............................................................ ..........

Flash Slideshow Creator related software

Monday, 21 February 2011

flash slideshow လုပ်တဲ့ software တစ်ခုပဲ။ အခြားခြားသော flash slide show  maker တွေ အများကြီးရှိတဲ့အထဲက သူ့ကိုဘာလို့ သုံးသင့်လဲသိအောင် အားသာချက်တွေ ပြောပြပါ့မယ်။

၁။ file size သေးပြီး အသုံးပြုရတာလည်း ပေါ့ပါးပါတယ်။
၂။ ပုံတစ်ပုံနဲ့ တစ်ပုံကြား transforming ကို auto ထည့်ပေးလို့ slide show တစ်ခုလုပ်ဖို့ အရမ်းမြန်တယ်။
၃။ slide show ရဲ့ output ကို swf, html, executable (double click နှိပ်ယုံနဲ့ player မလိုပဲ open ပေးနိုင်တဲ့ဖိုင်), screen saver အပြင် email နဲ့ ပို့နိုင်အောင်ပါ ပြန်ထွက်ပေးထားတယ်။
၎။ slide show ရိုးရိုးမဟုတ်ပဲ play, pause, photo view, replay စတဲ့ခလုပ်တွေ အလိုလိုထည့်ပေးပါတယ်။

ပထမဆုံး set up ဆိုတာကို run ပြီး application ကို install လုပ်ပါ။ ပြီးမှ template ကို ထပ် run ပေးလိုက်ပါ။ အလွယ်သုံး software တွေဖြစ်လို့ သဘောလောက်ပဲ ထပ်ပြောပြပါ့မယ်။
၁။ install လုပ်ပြီးလို့ ဖွင့်လိုက်တာနဲ့ အခုလို main menu ပေါ်လာမှာပါ။ New ဆိုတာကိုသာ နှိပ်လိုက်ပါ။
၂။ window box တစ်ခုပွင့်လာပြီး သုံးချင်တဲ့ ဓါတ်ပုံတွေ ရွေးခိုင်းပါလိမ့်မယ်။ အဲလိုမပေါ်ခဲ့ရင်လည်း ဘယ်ဘက်အပေါ်ဒေါင့်က မျဉ်းသားပြထားတဲ့ add ကိုနှိပ်ပါ။ မိမိသုံးချင်တဲ့ပုံတွေ ရွေးပြီး ၀ိုင်းပြထားတဲ့ Add ကိုနှိပ်ပါ။
၃။ ပုံတွေရောက်သွားပါပြီ။ ပုံမှာမြင်ရတဲ့အတိုင်း အောက်ခြေမှာ tab menu လေးခုရှိပါတယ်။ ပုံထည့်ပြီးတာနဲ့ photo ဆိုတဲ့ tab ထဲကိုရောက်သွားပြီပေါ့။ တစ်ပုံချင်းစီကိုထောက်ပြီး ညာဘက်က option တွေနဲ့ ပုံကို edit လုပ်လို့ရပါသေးတယ်။ မလုပ်ချင်လည်း ကျော်သွားနိုင်ပါတယ်။ နောက်တစ်ဆင့်အတွက် နောက် tab တစ်ခုကို နှိပ်လိုက်ပါတယ်။
၎။ template ဆိုတဲ့ tab မှာ မိမိသုံးချင်တဲ့ ဒီဇိုင်းကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဘေးပတ်လည် frame က အသေဖြစ်ပြီး player တစ်ခုထဲမှာ ဗီဒီယို ဖွင့်ပြသလိုမျိုး လုပ်ပေးမှာပါ။ အဲဒီတော့ slide show တစ်ခုလုံးအတွက် frame တစ်ခုပဲ ရွေးနိုင်မှာပါ။ template တစ်ခုရွေးပြီးရင် ညာဘက် option အပေါ်ဆုံးက Template config ဆိုတာကို တွေ့ပါလိမ့်မယ်။ အဲဒါကိုနှိပ်ပြီး template ရဲ့ size တွေပြင်နိုင်တဲ့အပြင် play, forward စတဲ့ control buttons တွေ၊ photo view icon ထည့်မထည့်ဆိုတာလည်း ရွေးနိုင်ပါတယ်။ ၀ိုင်းပြထားတဲ့ Music ဆိုတာကိုနှိပ်ပြီး မိမိသုံးလိုတဲ့ သီချင်းကို ထည့်နိုင်ပါတယ်။ ပြီးရင်တော့ နောက် tab တစ်ခုကို သွားပါ့မယ်။
၅။ Decorate ဆိုတဲ့ tab မှာ ဒီ slide show အတွက် effect တွေ၊ အရုပ်လေးတွေ ထပ်ထည့်နိုင်ပါတယ်။
1. မိမိထည့်ချင်တဲ့ effect ကို slide show ထဲ drag လုပ်ပြီး ဆွဲထည့်ပေးပါ။ နေရာချပေးပါ။ သူ့အောက်မှာ ပေါ်လာမယ့် option တွေနဲ့ အဲဒီ effect တွေကို ထပ်ပြင်နိုင်ပါတယ်။
2. ပုံတစ်ပုံနဲ့ တစ်ပုံအကြား transform တွေက auto ထည့်ပေးထားပြီး ဖြစ်ပါတယ်။ မိမိဘာသာ ပြန်ပြောင်းချင်ရင် အဲဒီနေရာကို click ပြီး ကြိုက်တာတစ်ခုကို ရွေးပေးယုံပဲ။
3. အဖွင့် နဲ့ အဆုံး အတွက် စာသားတွေ ပြင်ဆင်ရေးသားနိုင်ပါတယ်။ (ရုပ်ရှင်ဇာတ်ကားတွေ စာတန်းထိုးသလိုပေါ့)
၆။ publish ဆိုတဲ့ နောက်ဆုံး tab ပါပဲ။ မိမိဘာဖိုင်အမျိုးအစားအနေနဲ့ လိုချင်တာလဲဆိုတာကိုပဲ ရွေးချယ်ပေးရမှာပါ။ swf ဆိုတဲ့ ရိုးရိုး flash movie type နဲ့ယူမှာလား၊ flash ဖိုင်ကို browser မှာပေါ်ဖို့ HTML နဲ့ရေးပြီးသားယူမလား၊ Executable ဆိုတဲ့ double click နှိပ်ယုံနဲ့ Player မလိုပဲ ပွင့်လာမယ့် .exe ဖိုင် အနေနဲ့ ယူမလား၊ screen saver အနေနဲ့ယူမလား (installer အနေနဲ့ လုပ်ပေးမှာဖြစ်ပါတယ်)၊ Email ကိုပဲ တိုက်ရိုက်ပို့ရမလား ဆိုတာကို ရွေးချယ်ပေးရုံပဲပေါ့။ setting မှာတော့ Template config တုန်းက အတိုင်းပဲ ဖြစ်ပါတယ်။
တကယ်လို့ အရမ်းကို မြန်မြန်ပြီးချင်တယ်၊ slide show ဖြစ်သွားယုံပဲ လိုချင်တာ ဆိုရင်တော့ အဆင့် ၂ အတိုင်း photo add ပြီးတာနဲ့ အဆင့် ၆ ဖြစ်တဲ့ publish tab ကို တန်းနှိပ်လိုက်ရုံပဲ။ ကဲ … ဒါဆို slide show တစ်ခုပြီးဖို့ ဘယ်လောက်ပဲ ကြာမယ်ထင်သလဲ။ အရမ်းသက်သာသွားတယ်ဆိုတာတော့ သေချာပါတယ်။ နောက်ပြီး သူပေးတဲ့ output file types တွေကလည်း အားရစရာပါပဲ။download အတွက်တော့
အောက်မှာ ဒေါင်းလိုက်ကြပါ ...

