............................................................ ..........

ရှုတ်ထွေးခြင်း

Thursday, 2 December 2010




ဂျွန်းစစ်သည် များကို လက်နှက် နဲ့ငြိမ်းချမ်းရေးလဲလှယ် ပီးနောက် မောင်မြန်မာ စက်ဘီးအစုတ်လေးကိုနင်း

ပီးကျန်စစ်သားဟု အမည်တွင်သည့် ဂန္ဒ၀င် ဖွင်ကြောင် ဦးဆာင် သော ပုဂံတပ်ကြီးသည် မဏိစန္ဒာ

အမည်ရှိ

မင်းသမီးလေးကို လန်ချားဖြင့် ယူဆောင်(မ) ပြီး ပြန်လာရာ လမ်းတလျှောက် ရှိကျေးရွာငယ် များမှာ

သောင်းသောင်းဖြဖြပန်းကုံးများ ပန်းခြင်းများ ပန်းခွေများဖြင့် ကြို ဆိုလျှက် ရှိလေသည်။

ထိုသို့ ပုဂံနေပြည်တော် သို့ ပြန်လည်ချီတက်လာရာ တောတွင်း၁နေရာတွင်

ကျန်။ ။ ငါတို့ ဒီခွေးလျှား ခြုံနားမှာ နားကြမယ် ဟေ့

ထိုသို့ပြောလိုက် သည်နှင့် မင်းသမီးလေးမှာ ခြုံပုတ် တွင်းသို့ တလကြမ်း ပြေးဝင်သွားလေသည်။

ကျန်စစ်သားမှာ

အခြေအနေကိုရိပ်မိသည့် အလား နှုတ်ခမ်းမွှေးများ ထောင် သည့် အထိပြုံးလေသည်။

မဏိ။ ။အမလေးကိုကိုစစ်ရေ လုပ်ပါ အုံး အောက် မှာတီကောင်ကြီး

ထိုသို့ကြားလိုက် သည်နှင့် လေထက် မြန်သောအဟုတ်ဖြင့် ခြုံ နားသို့ တိုးကပ်သွားသေသည်။(မည်သည့်

အချိန်ထဲကကြံနေသည် မသိ)

ကျန်။ ။အော် နှမတော်ရယ် မထိပ်သာမလန့်သာ ဘာမှမဖြစ် ဘူး ကော့သာပန်းလိုက် ။

မဏိ။ ။ကိုကိုစစ်ရေ သောက်ကြောတင်းတယ် လျှာပြန်ထုတ်ပြနေတယ်။

ကျန်စစ်လဲ ဒေါသကြီးစွာထွက်သောကြောင့် ဓါးကိုဆွဲထုတ်ကာ မည်သို့ မည်ပုံ လုပ် လိုက် သည် မသိ

တီကောင်မှာ

အိမ်ထောင်ရှင် ဘ၀ကို ရာသက်ပန်စွန့်လွှတ်လိုက် ရလေသီ

ထိုအချိန်မှစ ကျန်စစ်သည် မင်းသမီးလေးဧ။် မျက်လုံးရွဲကြီးနှင့် အကြည့်ခြင်းဆုံသောအခါတွင် ၄င်း

လန်ချားစောင့်တိုင်းအော် လိုက်သောအသံသည် ၄င်း ကျန်စစ် ဧ။်နှလုံးဘ၀င်တွင် အိမ်သာခွက်

တွင်းရောက် ရှိနေသောပရုတ်လုံး ကဲ့သို့တဖြည်းဖြည်း လုံးပါးပါးလာပါတော့ သည် ။



X X X X X X X X X X X X X X X X X X X X X XX X XX XX XX XXX XX XXXX

ဘာ ပလာတာကျော် တဲ့ဒယ်လောက်မှ ဇောက် မနက် အကြံပက်ဆက် တဲ့ကောင် ခုချက်ခြင်း ရှေ့

တော်မှောက်

ဖမ်းစီးခေါ်ဆောင် စေ (အနော်ရထာ အမည်ရှိ ဘာမှန်းမသိသော လူကြီးဧ။် အော်သံ)

ဒီမှာ ကျန်စစ် မင်းက ငါစားမဲ့ မုန့်ပြားသလတ်မှ လက်ညှိုးထိုးရဲတယ်ပေါ့

ကျန်။ ။ မဟုတ်ရပါ မလစ်လို့ မလုပ် ခဲ့ရကြောင်းပါ

နော်။ ။ တော် တန် တိတ် မင်းဟာငါ့ ရဲ့ နောက် ကွယ် မှာ ဖျောက်ပြန်တဲ့အတွက် မင်းကို သေဒါဏ်

ပေးရမယ်

ဟဲ့ မိဖုရား များ လှံပေး စမ်း

အမတ်များ။ ။ အရှင်မင်းကြီး လူမြင်ကွင်းမှာ မသင့် တော် ကြောင်းပါ ။

နော်။ ။ ဟ ဟ ငါ ကိုင် နေကျ လက်စွဲတော် လှံကိုပြောတာ တယ် လဲ ခက် တာပဲ

ကဲ သေလေရော့ဟယ်



မင်းကြီးလဲ ကြီးစွာသော ဒေါသနှင့် ကျန်စစ်အား လှံဖြင့် ပြစ်ပေါက်လိုက် သည်။ သို့သော် ကျန်စစ်မှာ

နံနက်ခင်းက

ရေးနွေးနှင့်မြည်းခဲ့သော ပဲကြီး လှော် တန်ခိုးကြောင့် လေလည်ရန် ၁ဘက်သို့ အသာစောင်းလိုက် သည့်
အချိန်နှင့်

