............................................................ ..........

ငါဟဲ့ စူပါမင်း .

Thursday, 2 December 2010


မူလတန်းကျောင်းတစ်ကျောင်းမှာ ..ကျောင်းသားလေးပီတာကိုဆရာမက
1နဲ့2ပေါင်းဘယ်လောက်ရသလဲမေးတော့ အူတူတူနဲ့ မမှတ်မိဘူးတဲ့
အဲဒီတော့ဆရာမက အဲဒီလောက် သင်ထားတာတောင်မသိလေခြင်း ဆိုပြီး
အိမ်ကမိဘတွေကိုပြန်မေးခိုင်းလိုက်ပါတယ်....

ဒါနဲ့ ပီတာလေးအိမ်ရောက်တော့ သူ့အမေကိုမေးတယ် ..
သူ့အမေကအိမ်မီးဖိုချောင်မှာ အမဲသားဟင်ချက်နေတယ်တဲ့...

ပီတာ ။ မေမေ1+2ပေါင်းဘယ်လောက်လဲဟင်
မေမေ။ အော်သား အမဲသားလေတဲ့ ...ဟင်းမေးတယ်ထင်ပြီးတော့ပေါ့
ပီတာလေးကမှတ်ထားသတဲ့
နောက် သူ့အဖေကဧည့်ခန်းမှာစူပါမင်းစာအုပ်ဖတ်နေတယ်တဲ့ သူ့အဖေကိုလည်း
ပီတာလေးကသေချာအောင်သွားမေးတယ်တဲ့
ပီတာ ။ ဖေဖေ 1+2ပေါင်းရင်ဘယ်လောက်လဲဟင်
ဖေဖေ ။ စူပါမင်းပေါ့သား၇ယ်တဲ့.... စာအုပ်ကိုမေးတယ်အမှတ်နဲ့ပေါ့
နောက်ပီတာလေးက မနေသေးဘူးတဲ့ အိမ်က အမှိုက်သိမ်းနေတဲ့ မိန်းမကြီးကိုပါသွားမေးတယ် ..
ပီတာ ။ အန်တိကြီး1+2ဘယ်လောက်လဲဟင်.

မိန်းမကြိး ။ အမှိုက်ပုံတဲ့ ..အမှိုက်တွေထည့်ရမယ့်နေရာမေးတယ်ထင်ပြီးတော့ ပေါ့
အဲဒီနောက် ပီတာလေးက မဟုတ်သေးပါဘူး ဒါပေမဲ့ မှတ်သားထားရမယ် ဆရာမကမေးခိုင်းတော့
ငါ သေချာမှတ်ထားရမယ်ပေါ့
ဒါနဲ့ လမ်းမကိုထွက်ခဲ့တယ် လမ်းကိုရောက်တော့ ဦးလေးကြီးတစ်ယောက်နဲ့တွေ့ပါလေရော..
အဲဒီဦးလေးကြီးက အကြွေးတွေနဲ့ သူ့ဖာသာစိတ်ညစ်ပြီးလာနေတာပေါ့ အဲဒါကို ပီတာလေးကမသိရှာဘူး..အလိုက်မသိတာပေါ့လေ

အဲဒီဦးလေးကြိးကို ပီတာလေးက ဦးလေး 1+2ပေါင်းရင် ဘယ်လောက်ရပါသလဲတဲ့ ...
ဦးလေးကကြီးငါ့ကိုမခန့်လေးစားလာနောက်သလားဆိုပြိး.. ရူပ်ရူပ်ထုတ်ထုတ်...
တဲ့ .ငါ လုပ်လိုက်ရ ..ဆိုပြီး
ကြိမ်းမောင်းလိုက်သတဲ့ ..

အဲဒီတော့ပီတာလေးက မှတ်သားလိုက်ပြန်လေရော
ဆရာမစကားနားထောင်တာကိုး ပီတာလေးက
အဲ ..နောက်တစ်နေ့ကျောင်းရောက်တော့
ဆရာမ ကပီတာလေးကိုမေးသတဲ့
ဆရာမ ။ ဟဲ့ ပီတာ 1+2ဘယ်လောက်ရလဲသိလားဖြေစမ်း
ပီတာ ။ အမဲသားပါဆရာမ
ဟိုက် ဆရာမက လည်းဒေါသထွက်ထွက်နဲ့
ဆရာမ ။နင့်ကိုယ်နင်ဘာထင်နေလဲ တဲ့
ပီတာ ။စူပါမင်းပါဆရာမ
ဟာဒီကောင်လေး ပြောလေကဲလေ
ဆရာမ ။ ဒီကျောင်းကိုနင်ဘာထင်နေလဲတဲ့
ပီတာ ။အမှိုက်ပုံးပါဆရာမ..
ဆရာမကအစွမ်းကုန်ဒေါကန်ပြီး
ဆရာမ ။ နင့်ကိုကျောင်းအုပ်ကြီးဆီပို့ပစ်မယ် ပြောလိုက်တော့ ..
ပီတာ ။ ရူပ်ရူပ်ထုပ်ထုပ် ..ငါလိုက်ရဆိုပြီး ပြောလိုက်ပါသလဲကွယ် ..
ဆရာမ ။ ဟိုက် ...

ဧဒင်ဥယာဉ်မှ ဖူးမေ ရေးသားသည်

0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG