Click this bar to view the full image. The original image is sized 665x502 and weights 50KB.




* Restart မကျခင် Upgrade လုပ်နေပါလိမ့်မယ် ။



This image has been resized. Click this bar to view the full image. The original image is sized 667x504 and weights 54KB.




* Restart ကျပြီးလို့ ပြန်တက်လာလျှင် ထပ်ပြီး Upgrade လုပ်ဆောင်နေပါလိမ့်မယ် ။



This image has been resized. Click this bar to view the full image. The original image is sized 667x504 and weights 49KB.




* Upgrade ပြီးပီးဆိုတာနဲ့ နောက်ဆုံးအကြိမ် Restart ထပ်ကျပါဦးမယ် ။ Restart ပြီးလို့ ပြန်တက်လာလျှင် နောက်ဆုံး Upgrade နဲ့ Configure လုပ်နေပါလိမ့်မယ် ။



This image has been resized. Click this bar to view the full image. The original image is sized 667x504 and weights 52KB.




* Windows ထဲစဝင်ပြီးဆိုတာနဲ့ Windows 7 Ultimate ကို အောင်အောင်မြင်မြင် Upgrade လုပ်ဆောင်ခြင်းပြီးဆုံးသွားတဲ့အတွက် Close ပေးလိုက်ပါမယ် ။ ဒီမှာတင် Windows Upgrade လုပ်ဆောင်ခြင်း ပြီးဆုံးပါပီ ။



This image has been resized. Click this bar to view the full image. The original image is sized 665x502 and weights 44KB.




This image has been resized. Click this bar to view the full image. The original image is sized 658x236 and weights 31KB.




Connection မကောင်းတဲ့ သူများအတွက်တော့ ပုံတွေက အကုန်ပေါ်ချင်မှပေါ်ပါလိမ့်မယ် ။ အတက်နိုင်ဆုံးမြင်သာအောင်တော့ ချုံ့ထားပါတယ် ။ အဆင်မပြေဘူးဆိုရင် ဒီ ကနေဒေါင်းလုပ်ချပြီးကြည့်ကြပါ ။



မှတ်ချက် : >



* ဒီ Windows Anytime Upgrade ကိုသုံးမယ်ဆိုရင်ကန်သတ်ချက်လေးတွေတော့ရှိတယ်ပေါ့ဗျာ ။ ဆိုလိုတာက Windows 7 ရဲ့ 32-Bit Version အချင်းချင်း ( သို့ ) 64-Bit Version အချင်းချင်းသာလျှင် Upgrade လုပ်နိုင်ပါလိမ့်မယ် ။ Windows 7 32-Bit Version ကနေ 64-Bit Version ကို Vice-Versa အားဖြင့်တော့ Upgrade လုပ်လို့ရလိမ့်မည့်မဟုတ်ပါ ။ 32-bit ( 86 bit ) နဲ့ 64-bit အကြောင်းကို ဖိုရမ်ထဲက ဒီ နေရာမှာ ကိုကေဇက်ကနေ ရေးသားထားတာရှိပါတယ် ။

* တစ်ကယ်လို့ Online ကနေဝယ်ယူတဲ့စနစ်နဲ့ Upgrade လုပ်မယ်ဆိုလျှင်တော့ဖြင့် အောက်ဖော်ပြပါ Locale ဖြစ်မှသာလျှင် Windows Anytime Upgrade မှာရရှိနိုင်မှာဖြစ်ပါတယ် ။ အွန်လိုင်းကနေဝယ်ယူပြီး Upgrade လုပ်နိုင်မယ့် နိုင်ငံတွေကတော့ -

Australia, Belgium, Canada, Germany, France, Italy, Japan, the Netherlands, Spain, Sweden, Switzerland, the United Kingdom, and the United States တို့ပါဘဲ ။


* ဝယ်ပြီး Upgrade လုပ်မယ်ဆိုတဲ့ ကိုကို ၊ မမ များအတွက် ဖော်ပြပါနိုင်ငံတွေထဲမှာပါရဲ့စမ်းနဲ့ Upgrade မြှင့်တင်လို့မရရင် ပေါ်လာတဲ့ Windows Anytime Upgrade isn't available for online purchase ရဲ့အောက်မှာ You might need to change locale ... upgrade online ဆိုပြီးရှိပါတယ် ။ အဲဒါလေးကို နှိပ်လိုက်ရင် ကျလာတဲ့ Instruction ကိုဖတ်ပြီး လိုက်လုပ်ပါ ။ အဆင်ပြေသွားပါလိမ့်မယ် ။ ကိုယ်သုံးနေတဲ့ လက်ရှိ Windows ကတော့ Activate ဖြစ်ဖို့တော့လိုမပေါ့ဗျာ ။


* နောက်ဆုံးတစ်ခုအနေနဲ့ကတော့ Microsoft ကနေ Release လုပ်ပေးလိုက်တဲ့ Windows 7 Editions တိုင်း Windows Anytime Upgrade မရနိုင်တဲ့ ကန်သတ်ချက်လေးတွေရှိပါသေးတယ် ။ Windows 7 ရဲ့ Edition တိုင်း Windows Anytime Upgrade ကိုရနိုင်မှာမဟုတ်ပါဘူး ။ ဥပမာအနေနဲ့ပြောရရင် Windows 7 Ultimate လိုပေါ့ ။ ပိုပြီးနားလည်လွယ်အောင် အောက်က Lists တွေကိုကြည့်လိုက်ပါ ။ Upgrade လုပ်နိုင့်မယ် Anytime Upgrade editions တွေကတော့ အောက်ပါအတိုင်းဖြစ်ပါသည် ။



* Starter to Home Premium.

