အံ့သြသဘောကျဖို့ကောင်းတဲ့ ebook တစ်မျိုး လုပ်ပြမလို့။ .chm ဖိုင် အမျိုးအစားဖြစ်ပြီး၊ HTML Help file လို့ခေါ်တယ်။ အရမ်းထူးခြားတဲ့ အားသာချက်တွေ ရှိနေတဲ့အပြင် အသုံးပြုရလည်းလွယ်တယ်။ ဖန်တီးတဲ့သူအတွက်လည်း ဘာမှ ခက်ခက်ခဲခဲမရှိပါဘူး။ ကျနော့်ရဲ့ project တစ်ခုဖြစ်တဲ့ ဒြပ်စင်အလှည့်ကျဇယား (periodic table) ကို offline သုံးအနေနဲ့ ပြုလုပ်ဖို့ အမျိုးမျိုးစမ်းသပ်ရင်း ဒီ chm ဖိုင်အဖြစ် ပြုလုပ်ဖြစ်ပါတယ်။ ဒီလင့်မှာ offline periodic table (မြန်မာဘာသာ) ရဲ့ ထူးခြားချက်တွေ အသုံးပြုနည်းတွေ အကြောင်းရေးရင်း download free ပေးထားပါတယ်။ အဲဒီပို့စ် ဖတ်ကြည့်ရင် chm ဖိုင်ရဲ့ ထူးခြားချက် အားသာချက် အားလုံးကို သိသွားမှာပါ။ အကြမ်းဖြင်းအနေနဲ့ ဒီမှာနည်းနည်းရေးပါ့မယ်။
၁။ မည်သည့် windows OS အမျိုးအစားတွင်မဆို pdf ကဲ့သို့ reader မလိုခြင်း။
၂။ categories များခွဲခြားနိုင်ခြင်းနှင့် index labels များ Search များ ပါဝင်ခြင်း။
၃။ webpage တစ်ခုကဲ့သို့ html code များဖြင့် ဖန်တီးနိုင်သည့်အပြင်၊ copy, paste လုပ်ခြင်းဖြင့်ပင် အားလုံးကို ကူးယူနိုင်ခြင်း။
၎။ function မျိုးစုံ၊ လင့်မျိုးစုံ၊ ပုံမျိုးစုံ အောင် ထည့်သွင်းဖန်တီးသော်လည်း အံ့သြဖွယ်ကောင်းအောင် file size သေးငယ်နေခြင်း။
(periodic table တစ်ခုလုံး page ၂၀၀ ကျော်အပြင်
ပုံများ table template များကိုပါ ထည့်သွင်းဖန်တီးထားသည့် offline periodic table သည် 762 KB သာလျှင် ရှိသည်။ ဒီလောက်အဆင်ပြေတဲ့ ဖိုင်တွဲတစ်ခုက 1 MB တောင် မပြည့်ဘူးဆိုတာ အံ့သြလောက်စရာပါ။ ဒီလင့်ကို ဆက်ဖတ်ကြည့်ပါ။ ပြီးရင် download လည်း ချပြီးလေ့လာကြည့်ပါ။ chm ရဲ့ ထူးခြားချက်တွေအပြင် ကျနော်တို့ ကြိုးစားခဲ့ကြတဲ့ ဒြပ်စင်ဇယား မြန်မာဘာသာပြန်ကိုပါ အမှတ်တရ အနေနဲ့ပေါ့။ မြန်မာဘာသာနဲ့ ဘာသာရပ်ဆိုင်ရာ ဆိုဒ်တွေ အရမ်းနည်းပါတယ်။ အသပ်ယပ်ဆုံးဖြစ်အောင် ကြိုးစားဖန်တီးထားပါတယ်။)
chm ပြုလုပ်ဖို့ ဆက်သွားရအောင် ….. chm maker တစ်ခုတော့ လိုတာပေါ့။ ကျနော်ကတော့ WinCHM 4.1 ကို သုံးပါတယ်။
(ကျနော် စာစရေးထဲက software sharing လုပ်ဖို့ စရေးခဲ့တာမဟုတ်ပါဘူး။ ကျနော့်ပို့စ်တွေကို အစက ပြန်ဖတ်ကြည့်ရင် သိမှာပါ။ နောက်ပိုင်းမှ software သုံးနည်းတွေရေးရင်း အချိန်မရတဲ့နေ့တွေမှာ share လုပ်ဖြစ်သွားတာပါ။ နောက်ပိုင်း software sharing အဖြစ်နဲ့ ကျနော်နာမည်တွင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်ပို့စ်တွေကို knowledge ဘက်ရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့တာကြီးပါပဲ။ sharing မလုပ်ချင်တဲ့အတွက်လည်း မူရင်းဆိုဒ် မျိုးစုံကို widget မှာတောင် ဖော်ပြလင့်ချိတ်ပေးထားပါတယ်။ ကျနော့်စာတွေ အစဉ်တစိုက် ဖတ်လာခဲ့တယ်ဆိုရင်တော့ software နာမည်ပြောလိုက်ရုံနဲ့ ရှာတတ်လောက်ပြီလို့လည်း ထင်ပါတယ်။ ဒီ software ကို ကျနော့် နောက်ဆုံးအနေနဲ့ share ပေးလိုက်ပါတယ်။ (21.7.2010) နောက် လေးရက် နေရင် ကျနော် မြန်မာနိုင်ငံ ပြန်ပါမယ်။ မြန်မာနိုင်ငံ ကွန်နက်ရှင်နဲ့ ဘယ်နည်းနဲ့မှလည်း ရှယ်နိုင်တော့မှာ မဟုတ်ပါဘူး။ နည်းပညာ လိုလားသူများအတွက် အလွယ်လိုက်တာတွေ လျှော့သင့်တယ်လို့လည်း ကျနော်ထင်ပါတယ်)
download => WinCGHM pro v.4.1 (keygen နဲ့ ကီးထည့်နည်းကို photo ဖြင့် ရေးပြထားပါတယ်)
Install လုပ်ပြီးလို့ စဖွင့်တာနဲ့ အောက်က box ပေါ်လာပြီး project open ဖို့အတွက် မေးပါတယ်။ အသစ်လုပ်မှာဖြစ်လို့ new project ကိုပဲ ရွေးပေးလိုက်ပါတယ်။

