လုပ်နေရတော့ သိပ်ပျင်းဖို့ကောင်းပါတယ်။ အချိန်လည်း အင်မတန်ကုန်ပါတယ်။ Drive တွေ ၃
ခု ၄ ခု ရှိတဲ့ Windows တွေမှာဆို ပိုဆိုးတာပေါ့။ ခက်တာက Windows ရဲ့ utility
မှာကို က drive အားလုံးကို တပြိုင်တည်း လုပ်နိုင်တဲ့ utility မှမရှိတာ။
Disk Defragmenter ကို Command line နဲ့လည်း အလုပ်လုပ်ပါတယ်။
defrag <volume> [-a] [-f] [-v] [-?]
volume drive letter or mount point (d: or d:volmountpoint)
-a Analyze only
-f Force defragmentation even if free space is low
-v Verbose output
-? Display this help text
အဲဒီတော့ Windows မှာရှိတဲ့ Drive တွေအားလုံး ကို တခုပြီးတခု defrag လုပ်လို့ရအောင် notepad ထဲမှာ
defrag c: -f
defrag d: -f
defrag f: -f
defrag g: -f
ရိုက်ထည့်ပြီး File name ကို defragall.bat လို့ ပေးပြီး Save လိုက်ပါ။ Defragment
လုပ်ချင်ရင် defragall.bat ကို Double
Click လုပ်လိုက်ယုံ နဲ့ Command Prompt ပွင့်လာပြီး Drive C: D: F: G: တို့ကို တခုပြီးတခု defrag
လုပ်သွားမှာဖြစ်တယ်။ Dirve တွေ အားလုံး Defragment ပြီးသွားရင်
Command Prompt window အလိုအလျောက် ပိတ်သွားပါလိမ့်မည်။
ဘာကြောင့် defrag လုပ်ရသလဲလို့ ဆိုရင် ကျနော်တို့ သုံးနေတဲ့ hard disk မှာရှိတဲ့
file များ သုံးစွဲတာ များလာရင် ပဲဖြစ်ဖြစ်၊ file များ (သို့) program များကို
ထုတ်လိုက် သွင်းလိုက် လုပ်သည်ဘဲဖြစ်ဖြစ်၊ file များ (သို့) program များဟာ
သူရှိနေကျ နေရာတွေမှာ မရှိတော့ဘဲ ပြန့်ကျဲ နေပါတယ်။ အဲလို ပြန့်ကျဲနေတဲ့ file များ
(သို့) program များကို သူ့နေရာတကျ ရောက်အောင် hard disk ကို defrag လုပ်ပေးခြင်း
ဖြစ်ပါတယ်။ Defrag မလုပ်ရင်ပေးရင် ကွန်ပြူတာက ဖြေးဖြေးခြင်း နှေးလာပါတယ်။
အနည်းဆုံး ၁ လကို ၂ ကြိမ် လောက် defrag လုပ်ပေးသင့်ပါတယ်။
ဒီနေရာလေးမှာပဲ ကျနော်ဖြည့်စွက်ပြောပါရစေ.. နောက်တစ်မျိုး ရေးလို့ပါတယ်
၂ မျိုးလုံးသိအောင်ပါ.. notepad မှာပဲ အောက်မှာကျနော်ရေးထားတာလေးကို ကူးထည့်ပြီး နှစ်သက်ရာ
name တစ်ခုနဲ့ save လုပ်လိုက်ပါ..နောက်က extension ကတော့ .bat ပါပဲ.
@ အဆွေတော်လေး
name တစ်ခုနဲ့ save လုပ်လိုက်ပါ..နောက်က extension ကတော့ .bat ပါပဲ.
Quote:
@echo off defrag -c -v exit |
ပြီးရင် double click ပေးလိုက်ရင် Drives အားလုံးကို Defragment လုပ်သွားပါလိမ့်မယ်..အဆင်ပြေပါစေ..
defrag -c -v လို့ပဲရေးပြီး notepad မှာ .bat နဲ့ save လုပ်လည်း ရပါတယ်..ကျနော်က
bat file format အတိုင်းရေးလိုက်တာပါ.. @echo off ထည့်ရခြင်းကတော့ အလုပ်လုပ်တာကို
မမြင်ရအောင် ထည့်တာပါ..၂ ခုလုံးစမ်းကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်...
@ အဆွေတော်လေး
0 comments:
Post a Comment