မမကြီးပြောပြခဲ့ဖူးသောပုံပြင်တပုဒ်
ကျမငယ်စဉ်ကတည်းကချစ်ကြောက်ရိုသေခဲ့ရသောကျမရဲ့ မမကြီးပြောပြခဲ့တဲ့
ပုံပြင်လေးတပုဒ်ပေါ့ 
နားထောင်ကြည့်နော်။။။။
အတောင်ဆိတ်လို့ အတိတ်ဆောင်.။။။။တဲ့
တခါတုန်းကပေါ့ ရွာတရွာမှာ သားသမီး ၈ ယောက်မွေးထားတဲ့ ဒေါ်သီးဆိုတာရှိသတဲ့ ။
ကလေးများရတဲ့ အထဲ ဒေါ်သီးမှာတူမတယောက်ကလည်းရှိနေသေးတယ်၊ မိဘတွေမရှိတော့
့ဒေါ်သီးပဲကျွေးမွေးထားရသတဲ့ ၊ တူမလေးကလည်းတော်ရှာပါတယ်။ အိမ်အလုပ်တွေ
အကုန်ကို လုပ်ပေးတယ်လေ မိုးလင်းကနေမိုးချုပ်တဲ့  အထိပေါ့ ...ဒေါ်သီးကလည်း
တူမလေးအသုံးဝင်ပုံကိုသိပါတယ် ဒါပေ့မယ့်သူမှာလည်းစားဝတ်နေရေးအခက်အခဲကြောင့်
တူမလေးကိုအိမ်ထောင်ချပေးဖို့  စီစဉ်သတဲ့....။
ဒီလိုနဲ့ တူမလေးအတွက်လူရွေးတာချမ်းသာတဲ့လူတွေကိုပဲမျက်စိကျတာပေါ့... .
ဒေါ်သီးကပိုက်စံကိုသူမက်မောတယ်လေ...ဒီိလိုနဲ့ 
့ပိုက်စံချမ်းသာတဲ့ လယ်ပိုင်ရှင် ဦးကျော့ကြီးဆိုတဲ့မုဆိုးဖိုအသက်ကြီးကြီးကိုသဘောတွေ့  သတဲ့ ..
.ပိုက်စံ ရှိတယ်လေ
တူမကိုနားသွင်းတာပေါ့  ဦးကျော့ ကြီးကိုယူဖို့ လေ တူမလုပ်တဲ့
့သူကလည်းစိတ်ဆင်းရဲတာပေါ့  အသက်ကလည်းကြီးပီ
မုဆိုးဖိုလည်းဖြစ်တဲ့ဦးကျော့ကြီးကိုမယူချင်ဘူးဆိုပါတော့  အဲ ဒီတော
့အဒေါ်လုပ်တဲ့ သူကိုပြောတယ် မယူချင်ဘူး အသက်လည်းကြီးတယ်လူပျိုလည်းမဟုတ်ဘူးလို့ 
့ပြောတဲ့ အခါ အော် ညည်းနှယ်.. သူလည်းတချိန်ကလူပျိုပါအေ
အိမ်ထောင်ပြုလိုက်လို့ အိုသွားတာပါ အချိန်ကြာတော့ 
့အသက်ကလည်းအလိုလိုကြီးလာတာပေါ့ အပြစ်မဟုတ်ဝူးလို့  ပြောသတဲ့  တူမလုပ်တဲ့ 
့သူကတော့ အဒေါ်ကိုမကျေနပ်ဘူးပေါ့  ဒါပေ့ မယ့် သူပြန်မပြောရဲဘူးလေ ဒီလိုနဲ့ ....
့ တူမလုပ်တဲ့ သူကစဉ်းစားတယ်ဘယ်လိုလုပ်ပီး အဒေါ်ကိုပြောရမလဲ ပေါ့ 
အဲဒီနောက်နေ့  မနက်မှာ ဒေါ်သီးဟာတူမကို နံနက်စာဟင်းချက်ခိုင်းပြီး
အလုပ်ကိုသွားသတဲ့  ညနေစောင်းမှ မောမောပန်းပန်းပြန်ရောက်လာတော့  ဆာလာတာပေါ့ 
့ တူမရေထမင်းစားမယ်ကွယ် ဘာဟင်းစီမံထားလည်းလို့ မေးသတဲ့ ..
တူမလုပ်တဲ့ သူကပြောတယ် နှမ်းဖတ်ချဉ်ဟင်းနဲ့ တို့ စရာ မျှစ်ပြုတ် ပါလို
့ပြောသတဲ့ .. ဒေါ်သီးကထမင်းစားပွဲကိုကြည့် ပြီး နှမ်းဖတ်ချဉ်ဟင်းနဲ့ တို
့စရာမျှစ်ပြုတ် ဆိုတာဒါ လား အေ့  ဒါလားမျှစ်ပြုတ်၊ ၀ါးတွေကို
မျှစ်ပြုတ်လို့  ငါ့ ကိုပြောတာလားလို့ မေးတယ်...
အဲဒီအခါမှာတူမလုပ်သူပြောတဲ့ စကားလေးက တော့ 
အခုမှ ၀ါးလုံး ၊ ၀ါးခြမ်းတွေ ဖြစ်နေပေ့ မယ့် တချိင်္န်တုန်းကတော့ 
့မျှစ်ပဲမဟုတ်လား အဒေါ်ရယ်တဲ့ .............။ ။
Subscribe to:
Post Comments (Atom)
K
o
Y
i
n
M
a
u
n
g
0 comments:
Post a Comment