နောက် Box တစ်ခုမှာ project အတွက် setting တွေ ဖြစ်ပါတယ်။ နာမည်၊ သိမ်းမယ့် နေရာ၊ unicode အမျိုးအစားဖြစ်ပါတယ်။ ဇော်ဂျီဖောင့်ပဲ သုံးမှာဖြစ်လို့ UTF-8 ကိုပဲ ရွေးပေးပါတယ်။

အောက်မှာပြထားတဲ့ပုံအတိုင်း software အပြင်အဆင်ကို တွေ့ပါလိမ့်မယ်။ left sidebar မှ စပြီး ရှင်းသွားပါ့မယ်။ (ကျနော်ပြောသွားတာကို ဖတ်ရင်း တစ်ဆင့်ခြင်းလိုက်လုပ်ကြည့်သွားပါ)

အပေါ်ပုံမှာ ပြထားတဲ့အတိုင်း page တွေကို dtree ပုံစံ categories လုပ်ထားတာတွေ တွေ့ပါလိမ့်မယ်။ Table of Contents ဆိုတဲ့ အောက်က ပုံစံအတိုင်း အချောသပ်ဖိုင်မှာ ပြမှာပါ။ (အခြား folder တွေ မပါပါဘူး။ dtree လိုင်းလေးတွေကို သတိထားပြီးကြည့်ပါ) ပထမဆုံး New Item 1 ဆိုတာက မျက်နှာဖုံးပေါ့ဗျာ။ ပထမဆုံး စာမျက်နှာအတွက် မိမိကြိုက်သလို ပြင်နိုင်ပါတယ်။ စာထည့်ရေးမယ့် ပုံစံတွေက blog တွေက အတိုင်းပါပဲ။ သူ့အောက်ကနေ ဒုတိယ စာမျက်နှာ ထပ်ထည့်ပါမယ်။ အဲဒီအတွက် သူ့ဆီမှာ right click ထောက်ပြီး add after လို့ နှိပ်ပါတယ်။ (သူ့အောက်မှာ ထပ်ထည့်မှာမို့ add after ကို နှိပ်တာပါ။ သူ့ရှေ့မှာ ထည့်ချင်ရင် add before ပေါ့)

add item အတွက် box ပေါ်လာပါတယ်။ count မှာ ဘယ်နှစ်ခု ထပ်ထည့်ချင်လဲ ရွေးပေးလို့ရပါတယ်။ ကျနော် သုံးခု ထပ်ထည့်လိုက်ပါတယ်။

