မူရင်းအဆိုရှင် “တက္ကသိုလ်ဦးအေးမောင်”ဆိုထားတာကိုပဲ အသုံးပြုထားပါတယ်။ ဒီသီချင်းကို “ဦးဇော်ဝမ်း”လည်း ဆိုထားတာ တွေ့ရတယ်။
သားသားလေး အမေ/ မိဘကျေးဇူးဂုဏ်ဖွဲ့နဲ့ ပတ်သက်တဲ့ တခြားသီချင်းတွေကို လျောက်နားထောင်ကြည့်တယ်။ ဒါပေမယ့် ဒီသီချင်းလေးကို ပိုကြိုက်နှစ်သက်သဖြင့် ဒီသီချင်းလေးနဲ့ပဲ “အမေနေ့အမှတ်တရအတွက်” ဖန်တီးလိုက်တာပါ။
ချစ်သူငယ်ချင်းများလည်း ခံစားနိုင်ဖို့၊ အမေနေ့ အမေ့ကျေးဇူးဂုဏ်ကိုလည်း ပြန်လည် အောက်မေ့ သတိရစေဖို့ ရည်ရွယ်ကာ တင်ပေးလိုက်ပါတယ်။
တကယ်တော့ အမေ့ကျေးဇူးဂုဏ်/ မိဘကျေးဇူးဂုဏ်ဆိုတာ “အမေနေ့”ရောက်မှ သတိရရမှာတော့ မဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း မိဘကျေးဇူးဂုဏ်ကို သတိရ/ သိတတ်ပြီး တတ်နိုင်တဲ့ တုန့်ပြန်မှုမျိုးဖြင့် ကျေးဇူးပြန်လည် ဆပ်ကြရမှာပါ။
ဒါပေမယ့် ပြာသိုလ်လပြည့်နေ့ “အမေနေ့”ကတော့ တစ်နှစ်ပတ်လုံး “အမေ့ကျေးဇူးဂုဏ်”ကို မေ့နေသူတို့ရှိက တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ရက်လေး ဖြစ်ဖြစ် အဲဒီ မေ့နေတဲ့ ပုဂ္ဂိုလ်များအတွက် သတိပေး/ အမှတ်ရစေဖို့ ရည်ရွယ်ကာ ဆရာကြီးဦးသုခက ကျင်းပပေးခဲ့တာ ဖြစ်မှာပါ။
အခု သားသားလေးကလည်း အမေ+အဖေတို့ ကျေးဇူးဂုဏ်ကို အစဉ်လေးစားသောအားဖြင့်လည်းကောင်း၊ ဆရာကြီး ဦးသုခကို ဂုဏ်ပြုသောအားဖြင့် လည်းကောင်း ဒီသီချင်းလေးကို ဖန်တီးလိုက်တာပါ။
ချစ်သူငယ်ချင်းများ
မိဘကျေးဇူးတရားကို နားလည် ခံစားတတ်တဲ့
သား ရတနာ/ သမီးရတနာလေးများဖြစ်အောင်
ကျင့်သုံးနေနိုင်ကြပါစေ.....
“သူများကို တွန်းအားပေးရင်/ သူများကို ဖြစ်စေချင်ရင် ကိုယ်ကိုယ်တိုင်က အရင်ဦးဆုံး ပြည့်စုံအောင် လိုက်နာ နိုင်ရမယ်တဲ့”။
အဲဒီအားလေးလည်း ဖြစ်ချင်လို့ပါ....
ကော်ကောင်းရင် တိုက်ရိုတ်နားဆင်နိုင်
@သားသားလေး
0 comments:
Post a Comment