ဒီကိစ္စဟာ သိတဲ့သူတွေလဲ သိပြီးသားဖြစ်ကြမှာပါ။
ခုတလော ၂၆ ရက်နေ့ ကအမေရိကန်တ၀ှမ်းလုံးမှာ ရှိကြတဲ့ ကွန်ပျူတာ ဆိုင်တွေမှာ ကွန်ပျူတာတွေလျှော့ဈေးနဲ့ ရောင်းကြလို
(HP အမျိုးအစားတစ်ခုသာ)အဆွေတော်လေးနဲ့ သိတဲ့သူတွေဝယ်လိုက်ကြတာ လပ်တော့တွေ
တစ်ယောက်တစ်လုံးနီးပါးပဲဆိုပါတော့။
ပြီးလဲပြီးရော ဇော်ဂျီဖောင့်တွေ Install လုပ်ပြီး စာရိုက်မရကြလို့  အရပ်ကူပါလူဝိုင်းပါဖြစ်ကြပါတော့တယ်။
window7 က ဖောင့်ကို Install လုပ်ရုံနဲ့ စာရိုက်မရပါဘူး ကီးဘုတ်ကိုပါ Install လုပ်ရပါတယ်။
Install လုပ်ရတဲ့ လင့်တွေကတော့
၁။ ဇော်ဂျီဝမ်းအတွက် IEZawGyiGtalkfont.EXE ပါ။(ဒီဆိုဒ်ရဲ့ မူလ စာမျက်နှာလဲရှိပါတယ်။
၂။ ကီးဘုတ်အတွက် Zawgyi_Keyboard_L.zip ပါ။(window 7 မှာစာရိုက်နိုင်ဖို့ )
ကီးဘုတ် Zip ဖိုင်ကို ဒေါင်းပြီးသွားရင် စက်ထဲကို အောက်မှာ မြင်ရတဲ့ ၀ိုင်းပြထားတာတွေကို Run လိုက်ပါ။
ဒါဆိုရင် Window7 မှာ စာမရိုက်ရတဲ့ပြဿနာ အေးဆေးသွားပါပြီ။
64 bit မှာ စာရိုက်မရလို့ ဘယ်လို လုပ်ရမလဲတဲ့။
အဲဒီအတွက် အောက်မှာတွေ့ ရတ
LINK ; ;မှာ ကလစ်တင်ဒေါင်းပြီး ။စက်ထဲမှာ Run ထားလိုက်ပေတော့။ window 7 ...64bit အဆင်ပြေသွားမှာပါ
အားလုံးရွှင်လန်းချမ်းမြေ့ ပျော်ရွှင်ကြပါစေ။
ကွန်ပျူတာအသစ် Window7 ကြီးနဲ့  ချစ်စရာကောင်းတဲ့ မြန်မာစာလုံးဝိုင်းဝိုင်းလေးတွေ ရိုက်နိုင်ကြပါစေ။
@BY Forever Friends
0 comments:
Post a Comment