မျက်စိရှင်းအောင်ဆိုပြီး ပထမ စာမျက်နှာကို Main လို့ ပြောင်းထားလိုက်ပါတယ်။ (စာသားနေရာမှာ double click နှိပ်ပြီး ပြောင်းနိုင်သလို၊ အပေါ်က Tiltle ဆိုတဲ့ အကွက်ကနေလည်း ပြောင်းနိုင်ပါတယ်) သူ့အောက်မှာ ခုနက ထည့်လိုက်တဲ့ အသစ်သုံးခု ရောက်လာပါလိမ့်မယ်။

အခု ဒုတိယ စာမျက်နှာမှာ အုပ်စုခွဲတွေလုပ်ဖို့ အတွက် right click လုပ်ပြီး add child ကိုနှိပ်ပါတယ်။

add item box ကတော့ တူတူပါပဲ။ 1 ခုပဲ ထည့်လိုက်ပါ့မယ်။

ဒုတိယ Page ရဲ့ အောက်မှာ ခေါင်းစဉ်ခွဲ တစ်ခု ထပ်ထွက်လာပြီး မူရင်းက icon ပြောင်းသွားတာကို တွေ့ပါလိမ့်မယ်။

ဒီလောက်ဆို မိမိလိုချင်သလို categories ခွဲတတ်လောက်ပါပြီ။ periodic table ကို ဒေါင်းလုပ်ချပြီး ကြည့်ကြည့်ပါ။ ကျနော် ခေါင်းစဉ်ခွဲထားပုံတွေ မြင်ရပါလိမ့်မယ်။
အခုဆက်ပြီး template တစ်ခုခု သုံးဖို့ လုပ်ပါမယ်။ အောက်မှာပြထားတဲ့အတိုင်း template တွေထဲက သုံးထားတဲ့ တစ်ခုရဲ့ icon က နည်းနည်းလေး ပြာနေပါတယ်။ select လုပ်ထားတဲ့ သဘောပေါ့။

ကျနော်က အသစ်ထပ်ယူချင်တာဖြစ်လို့ template တစ်ခုကို နှိပ်ပြီး add new icon ကိုနှိပ်ပါတယ်။ (အပေါ်မှာ ယူခဲ့တဲ့အတိုင်း add after နှိပ်လည်းရပါတယ်။ page မှာ add new ယူရင် new page ရပြီး၊ template မှာ add new ယူရင် new template ရပါတယ်။ သူ့အောက်က မျှားတွေကို သုံးပြီး page တွေကို အပေါ်အောက် ပြန်စီနိုင်ပါတယ်)
ထုံးစံအတိုင်း add new box ပေါ်ပါတယ်။ template လေးမျိုးထားပါတယ်။ MSN က အလှဆုံးမို့ အဲဒါကို ရွေးပါတယ်။

template folder အတွက် နာမည်တောင်းပါတယ်။ (project စဖန်တီးတုန်းက ပေးခဲ့တဲ့ သိမ်းရန် နေရာထဲမှာ သိမ်းထားဖို့အတွက်ပါ)။

အောက်မှာပြထားတဲ့အတိုင်း မိမိအသစ်ယူလိုက်တဲ့ template ရဲ့ အပြင်အဆင်ကို တွေ့ပါလိမ့်မယ်။ အခြား စာလုံးနေရာတွေကို မပြင်ပါနဲ့။ script နဲ့ ရေးထားတာဖြစ်ပါတယ်။ ဥပမာ – ($title$) ဆိုတဲ့နေရာမှာ မိမိဖိုင်ရဲ့ နာမည် အစားဝင်ပါလိမ့်မယ်။