တိုက် ဆိုင်စွာ ချည်ထားသောကြီုးကို ထိလေသည်။ ကျန်စစ်မှာ အားရ၀မ်းသာ လှံကိုကောက် ဆွဲကာ
ရေအိမ်သို့

ပြေးလေသည်။အနော် ရထာလဲ ကျန်စစ်ထွက်ပြေးလေပီဟု မှတ်ယူလျှက် မြို့တွင်းမြို့ပြင် လိုက် လံရှာဖွေရာ

မတွေ့နိုင်ပဲရှိလေသည်။ ကျန်စစ်လဲ အသက်ဘေးနီးလေပီဟု မှတ်ယူကာ နေပြည်တော်မှ ထွက်ပြေးလေ
တော့သည်

X X X X X X X X X X X X X X X X X X X X XX X X X X X X X XX X X X XXX X


နောင် သုံးနှစ်ခန့်ကြာသော်

နှမတော် ဗူဗူ မောင်တော်လဲ အရှင်မင်းကြီးစိတ်ပြေပီ ဖြစ်လို့ နေပြည်တော် ပြန်ရတော့ မယ်

ဒီတော့ ဒီဓါတ်လုံးလက်စွတ်လေးကို ယူပီးနေရစ် ခဲ့တော့ သားလေးမွေးခဲ့လျှင် နေပြည်တော် လိုက် ခဲ့

သမီးလေးမွေးခဲ့လျှင်တော့ ထုခွဲရောင်းချပီး အဆင်သင့် သလိုသာနေတော့ ဟုဆိုကာ တောအရပ် တွင်

ပြစ်စလတ်ခတ် ထားခဲ့လေတော့ သည် ။(ထိုမှစပြီးမိခင်နှင့် ကလေးများအသင်းပေါ်ပေါက်လာခဲ့သည်ဟု
ပါးစပ်ရာဇ၀င်ရှိခဲ့ဘူးသည်)

နေပြည်တော် တွင် အလောင်းစည်သူအိမ်ရှေ့ မင်းသားလေးနန်းတက်ပွဲကျင်းပနေချိန်

တံခါးစောင့် ။ ။ အရှင်မင်းကြီး မြို့တံခါးဝမှာ မိန်းမပျို၁ယောက် ကလေး၁ယောက် လက် ဆွဲပြီး အရှင်မင်းကြီးနဲ့

တွေ့ဖို့ တောင် ဆိုနေပါ တယ်။

ကျန်။ ။( ဟိုက် ) သောက် ဂွတ် ပဲ ရှေ့တော်မှောက် ၀င်စေ

ကျန်။ ။ ဟေ့ သူငယ်မ မင်းနာမည် ပြောစမ်း(ရုပ်တည် နဲ့ဖြဲခြောက် မှ)

ဗူဗူ။ ။ မှန်လှ မထီးတူမ သမ္ဗူလ ခေါ် ဗူဗူ ပါ အရှင် မင်းကြီး

ကျန်။ ။ ဟဲ့ မင်းက ဗူဗူ ပြောတိုင်း ငါကယုံရမှာ လား

ဗူဗူ။ ။ အရှင်မင်းကြီး မယုံရင် အရှင်မင်းကြီး ပေးခဲ့တဲ့ လက် စွတ်လေးရှိပါ တယ် ။ နေပြည်တော် အလာ

လမ်းမှာ

ခရီးစားရိတ် ပြတ်လို့ ပေါင်းနှံခဲ့ရာ အပေါင်ဘောင်ချာ တော့ သက်သေအဖြစ် တင်ပြနိုင်ကြောင်းပါ

ကျန်။ ။ပြစမ်းဟဲ့ အဲ့အပေါင် ဘောင်ချာ။

သမ္ဗူလ လဲ ထမိန်နှင့် ရောလိပ်ထားသော အပေါင်ဘောင်ချာကို ခါးကြားမှ ထုတ်ပြီးပြလေသည် ။

ကျန်။ ။ အင်း ဘောင်ချာက တော့ ဟုတ်ပါပီ ဒါပေမဲ့ မင်း လိမ်ညာပီးပြောနေတာဆိုရင် ဘယ်လိုလုပ် မလဲ

ဒီလောက် နဲ့တော့ ငါ အယုံနိုင်သေးဘူး

ဗူဗူ။ ။ ဒါဆိုလဲ ပြောရသေးတာပေါ့ ရွာမှ နေတုန်းကလေ နောက်ဖေး ကောက်ရိုးပုံ မှာ လပြည့် ည

ချိန်ပီးတော့

နှမတော် ရယ် လကလဲ သာလိုက် တာ (လသာတော့ ဘာဖြစ် လဲ) (လသာတော့ လာ......)

ဟိုး တော်ပီ ရပ်တော့

ရှိသေးတယ် လကွယ် ညကျတော့ လဲ မှောင်လိုက်တာ (မှောင်မိုက်တော့ မောင်ကြိုက်တာပေါ့) ဆိုပီး

ဟိုး တော် !
ဟေ့ နှမတော် မင်းကို လဲ မိဖုရား အရာပေးသနားတယ် မင်းနဲ့ပါ လာတဲ့ ငါ့ သားတော် ဆိုတာကို လဲ

ရာဇကုမာရ အမည်ဖြင့် အိမ်ရှေ့ အရာပေးသနားမယ်


ရေးသားသူဧ။်ဝန်ခံချက် ။ ။ ပျော် စရာအနေနှင့် ရေးသားသောကြောင့် အမှားပါခဲ့ရင် (သို့)

လွန်သွားတာရှိရင်

တောင်းပန်အပ်ပါသည် ။

"ဧဒင်ဦးယာဉ်မှ လူရွင်တော် ဂျိုကာ ရေးသားသည်"

0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG