ယနေ့ ခေတ် 3D နည်းပညာ ကမ္ဘာသို့ အသစ်ဝင်ရောက်လာသော နည်းပညာပစ္စည်း အများအပြား ပေါ်ထွက်လာရာ တစ်ကိုယ်ရေသုံး ကွန်ပျူတာ နယ်ပယ်သို့ 3D နည်းပညာနှင့် အတူ ဝင်ရောက်လားသော Lenovo ၏ အသစ်ထွက် IdeaPad Y560D လက်တော့ ကွန်ပျူတာကို 3D မြင်ကွင်းဖြင့် မြင်တွေ့ရတော့မည် ဖြစ်သည်။
3D နည်းပညာသည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားစက် ထုတ်လုပ်ရေး နယ်ပယ်သို့ ချင်းနင်း ဝင်ရောက်သည်မှာ ကြာပြီ ဖြစ်သော်လည်း ကုန်ကျစရိတ် ကြီးမားလွန်းသောကြောင့် လူတိုင်းအတွက် လက်လှမ်းမမှီနိုင်ခဲ့သော်လည်း ယခုအခါ မိမိတို့၏ တစ်ကိုယ်ရည် သုံးအတွက် လက်လှမ်းမှီနိုင်သော နည်းပညာပစ္စည်း အဖြစ် IdeaPad Y560D ထွက်ပေါ်လာပြီ ဖြစ်သည်။
3D နည်းပညာ အသုံးပြု ထုတ်လုပ်ထားသော လက်တော့ ကွန်ပျူတာများတွင် IdeaPad Y560D သည် ပထမဆုံး မဟုတ်သော်လည်း ဈေးနှုန်းမြင့်မားလွန်းသော အတန်းမြင့် ကွန်ပျူတာ ပစ္စည်းများတွင်သာ ထည့်သွင်းလေ့ရှိသည့် 3D နည်းပညာကို လူအများ တတ်နိုင်လောက်သော နှုန်းထားဖြင့် ပေါ်ပေါက်လာသော ကွန်ပျူတာများတွင် ပထမဆုံးဖြစ်သည်။
Lenovo ကုမ္ပဏီသည် IdeaPad Y560D ကို ဒေါ်လာ ၁၃၉၉ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်ရာ ဈေးသက်သာလှသည်ဟု မဆိုသာသော်လည်း ၎င်းနှင့် ပြိုင်ဘက် 3D လက်တော့များဖြင့် နှိုင်းယှဉ်လျင် တတ်နိုင်လောက်သော နှုန်ထားဖြစ်ကြောင်း သိရသည်။
Lenovo ရဲ့ IdeaPad Y560D 3D Laptop
Posted by



0 comments:
Post a Comment