ပြင်ပေးရမှာက copy right စာတမ်းတစ်ခုပဲ ပြင်ရမှာပါ။ အဲဒီနေရာကို double click နှိပ်လိုက်ပါ။ ပြီးရင် select လုပ်ပြီး ဖျတ်ပစ်လိုက်ပါ။

ပြီးရင် save ခလုပ်ကိုနှိပ်ပြီး အခုပြင်ထားတာကို save ပါ။

ပြင်ပြီးသား template ကို သုံးဖို့အတွက် right click ထောက်ပြီး Use this template ကိုနှိပ်ပါတယ်။

ဖိုင် type သုံးမျိုး ထုတ်ပေးနိုင်တဲ့အထဲမှာ ဒီ template တွေက နှစ်မျိုးမှာပဲ အကျုံးဝင်ပါတယ်။ အဲဒီအတွက် နှစ်မျိုးလုံးအတွက် သုံးမလားဆိုပြီး မေးပါတယ်။ နှစ်ခုလုံး select ပေးထားပြီး OK နှိပ်ပါတယ်။

ဘာစာမှ မရေးခင် project အတွက် option လေးတွေ လိုက်ပြင်ပါမယ်။ menu bar မှာရှိတဲ့ Tools ကိုနှိပ်ပြီး Environment Options ကို ရွေးပါတယ်။

Source font မှာ Zawgyi-One ကိုရွေးပါတယ်။ မရွေးထားရင် save လိုက်တာနဲ့ မြန်မာဖောင့်မှာ ??? တွေဖြစ်သွားပါလိမ့်မယ်။

ဒုတိယ tab ဖြစ်တဲ့ font list ကိုနှိပ်ပြီး မိမိသုံးချင်တဲ့ ဖောင့်တွေကို ပြင်ဆင်ပေးပါ။ zawgyi-one အဓိက သုံးမှာမို့ အပေါ်ဆုံးရောက်အောင် ရွှေ့ပေးထားပါတယ်။ (လက်ရှိပြထားတဲ့ ပုံစံအတိုင်းဖြစ်ရမှာပါ။ ဖောင့်ရွေးဖို့ ပြန်နှုတ်ဖို့ အတွက် အလယ်က မျှားလေးတွေကို နှိပ်ပါ)

နောက်တစ်ခု ပြင်ရမှာက project settings ဖြစ်ပါတယ်။

ပထမဆုံး project စထဲက ရွေးထားခဲ့တဲ့ setting တွေပဲဖြစ်ပါတယ်။ icon ပုံစံတွေ ပြောင်းချင်ရင် ပြောင်းလို့ရပါတယ်။

Main page ကို ပြင်ဆင်ရင်း URL box ရဲ့ သဘောတရားတွေကို ပြောပြပါ့မယ်။ လောလောဆယ်တော့ ဒီ Page ကို save မလုပ်ရသေးတဲ့အတွက် unsaved ပေါ့။

စာနည်းနည်းရေးပြီး page ကို save လိုက်ပါတယ်။

chm က page တစ်ခုချင်းစီကို html ဖိုင် တစ်ခုစီအဖြစ် save တာဖြစ်ပါတယ်။

URL box နေရာမှာ save လိုက်တဲ့ Page နာမည် ပေါ်နေပါလိမ့်မယ်။

save ပြီးရင်တာ့ အဲဒီ Page မှာ ပုံတွေ လင့်တွေ ထည့်လို့ရပါပြီ။ (ပုံ Icon လေးကို နှိပ်ပြီး ပုံထည့်နိုင်ပါတယ်။ blog post edit box တွေ အတိုင်းပဲပေါ့) ပြီးရင် ပြန် save လိုက်။

project စလုပ်ထဲက ပါတဲ့ folder 1 ဆိုတာကို နှိပ်ကြည့်၊ ဘာ Page မှ မပါသလို၊ ဘာမှလည်း edit လုပ်မရတာတွေ့ပါလိမ့်မယ်။

