............................................................ ..........

EMAIL ပို့သူထံ ပြန်အကြောင်းကြားတဲ့ နည်းလေးပါ

Wednesday, 1 December 2010

မိမိတို့ဆီ သူငယ်ချင်းများ မိတ်ဆွေများက မေးလ်တွေ ပို့ကြတဲ့အခါ သူတို့ ပို့လိုက်တာနဲ့ မိမိ မရှိလည်း အီးမေးလ်ကနေပြီး တစ်ခါတည်း ကျေးဇူးတင်ကြောင်းကို ပြောကြားလိုသူများ အတွက်ပါ။ ဒီနည်းလေးက မိမိမရှိလည်း မေးလ်ပို့တဲ့သူဆီကို တိုက်ရိုက်ချက်ချင်း ပြန်ရောက်ပါတယ်။ အကျိုးများလှသည်တော့ မဟုတ်ပါ။
                      
                         မသိသေးသူများအတွက် စေတနာလေးပါ

၁။EMAIL ကို ဖွင့်ပါ။

 ၂။  ညာဘက် အထက်ဒေါင့်နားမှာ ရှိတဲ့ Settings ကို နှိပ်ပါ။

 ၃။ Lables ရဲ့ ရှေ့နားက General ကိုနှိပ်ပါ။

 ၄။ Vacation Reponder NO ဆိုတာကို ရှာပါ။ တွေ့ရင် သူရှေ့က အကွက်လေးမှာ အမှန်ခြစ်ပေးပါ။

 ၅။ Vacation responder ရဲ့ အောက်နားမှာ ရှိတဲ့ Subject  ဆိုတဲ့ စာကြောင်းရဲ့ ဘေးအကွက်မှာ မိမိ   ရေးလိုသော ခေါင်းစဉ်ရေးပါ။  (ဥပမာ ။ ။မင်္ဂလာပါ ဘာညာပေါ့)

 ၆။ Message ရဲ့ ဘေးအကွက်မှာတော့ ရေးလိုသော အကြောင်းအရာများကို ရေးပါ။
    (မေးပို့ပေးတဲ့အတွက်ကျေးဇူးပါ ။ ဘာညာပေါ့)
 
  စိတ်ကြိုက်ရေးပြီး သွားရင် အောက်ဆုံးက save Save Changs ကို နှိပ်ပါ။ ခဏစောင့်ပါ။

အဆင်ပြေသွားပါပြီ

အချစ်ရွာ

0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG