............................................................ ..........

ရယ်မောစရာ

Monday, 20 December 2010

 ပန်းခြံရှိ ခုံတန်းရှည်တစ်ခုတွင် ချစ်သူနှစ်ဦး ထိုင်နေကြသည်။ ကောင်မလေး က ညုတုတုအသံဖြင့် ပြောသည်။
" ဘယ်ဘက်ပါး ဘာဖြစ်မှန်းမသိဘူး။ နာသလိုလိုပဲ မောင် "
ကောင်လေးက ပါးကိုနမ်းလိုက်ပြီးမေးသည်။ " အခု နာသေးလား "
" မနာတော့ဘူး မောင် "
မိနစ်အနည်းငယ်ကြာသွားသည်။ " ဟင် ၊ ဒီလည်ပင်းကလည်း ဘာဖြစ်မှန်း မသိဘူး ။ ကိုက်ချင်လာတယ် "
ကောင်လေးက ကောင်မလေးဧ။် လည်ပင်းကိုဖွဖွလေး နမ်းလိုက်သည်။
" အခုနာသေးလား"
" ဟင့်အင်း "
မနီးမဝေးက အခြားခုံတန်းရှည်တွင် ထိုင်နေသော ပင်စင်စား အဖိုးကြီးက လူငယ်နှစ်ဦး
ချစ်ကြည်နူးနေသည်ကို ကြည့်ပြီး အမြင်ကတ်ကတ်နှင့်ပြောသည်။
" ဒီမှာ ငါ့တူ ၊ အဘရဲ့ လိပ်ခေါင်းရောဂါကိုရော ပျောက်အောင် မကုတတ်ဘူးလားဟင် "?
  *မထိန်းနိုင်လို့ပါ*  ပင်လယ်ပြင်တွင်သင်္ဘောပျက်၍ အသက်ကယ် ဖောင်လေးနှင့် လွတ်မြောက်လာသူ ကိုအူလည် ကိုတုံးအနှင့် ကိုလူရိုး သုံးဦး သည် ကျွန်းတစ်ကျွန်းပေါ်သို့ ဆိုက်ရောက်လာသည်။

ထိုကျွန်းပေါ်ရှိ လူသားစား လူရိုင်းများက ၎င်းတို့ကို ဖမ်းဆီး လိုက်ကာ လူရိုင်းဘုရင်ထံ ခေါ်ဆောင်သွား သည်။

လူရိုင်းဘုရင်က “အေး ဒီကျွန်းပေါ် ရောက်လာသူတွေကို ငါတို့က သတ်စားလေ့ရှိတယ်။ ဒါပေမယ့် မသတ်ခင် မှာတော့ အခွင့်အရေး တခုပေးတယ်။ အဲဒါက မင်းတို့ တွေ တနာရီ အတွင်းမှာ
သစ်သီး ၁၀ လုံးစီ ယူလာဖို့ပဲ။ အဲဒါ မင်းတို့ သစ်သီး ဆယ်လုံးစီ
အမြန်သွားရှာခဲ့ကြ။”

သုံးယောက်သား အပြေးလေး ထွက်သွားကြသည်။

ပထမဆုံး ကိုတုံးအ က ပန်းသီး ဆယ်လုံးကောက်ယူ၍ အမြန်ဆုံးပြန်ရောက်လာသည်။

ထိုအခါ လူရိုင်းဘုရင်က “အဲဒီ ပန်းသီး ဆယ်လုံးကို မင်းစအိုထဲကို တလုံးချင်း သွင်းရမယ်။ မင်း မျက်နှာမှာ ဘာခံစားချက်မှ မပြရဘူး။ တကယ်လို့
မင်းမျက်နှာမှာ တစုံတရာ စိတ်ခံစားမှုပြသရင် မင်းကို သတ်စားမယ်။”

ကိုတုံးအ က အကောင်းဆုံး ကြိုးစားသည်။ သို့သော် သုံးလုံးမြောက်တွင် နာကျင်မှုကြောင့်ကိုတုံးအ၏မျက်နှာ ရှုံ့မဲ့သွားမိ၏။ ချက်ချင်း
အသတ်ခံလိုက်ရသည်။

ထို့နောက် ဒုတိယ ကိုအူလည် ပြန်ရောက်လာ၏။ သူ့လက်တွင် ညောင်သီး ဆယ်လုံး ပါလာသည်။ လူရိုင်းဘုရင်က သူ့ကို ပထမ လူအတိုင်း စေခိုင်းသည်။ ကိုအူလည်က သူ့အတွက် အခက်အခဲမရှိနိုင်ကြောင်း သိ၍ ၀မ်းသာသွား
သည်။ သို့သော် ၉ လုံးမြောက် ညောင်သီး သွင်းပြီး ချိန်တွင် မအောင့်
မအီးနိုင် ရယ်မောလိုက်မိသည်။ ထို့နောက် အသတ်ခံလိုက်ရသည်။

ကိုတုံးအ နှင့် ကိုအူလည်တို့ နှစ်ယောက် တမလွန်ဘ၀တွင် ဆုံဆည်းမိကြ၏။

ကိုတုံးအ – “ဟေ့ကောင် မင်းတော်တော်ညံတဲ့ကောင်ပဲ။ ငါ့ရဲ့ပန်းသီးတွေက အကြီးကြီးတွေမို့ ထားပါတော့၊ မင်းညောင်သီးလေးတွေက ဘာခက်တာမှ မဟုတ်ဘူး။ အဲဒါ
မင်းက ဘာလို့ အောင်မြင်ခါနီးကျမှ ရယ်ရတာလဲ။”

ကိုအူလည် – “မင်းငါ့ကို အပြစ်မတင်နဲ့။ မင်းလည်း ငါ့နေရာမှာဆို ဒီလိုဖြစ်မှာပဲကွ။”

ကိုတုံးအ – “ဘယ်လိုဖြစ်လို့လဲကွ။”

ကိုအူလည် – “ဘယ်လိုဖြစ်ရမလဲ ငါ့ကို ညောင်သီး ၉ လုံးသွင်းပြီးသွားတဲ့ အချိန်မှာ ဟိုကောင် ရိုးအ က ဒူးရင်းသီးကြီး ဆယ်လုံး ထမ်းပြန်လာတယ်လေကွာ—”


 *Facebook ခေတ် (from fwd mail)*


အချစ်ရေ ..

အချစ် အမြန်ဆုံး နေပြန်ကောင်းလာပါစေလို့ မောင် ဆုတောင်းပေးပါတယ်။

အချစ်နေမကောင်းဘူး ဆိုတာကို သိသိချင်းပဲ မောင့်ရဲ့ Poker ဒေါင်းဖော်ဒေါင်းဖက် သူငယ်ချင်းတွေ၊ Mafia မိတ်ဆွေတွေ၊ မောင့် ဘောလုံးအသင်းကလူတွေ၊ ပြီးတော့ အချစ်ရဲ့ သူငယ်ချင်း လယ်သူမတွေ ၀ိုင်းပြီး သတင်းမေးကြ၊ ဆုတောင်းပေးကြတာ အချစ် Wall ပေါ်က မောင့် Post မှာ Comment တွေ ရာထောင်ချီသွားတယ် အချစ်ရယ်။

အချစ်ရဲ့ ဆေးရုံကုတင်ပေါ်ကပုံလေးကို မောင် Upload လုပ်ပြီး တင်လိုက်တော့လဲ ၀ိုင်းပြီး ၀မ်းနည်း Comment အားပေး Comment တွေ ပေးကြပြန်ရော။

အော် .. ဒါနဲ့ ပြောရဦးမယ်။ အချစ် အရင်တုန်းက ဆေးစစ်ထားတာတွေကို မောင် Scan ဖတ်၊ Upload လုပ်ပြီး အချစ်ရဲ့ ဆရာဝန် ကြည့်လို့ ရအောင် အဲဒီ Photo မှာ သူ့ကို Tag လုပ်ပေးထားတယ်။ အဲဒီ ဆရာဝန်က တော်တယ်နော်။ လူနာတွေကိုလဲ တော်တော် ဂရုစိုက်တယ်။ အချစ် ဆေးရုံပေါ်က ဆင်းတော့မှ သူ့ Wall ပေါ်မှာ မောင်တို့ ကျေးဇူးတင်စကား သွားရေးကြမယ်လေ နော်။ သူတင်သမျှ Post တွေကိုလဲ မောင် Like လုပ်ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။

အဲဒီ ဆရာဝန်နဲ့ မောင်နဲ့ Friend ဖြစ်နေလို့ အံ့သြသွားလား။ သူက မောင့် Mafia ဂိုဏ်းမှာ မောင့်ရဲ့ ညာလက်ရုံး အချစ်ရဲ့။ Mafia မှာ သူက မောင့်ထက်တောင် Level မြင့်သေးတယ်။

အချစ် ဆေးရုံပေါ်မှာ အေးအေးဆေးဆေး နေကောင်းအောင်သာ ဂရုစိုက်နော်။ ဟိုဟိုဒီဒီတွေ တွေးပြီး ဘာမှစိတ်ပူမနေနဲ့။

အချစ်ရဲ့ လယ်ကွက်လေးကို မောင် ပျိုးနှုတ်၊ မြက်ရိတ်၊ ပေါင်းသင်၊ ရေလောင်း၊ တိရိစ္ဆာန်တွေ အစာကျွေး အကုန်လုပ်ပေးထားတယ်။

အချစ်ရဲ့ စားသောက်ဆိုင်ကိုလဲ မောင်နေ့တိုင်း သွားသွားပြီး ဆိုင်ဖွင့်ပေးပါတယ် အချစ်ရဲ့။