URL box ရဲ့ Icon သုံးခုထဲက ပထမဆုံး new ယူတဲ့ icon လေး နှိပ်ပေးလိုက်ပါ။

အခြား Page တွေအတိုင်းပဲ unsaved page တစ်ခု ဖြစ်သွားပါမယ်။

ဒုတိယ Icon ကို သုံးကြည့်ရအောင်။ သူက save ပြီးသား page တစ်ခုကို လက်ရှိ Page မှာ ထပ်သုံးဖို့အတွက် ဖြစ်ပါတယ်။ နှိပ်ကြည့်ပါ။

save ပြီးသားဆိုလို့ Main page ပဲ ရှိသေးတယ်။ ပြန်သုံးကြည့်ရအောင် ရွေးပေးလိုက်ပါ။

Main page က လက်ရှိ Folder 1 ရဲ့ နေရာမှာ လာပေါ်နေပါပြီ။ ပြန်ဖျတ်ချင်ရင် တတိယ icon ကိုသာ နှိပ်ပေးလိုက်ပေါ့။

ဒုတိယ စာမျက်နှာရဲ့ ခေါင်းစဉ်ခွဲအာက်မှာ စာသားတွေ ထည့်ကြည့်ရအောင်။ website ကနေ စာရောပုံရော ကူးထည့်လိုက်ပါတယ်။ web မှာတုန်းကအတိုင်း လာပေါ်နေတာကို မြင်ရပါလိမ့်မယ်။ (စာတွေ ပုံတွေသာမက periodic table လို template ကိုပါ ကူးထည့်နိုင်ကြောင်း offline table မှာ တွေ့ပါလိမ့်မယ်)

အဲဒီစာတွေထဲက တစ်ခုခုကို link ကြည့်ရအောင်။ လင့်ချင်တဲ့ စာသားကို select လုပ်ပါတယ်။ link icon ကို နှိပ်ပါတယ်။

select လုပ်ထားတဲ့ စာသားကို text အဖြစ် မြင်ရပြီး၊ address ဘေးမှာ icon လေးခု တွေ့ပါလိမ့်မယ်။

တစ် ဖန်တီးထားတဲ့ categories တွေကို ပြန်ပြီး လင့်ဖို့ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက စာမျက်နှာချင်းချင်းကို ပြန်လင့်ဖို့ပေါ့။

နှစ် save ထားတဲ့ page တွေကို ပြန်လင့်ဖို့ ဖြစ်ပါတယ်။ တစ်နဲ့ နှစ်က တူတူပါပဲ။ select လုပ်ပေးရတဲ့ box ရဲ့ မြင်ကွင်းပဲ ကွာမှာပါ။ သဘောတရား တူတူပါပဲ။
သုံး email လိပ်စာတစ်ခုကို လင့်ဖို့ဖြစ်ပါတယ်။ xxx စာလုံးတွေနေရာမှာ မိမိ email address ကိုပြောင်းပေးပါ။
လေး web address တစ်ခုခုကို လင့်ဖို့ ဖြစ်ပါတယ်။

ခုနက တစ်ကိုနှိပ်ပြီး save ထားတဲ့ main page ကို ရွေးပေးပါတယ်။ အောက်က ပုံအတိုင်း ပြလာပါလိမ့်မယ်။ OK နှိပ်ပေးလိုက်ပါ။ လင့်ထားတဲ့ လင့်ကို ပြန်ဖြုတ်ချင်ရင် Remove link ကို နှိပ်နိုင်ပါတယ်။
ဒါဆိုရင်တော့ လုပ်စရာကုန်ပါပြီ။ (Edit ရဲ့ ဘေးက Source ကိုနှိပ်ရင် လက်ရှိ page ရဲ့ HTML code တွေကို တွေ့လိမ့်မယ်။ page layout ကို ပြင်ဆင်နိုင်ပါတယ်။ သာမာန်အတိုင်းတော့ မလိုအပ်ပါဘူး အဲဒါကြောင့် ထည့်မရေးပေးတော့ဘူးနော်)။ စမ်းထုတ်ကြည့်ရအောင်။ (နည်းနည်းရှုပ်မယ်ထင်တာတွေ အကုန်ပြောပြပြီးပါပြီ။ ကျန်တာတွေက သာမာန် စာစီ စာရေးဖို့နဲ့ မိမိစိတ်ကြိုက် ခေါင်းစဉ်ခွဲတာတွေတော့ ရမှာပါ)။ လုပ်ထားပြီးသမျှ project တစ်ခုလုံးကို save ဖို့အတွက် toolbar က save ကို နှိပ်ပါ။ (အောက်ကပုံမှာ ပြထားတဲ့ build ရဲ့ ဘယ်ဘက် icon ဖြစ်ပါတယ်။ လုပ်လက်စ ရပ်ထားမယ်ဆိုတိုင်း save ပေးပါ)။ save ပြီးရင် Build ကိုနှိပ်ပြီး Web Help CHM ကို ရွေးပါ။

