ကဲဒီတစ်ခါတင်ပြပေးမှာကတော့ ကျွန်တော်စုဆောင်းထားတဲ့
ပရိုဂရမ်တွေထဲက တစ်ခုဖြစ်တဲ့ "Remove Unwanted Software" (မလိုအပ်သောဆော့ဖ်ဝဲများကိုဖယ်ရှား
ခြင်း) ဆိုသောခေါင်းစဉ်လေးနဲ့အတူ Update ဖြစ်နေတဲ့စာသားတွေကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ။
ကဲ.....စပြီနော်။ Windows 7 မှာပါလာတဲ့ Add / Remove ကိုသုံးပြီး ပရိုဂရမ်တစ်ခုကိုဖယ်ရှားပစ်မယ့်အစား
အခြားဆော့ဖ်ဝဲတစ်ခုခုကို သုံးရင်ပိုကောင်းတာတွေရှိပါတယ်။ ပိုပြီးတော့ Hardisk Space ကိုပိုရစေပြီး ပြန့်ကျဲ
နေတဲ့ဖိုင်တွေကို ပိုပြီးစီထားပေးနိုင်ပါတယ် ။ သုံးသင့်တဲ့ဆော့ဖ်ဝဲတစ်ခုကို အကြံပြုချင်ပါတယ် ။ အဲ့ဒါကတော့
PC Decrapifier ပါ ။ (
လိုချင်ရင်တော့ဒီနေရာလေးမှာဒေါင်းယူပါခင်ဗျာ။ ) အဲ့ဒီဆော့ဖ်ဝဲနဲ့မလိုအပ်တဲ့ဆော့ဖ်ဝဲတွေ ၊ ဖိုင်တွေကို သူကရှာ
ဖွေပြီးရှင်းနိုင်ပါတယ်။ PC Decrapifier ကို Download ချပြီးရင် .EXE ဖိုင်ကို Run လိုက်တာနဲ့ရပါတယ်။
ဖိုင်ကို Download ယူရမှာဖြစ်ပြီး Install လုပ်စရာမလိုဘဲ ဖိုင်ကို Click လုပ်တာနဲ့ ပရိုဂရမ်က Run ပါတယ်
တကယ်လို့ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲတစ်ခုခုတင်ထားတယ်ဆိုရင် အဲ့ဒီ .EXE ဖိုင်ကိုဖွင့်တဲ့အခါ
ပြဿနာရှာနိုင်တယ်။ အဲ့ဒီသတိပေးချက်ကို ဂရုမစိုက်ပါနဲ့။ ဆက်လုပ်လို့ရပါတယ်။ ဒီပရိုဂရမ်ကို Run ရင်
Wizard အတိုင်းတစ်ဆင့်ပြီးတစ်ဆင့် ပြီးတဲ့အထိ Run သွားလို့လည်းရတယ်။ ကိုယ်ဖျက်ချင်တဲ့ပရိုဂရမ်
တွေကို ရွေးချယ်လိုက်မယ်။ ဒီအချိန်မှာတော့ သတိပေးချက်တွေ ထွက်လာမယ်။ Next ကို Click လုပ်ပြီး
ကွန်ပျူတာကို Clean လုပ်နိုင်ပါပြီ ။ တကယ်လို့ Clean လုပ်စရာမတွေ့ ဘူးဆိုရင်လည်း သူကပြောပြီးမှ
ထွက်သွားလိမ့်မယ် ။ ကဲ ........ ကျွန်တော်တင်ဆက်ပေးချင်တာကတော့ ဒီအထိပါပဲခင်ဗျာ ။ ကျေးဇူး
အထူးတင်ရှိပါတယ် ခင်ဗျာ ။
."Taskbar ရဲ့ Notification Area ကိုထိန်းချုပ်ခြင်း"
Notification Area ဆိုတာကအောက်ခြေ ညာဘက်အစွန်လောက်မှာရှိတယ်။ System ရဲ့သတိပေးချက်
တွေ ၊ Alert လုပ်တာတွေကို ဖော်ပြပေးရတယ် ။ ဥပမာ - နောက်ကွယ်က ဘယ်လိုပရိုဂရမ်တွေ Run နေ
တယ်ဆိုတာကအစ အဲ့ဒီနေရာမှာသိနိုင်တယ်။ Windows ရဲ့လျှို့ဝှက်ချက်တွေ အများဆုံးနေရာလို့ပြောနိုင်
တယ်။ အကောင်းဆုံးပြန်ပြီး စီစဉ်ချင်တယ်ဆိုရင်
1 - ညာဘက်အစွန်ဆုံးနားလောက်မှာ Up Arrow ခေါင်းလေးကို Click လုပ်လိုက်တာနဲ့ Customize ဆိုတဲ့
Box လေးပေါ်လာလိမ့်မယ် ။
2 - အဲ့ဒီထဲက Application တိုင်းဟာအလွယ်ကူဆုံး Run နိုင်အောင်စီစဉ်ပေးထားတာတွေပဲ ။ Customize
ကို Clickလုပ်လိုက်ရင် ဘယ် Icon ကိုဖော်ပြပေး ၊ ဘယ် Icon ကိုဖျောက်ပေး အားလုံးစီစဉ်နိုင်တယ် ။
ပြောင်းပြီးရင်တော့ OK ကို Click လုပ်ပေးပါ။
3 - အဲ့ဒီညာဘက်အောက်ခြေမှာပဲ Clock ; Volume ; Network ; Power တွေကိုလည်းပြင်ဆင်ထိန်းချုပ်
နိုင်တယ်။ Customize ကိုနှိပ်လိုက်လို့ ပေါ်လာတဲ့ Windows ထဲမှာအောက်ခြေနားက Turn System
Icons On or Off ဆိုတာကို Click ထပ်လုပ်လိုက်ရင် Clock ; Volume ; Network ; Power တွေကို
အဖွင့်အပိတ်လုပ်နိုင်တဲ့ Windows ထပ်ပေါ်လာလိမ့်မယ်။ အဲ့ဒီထဲကနေပြီးတော့လည်း ထိန်းချုပ်နိုင်
တယ်။ ပြီးရင်တော့ OK လုပ်ပေါ့ ။
သု ဇေ ရှိုင်း (၀ိုင္အမ္ဘီဂ်ီ)
ymbggroup@gmail.com

0 comments:
Post a Comment