download link ;

iPixsoft slide show creator 1.8.6 +templates

 .ipixsoft.FSCSetup_trial.exe

  1. Flash Sideshow Generator 2.16.2


Phto Flash Maker Professional 5.31


 http://www.download32.com/go/62634/http%3A%2F%2Fwww.photo-flash-maker.com%2Fsetup_photo_flash_maker.exe/

Photo Flash Maker Platinum 5.31

 http://www.download32.com/go/82451/http%3A%2F%2Fwww.photo-flash-maker.com%2Fsetup_pfm_platinum.exe/

Flash SlideShowe Publisher 1.0

 http://www.download32.com/go/88274/http%3A%2F%2Fwww.a-pdf.com%2Fflash-slideshow-publisher%2Fsetup%28flash-slideshow-publisher%29.exe/

Amara Flash Slideshow Software 2.82

http://www.download32.com/go/59359/http%3A%2F%2Fwww.amarasoftware.com%2Fdownloaddemo%2Famarafssb.exe/

Flash Gallery Factory 4.7.3.5

 download.ourpix.com/fgf_full388_sm34903.exe

download.ourpix.com/fgf_full388.exe


Wondershare Flash Slideshow Suite 3.3.2

download.photo-to-dvd.com/fss_trial.exe

Wondershare Flash Slideshow Builder 3.3.2


Flash Sideshow Builder 4.5.1


Flash SideVidshow  1.2

download/flash-slidevidshow.exe

download/flash-slidevidshow.exe

ဒီနေရာ မှ post ကို မှီငြမ်းပါသည် ..
မူရင်း @http://www.download32.com/flash-slideshow-creator-d63857.html

အားလုံးအဆင်ပြေကြပါစေ ခင်ဗျာ ....

0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG