ကဲ..... ကျွန်တော်လဲသိလို့တတ်လို့မဟုတ်ပါဘူး ။ စုဆောင်းထားတာလေးကို ပြန်လည်ဝေမျှတဲ့သဘောပါ။
ကျွန်တော် Diploma IT တက်တုန်းက သင်ခဲ့ရတာလေးတွေပေါ့။ ဒီတစ်ခေါက်ကတော့ ဒုတိယအကြိမ်တင်
ပေးခြင်းပါ။ ကျွန်တော်ခေါင်းစဉ်ပေးထားတာကတော့ ။ "Create The Batch File" (Batch ဖိုင်ကိုတည်
ဆောက်ခြင်း) Notepad ကိုဖွင့်ပါ။ စာတန်းနှစ်တန်းလောက်ပဲ ရိုက်ရပါမယ်။
cd C:\Users\%username%\AppData\Local rmdir/S/Q Temp
အဲ့ဒီဖိုင်ကို cleantemp.bat ဆိုပြီး Save လုပ်ထားလိုက်မယ်။ ပြီးရင်အဲ့ဒီဖိုင်ကို Double Click လုပ်လိုက်တာ
နဲ့ Temporary ဖိုင်တွေကိုရှင်းပြီးသွားသလို လုပ်ရကိုင်ရလွယ်ပြီး ကွန်ပျူတာအတွက်ကောင်းသွားလိမ့်မယ်။
နောက်တစ်နည်းရှိပါသေးတယ် ။
ဒီနည်းလေးကိုတော့ ကျွန်တော်ကွန်ပျူတာကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ရင်းနဲ့သိခဲ့ရတာပါ ။
Windows Key + R = Run ကိုဖွင့်ပါ ။ temp လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ Box တစ်ခုကျလာပါလိမ့်မယ်။
ပြီးရင် Ctrl + A နဲ့ Select ပေးပြီး Shift + Del ကိုတွဲနှိပ်လိုက်ပါ။ OK Box ကျလာပါလိမ့်မယ်။ OK လုပ်လိုက်
ပါ။ တကယ်လို့ ERROR ပြတယ်ဆိုရင် အပေါ်ဆုံးဖိုင်ကနေတစ်ခုချင်းစီ Selectကိုဖျက်ပြီး Shift + Del ကို
ဆက်တိုက်လုပ်သွားပါ။ ပြီးရင် Alt + F4 နဲ့ပြန်ထွက်လိုက်ပါ။ အဲ့ဒီပုံစံအတိုင်းပဲ %temp% ; recent ;
prefetch စတဲ့ဖိုင်တွေကို တစ်ပတ်တစ်ခါ ရှင်းပေးနိုင်ရင် သင့်ကွန်ပျူတာနဲ့ အလုပ်လုပ်ရတာ အဆင်ပြေ
ချောမွေ့ စေရမယ်လို့ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်ခင်ဗျာ ။ အဆင်ပြေကြပါစေဗျာ ။
သု ဇေ ရှိုင်း(၀ိုင္အမ္ဘီဂ်ီ)
0 comments:
Post a Comment