အောက်ကပုံအတိုင်းပေါ်လာရင် select လုပ်ပြထားတဲ့ နေရာမှာ မိမိရေးချင်တဲ့ ဖိုင်နာမည်ကို ပြောင်းနိုင်ပါတယ်။ နောက်ပြီး HTML Help Options ကို နှိပ်ပါ။

ဝိုင်းပြထားတဲ့နေရာက language နေရာမှာ keep original; ကို ရွေးပါ။ (အရေးကြီးပါတယ်။ သူပေးတဲ့အတိုင်း save ရင် မြန်မာဖောင့် မပေါ်တော့ပါဘူး)

ပြီးရင် Start နှိပ်ပြီးသာ ဖိုင်ထုတ်လိုက်ပေတော့။

အောက်ကအတိုင်း loading box လေးကို စောင့်ပေးပါ။

Create လုပ်ပြီးသား CHM ဖိုင် ပွင့်လာပါလိမ့်မယ်။ ခုနက လုပ်ထားတဲ့ ပုံတွေ စာတွေ လင့်တွေကို စစ်ဆေးကြည့်ပါ။

ဒီနည်းအတိုင်း လုပ်ရင် chm ဖိုင် ရပါလိမ့်မယ်။ တစ်လက်စထဲ web help ဖိုင်ကိုပါ ထုတ်ကြည့်ပေါ့။ Build ခလုပ်ရဲ့ အောက်က HTML Help (CHM) ကို မရွေးပဲ၊ သူ့အောက်က web Help ကို ရွေးပေးလိုက်ပါ။ သူ့အတွက်က ဘာမှ ပြောင်းပေးစရာမလိုပါဘူး။ ခုနကအတိုင်းပဲ Loading box ပြီးရင် အောက်ကအတိုင်း browser နဲ့ ပွင့်လာပါလိမ့်မယ်။

ဒီဖိုင်ရဲ့ Project သိမ်းထားဖို့အတွက် project folder တစ်ခုလုံးသိမ်းထားရပါ့မယ်။ ကျနော့်မှာတော့ project9 ဆိုတဲ့ ဖိုဒါနဲ့ သိမ်းထားတယ်ပေါ့ဗျာ။ ဒါကို ပြန်ပြင်ဖို့ လိုမယ်ဆိုရင် ဒီ folder ထဲက icon လေးကို နှိပ်ပေးလိုက်ရုံပဲ။ save ထားတဲ့ project တစ်ခုလုံး ပြန်ပွင့်လာလိမ့်မယ်။

output ထုတ်ပြီးသား ဖိုင်အချော တွေကို Project9_output အဖြစ် folder တစ်ခုနဲ့ ထုတ်ပေးပါ့မယ်။

ကျနော်လုပ်ထားတဲ့ offline periodic table ရဲ့ categories ခွဲခြားပုံဖြစ်ပါတယ်။ လေ့လာကြည့်ပါဦး။

အပေါ်က ညွှန်းခဲ့တဲ့အတိုင်း ကျနော်တို့ရဲ့ ဒြပ်စင်အလျှည့်ကျဇယား ကိုလည်း လေ့လာပေးပါဦး။ ကျေးဇူးတင်ပါတယ်ဗျာ … အဆင်ပြေပါစေ
offline periodic table (မြန်မာဘာသာ) အားသာချက်များ နှင့် အသုံးပြုပုံ
@by http://thanlonnge.net

0 comments:
Post a Comment