* Starter to Professional.

* Home Premium to Professional.

* Starter to Ultimate.

* Home Premium to Ultimate.

* Professional to Ultimate.




ပိုပြီးရှင်းလင်းလွယ်ကူသိသာသွားအောင် အောက်က Windows Anytime Upgrade Choices တွေကိုထပ်ပြီးကြည့်လိုက်ပါဦး ။



This image has been resized. Click this bar to view the full image. The original image is sized 560x195 and weights 25KB.




ကျနော် Windows 7 ကို Install ခဲ့စဉ်က Home Premium ပါ ။ Keygen အလုပ် လုပ်မလုပ် စမ်းသပ်ရာကနေ Professional ဖြစ်သွားပါတယ် ။ စပြီးစမ်းသပ်တာလဲဖြစ်တဲ့အတွက် Screentshot မရိုက်လိုက်ရလို့ Ultimate ထပ်မြှင့်ပါတယ် ။ အောင်အောင်မြင်မြင်နဲ့ဘဲ လောလောဆယ်တော့ Ultimate လေးသုံးနေရပီ ။ Editions နှစ်ခုလုံးအတွက် အဆင်ပြေစွာဘဲ Upgrade လုပ်ခဲ့ပြီဖြစ်သောကြောင့် Starter ကနေ Home Premium , Professional or Ultimate သို့ Upgrade မြှင့်တင်ချင်သူများအတွက်လည်း Keygens မှာပါတဲ့ keys တွေကို အသုံးပြုပြီး Upgrade လုပ်မယ်ဆို အဆင်ပြေမယ်ထင်ပါတယ် ။ ကျနော် အခုတင်တဲ့ Post နဲ့ Keygen ကတော့ ပြောရမယ်ဆိုရင် Illegal နဲ့တော့ငြိစွန်းနေလားတော့မပြောတက်ဘူး ။ ဒီ နေရာမှာတော့ Post သာတင်ထားပြီး Keygen ကို Comments ထဲမှာတောင် မတင်ခိုင်းထားပါဘူး ။ ရနိုင်မယ့်နေရာတော့ ညွှန်းပေးထားတယ် ။ ကျနော်ကတော့ ဒီ Keygen ကို warez site တစ်ခုကနေရပါတယ် ။ အမည်ကိုလည်း ချိန်းပြီးတင်ထားတာဆိုတော့ ဘာမှတော့မဖြစ်လောက်ဘူးထင်ပါတယ် ။ Web ပိုင်းဆိုင်ရာ အခြေအနေနဲ့လုပ်ဆောင်မှုအပိုင်းတွေမှာ နားမလည်တဲ့အတွက် Trouble ဖြစ်နိုင်တယ်ဆိုရင်တော့ Admin များအဆင်ပြေသလိုသာ ဆောင်ရွက်ပေးကြပါ ။ ကျနော်ကတော့ မြန်မာမိသားစုဝင်တွေအတွက် ပြန်ရှယ်ပေးခြင်းပါ ။ စာအရေးအသားမှာလည်းညံ့ဖျင်းတဲ့အတွက် ကိုယ်ရှယ်ချင်တဲ့အကြောင်းအရာကို စာဖတ်သူတွေနားလည်လွယ်အောင် ဖျစ်ညှစ်ပြီး ရေးသားတင်ပေးလိုက်ရခြင်းပါ ။ သည်းခံပြီးအဆုံးထိရောက်အောင် ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ ။ Windows 7 Anytime Upgrade Keygen ကိုတော့ အောက်မှာယူပါ ။







..:: PASSWORD ::..



Code:
WWW.Myanmarfamily.Org

Share everything i got on Internet.All my Entries not my own.I just Search and Share to everyone.Contact me if you have any Question!!! ^_^ yannainghtun43084@gmail.com

If any of my links no longer work, please send PM to let me know !







This image has been resized. Click this bar to view the full image. The original image is sized 500x222 and weights 21KB.




* ဒီနေရာမှာသိထားဖို့က ကျနော်တို့က လက်ရှိ Edition ကိုသူ့ထက်စွမ်းဆောင်ရည်ကောင်းတဲ့ Edition တစ်ခုဖြစ်အောင် တစ်ဆင့်တိုးမြှင့်ချင်လို့ဒီလိုတွေလုပ်ပါတယ် ။ တစ်ဆင့်အောက်ကိုချဖို့လုပ်နေတာမဟုတ်ပါဘူး ။ ဆိုလိုချင်တာက လက်ရှိကိုယ်သုံးနေတာက Ultimate လေးဗျာ ။ Starter ကို တစ်ဆင့်တိုးမြှင့်ချင်လို့ပါ ။ အဲဒီလိုလုပ်လို့ မရပါဘူး ။ တစ်ဆင့်အောက်ချတဲ့ သဘောသက်ရောက်သွားပါတယ် ။ နောက်သဘောတရားတစ်ခုက အရင် Version ကိုပြန်ပြီး Upgrade လုပ်ဖို့လည်းခွင့်မပြုသလို ၊ လုပ်ဆောင်ဖို့ကြိုးစားလို့လည်းမရနိုင်ပါဘူး ။ ( Anytime Upgrade editions တွေအကြောင်း မသိသေးခင်ကတော့ စမ်းဖူးပါတယ် ။ မရပါဘူး ။) အဲဒီတော့ကိုယ်က Upgrade လုပ်နိုင့်မယ် Anytime Upgrade editions တွေကိုနားလည်ထားဖို့လိုလာပါပီ ။ အဲဒါနဲ့ပတ်သက်လို့ အောက်က မှတ်ချက်မှာ ထည့်သွင်းဖော်ပြပေးထားပါတယ် ။

0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG