ebook လုပ်နည်းလေးကတော့ pdf ဆော့ဝဲလ်ရယ် မိုက်ခရိုဆော့ ဆော့ဝဲလ်အဲ့နှစ်ခုလိုပါတယ် ။
မိုက်ခရိုဆော့ ဆော့ဝဲလ်ကတော့ အထွေအထူးမပြောတော့ပါဘူး ။ မိတ်ဆွေတို့ pc မှာ ရှိပြီးသားပါ ။ ကျနော်အခုပြောချင်တာက pdf ဆော့ဝဲလ်လေးကို သုံးပြီး မိုက်ခရိုဆော့ထဲ ရိုက်ထည့် ထားတဲ့ စာတွေကို ebook ခေါ် pdf စာအုပ်လုပ်နည်းလေးပါ ။ မသိသေးတဲ့ သူတွေအတွက် ရည်ရွယ်တာပါ ။
အခု ကျွန်တော် နမူနာပြထားသလို စာအုပ်အကြီးမျိုးတွေကျတော့ ကျွန်တော်လဲသိပ့်အကျွမ်းကြီးမဟုတ်သေးပါဘူး ...
အဲဒီလိုစာအုပ်အကြီးတွေကျတော့ မျက်နှာဖုံးဒီဇိုင်းတွေ စာမျက်နှာညှိရတာတွေပါလာပါပြီ ။
အဲဒါမျိုးတွေကိုတော့ဂရပ်ဖစ် ဆော့ဝဲလ်သုံးပြီး စာအုပ် ပုံစံလုပ်ပြီးတင်ရပါတယ် ...ဓါတိပုံ ဒီဇိုင်းတွေ လိုအပ်တဲ့ မျက်နှာဖုံးတွေကိုတော့ မိတ်ဆွေတို့စိတ်ကြိုက် ထည့်ကြပေါ့ ။အပေါ်မှာ ကျနော် ဝထ္တုရေးတုန်းက လုပ်ထားတဲ့ မျက်နှာဖုန်း ဒီဇိုင်းတစ်ခု နမူနာပြထားပါတယ် ။
ကဲစာလည်းရှည်သွားပြီ လုပ်နည်းပြောကြတာပေါ့ ...
ebook လုပ်တာက ...
သေးသေးဖွဲဖွဲလေးတွေ ( စာအုပ်သေးသေးလေးတွေ )ဆိုရင် မိုက်ခရိုဆော့ထဲရိုက်ထည့်ထားတဲ့ စာတွေကို ပီဒီအက်ဆော့ဝဲထဲ ထည့်မောင်းလိုက်ရင် ဖြစ်ပါတယ် ။
အရင်ဆုံး pdf ဆော့ဝဲလ်လေးကို အရင်သွားယူလိုက်ပါ ။
http://www.dopdf.com/ အဲဒီဆိုက်ထဲဝင်ပြီး အောက်မှာပြထားတဲ့ ပုံထဲကအတိုင်း ဒီမှာနှိပ်ပါ ဆိုတဲ့နေရာမှာ ဆွဲယူလိုက်ပါ ။

ဆော့ဝဲရရင် မောင်းလိုက်ပါ ။ မောင်းထားလိုက်ပြီးလို့ ကိုယ့်ကွန်ပျူတာထဲ ရောက်နေပြီဆိုရင် ပီဒီအက် လုပ်လို့ရပါပြီ ။
ပီဒီအက်လုပ်နည်းကတော့ မိုက်ခရိုဆော့ကို ဖွင့်လိုက်ပြီး ၊
မိုက်ခရိုဆော့ထဲမှာ မိမိရိုက်ထားတဲ့စာတွေကို ပီဒီအက်လုပ်ဖို့အတွက် ဘယ်ဘက်ထောင့်အပေါ်ဆုံးမှာရှိတဲ့ office button ကိုဖွင့်လိုက်ပါ ။
ပြီးရင် print ကိုဝင်လိုက်ပါ ။ ပြီးရင် print ကိုပဲ ပြန်ထပ်ဝင်လိုက်ပါ ။
ဘောက်တစ်ခုကျလာရင် မိမိ လိုချင်တဲ့ ပုံစံကို ညှိပြီး အိုကေလိုက်ပါ ။
ပီဒီအက် ဖြစ်ပါပြီ ။
အားလုံး အဆင်ပြေကြပါစေခင်ဗျာ ...
0 comments:
Post a Comment