အချစ်ရွာpost by , Klang , ရွာစားလေး
FLV Converter လေးပါ အသုံးဝင်တာကတော့ youtube သီချင်းတွေကိုဒေါင်းပြီး ဒီ FLV Converter
ထဲထည့်ပြီး mpeg , mp4 , mp3 ,wnv 3GP အစရှိတဲ့ ဖိုင်လေးတွေ ပြောင်းလို့ရတဲ့ ဆော့ဝဲလ် converter
လေးပေါ့ music သမားတွေအတွက် တော်တော်လေး အသုံးဝင်ပါတယ် ။ ကျနော်မှာ ရှိတာလေး ပြန်ပြီး
မျှဝေလိုက်တာပါ အောက်မှာ ဒေါင်းလော့လင့်လေးပေးထားပါတယ် ဒေါင်းယူလိုက်ပါ ။ Youtube video flv
ဒေါင်းတဲ့ဆော့ဝဲလ်လေးတော့ ကျနော် တစ်ခါက ပေးဖူးပါတယ် မရှိသေးရင်လည်း
ဒီနေရာမှာသွားပြီးဒေါင်းလိုက်ပါ ။ အခုဆော့ဝဲလ်
converter လေးကတော့ အောက်မှာပုံနဲ့ပြထားပါတယ် လုပ်နည်းလည်းလွယ်ပါတယ် ။
အောက်မှာပြထားတာကတော့ အင်စတောအောင်ပြီး icon လေးပွင့်လာတဲ့ ပုံလေးပါ ။ အဲ့မှာ ရှိတဲ့
ဘယ်ဘက်ဒေါင့်က ADD VIDEO ဆိုတဲ့
ဟာလေးကလစ်ပြီး ဒေါင်းထားတဲ့ Youtube flv ဖိုင် လေး (video)လေးထည့်ပြီး ။ ဘေးမှာပေါ်လာတဲ့
အထဲမှာ နောက်ထပ်ပုံတစ်ခုထဲကအတိုင်း မိမိလိုချင်တဲ့ အမျိုးစား ဖိုင်လေးရွေးပေါ့ MPEG , MP4 , MP3 , 3GP,
စိတ်ကြိုက်ရပြီ ဆိုရင် CONVERT ဆိုတဲ့ Button ခလုတ်လေးနှိပ်ပြီး လုပ်လိုက်ရုံပါပဲ ...တကယ်
လွယ်လွယ်လေးပါဗျာ ။ mp3 သီချင်းလေးတွေ mp4 သီချင်းလေးတွေ 3gp လေးတွေ လုပ်ပြီး
သူငယ်ချင်းတွေကို လက်ဆောင်ဖုန်းထဲ ထည့်ပေးနိုင်ကြပါစေဗျာ

အင်စတော လုပ်ပြီးရင် ပွင့်လာတဲ့ ပုံ ပါ

" FOR YOU "flvconverter_setup

0 comments:
Post a Comment