ဒါနဲ့ စကားမစပ် အချစ်ရေ .. အချစ်သူငယ်ချင်း ဟို .. မီးပုံးပျံလေ မနေ့က သားလေးတစ်ယောက် ချောချောမောမော မွေးတယ် သိလား။ သူတို့ သားလေးက Photo ထဲမှာ ချစ်စရာလေး။ မောင်တောင် သူတို့ Wall ပေါ်မှာ သေချာသွားပြီး Congrat Comment ပေးလိုက်သေးတယ်။ မောင်တို့ကို အားကျစေချင်လို့နဲ့ တူပါတယ်။ ကလေး Photo မှာ မောင်တို့ ၂ယောက်ကို Tag ထားတယ် သိလား။

ဟွန်း .. အချစ် နေပြန်ကောင်းတော့မှ မြန်မြန် ကလေးယူပြီး အချစ်ဗိုက်ကို နေ့တိုင်း ဓာတ်ပုံရိုက် တင်ပြစ်မယ်။

ကဲ .. Note လဲ တော်တော် ရှည်သွားပြီ အချစ်ရယ်။ မောင် တစ်ခြား Comment ပေးစရာပေး၊ Like လုပ်စရာရှိတာတွေ လုပ်ပြီးရင် အချစ်ဆီ လာခဲ့တော့မယ်။

မောင့်ကို လွမ်းရင် ဒီမှာ Comment ပေးနော်။ အချစ် မြန်မြန် ကျန်းမာလာပါစေ။


ချစ်တဲ့မောင်


*သက်ရှည်ဆေးလေးပါ*

ကျွန်တော်ငယ်ငယ်ကဖတ်ခဲ့ဖူးတယ်။စာအုပ်တော့မသိတော့ပါ။အရမ်းသဘောကျလို့ ဝေမျှလိုက်ပါတယ်ဗျာ။

မဖွယ်မရာလုပ်ပြနေလို့

တည်းခိုးခန်းတစ်ခုတွင်ဖြစ်သည်။ အမျိုးသမီးတစ်ဦးက တည်းခိုခန်းမန်နေဂျာကို
တိုင်နေသည်။ "ဟိုဖက်ခန်းက လူတစ်ယောက်က ကျမကိုမဖွယ်မရာလုပ်ပြနေတယ်
ရှင်တို့အရေးယူပေးပါ" ဒါနဲ့မန်နေဂျာလည်း လုံခြုံရေး တွေခေါ်ကာ
ထိုအမျိုးသမီးအခန်းကို လိုက်သွားတယ်။ အခန်းတွင်းအကုန်လိုက်ကြည့်တယ်။
ဘာကိုမှ မမြင်ရဘူး။ "ဘယ်မလဲ ခင်များကို မဖွယ်မရာလုပ်ပြနေတာ
ဘာမှလဲမရှိပါလား" အမျိုးသမီးက စိတ်ဆိုးမာန်ဆိုးနဲ့ "ရှင်တိုမယုံရင်
ဒီခုံပေါ်ကနေ ချောင်းကြည့်ပါလား" တဲ့ဗျာ။။။။။။။


ဘယ့်သူကမှားတာလဲ?

လူကြီးတစ်ယောက်လမ်းလျှောက်လာတယ်။ တစ်နေရာရောက်တော့ သူက ကောင်လေးတစ်ယောက်ကိုမေးတယ် "ငါ့တူဘယ်နှစ်နာရီရှိပြီလဲ" ကောင်လေးက " ၅ နာရီ ၁၅ ပါဦးလေး" "အော် အေးအေး" ဒီလိုနဲ့ရှေ့ဆက်လျှောက် သွားတယ်။ တော်တော်လေးလျှောက်လာပြီးတော့ ကောင်မလေးတစ်ယောက်နဲ့တွေ့လို့ထပ်ပြီးမေးတယ် " တူမကြီး ဘယ်နှစ်နာရီရှိပြီလဲ" ကောင်မလေးက " ၅ နာရီပါဦး" လို့လဲပြောလိုက်ရော "ဟာသွားပြီ... ငါလမ်းပြောင်းပြန်လျှောက်လာမိပြီ" ဟုဆိုကာ နောက်လှည့်ပြေးပါလေရော့တဲ့ဗျာ.........


ကျွန်တော်နားရွက်မဟုတ်ဘူး

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ဖြစ်သည်။ မတော်တဆ အပေါ်က တူ လွတ်ကျသဖြင့် အောက်မှာရှိနေတဲ့လက်သမားတစ်ယောက်ရဲ့နားရွက်ပေါ်ပြုတ်ကျပြီး နားရွက်ပြတ်သွားတယ်။ "အားးးးးးးး ကျွန်တော့်နားရွက်ပြတ်သွားပီဗျ လုပ်ကြပါအုံး လုပ်ကြပါအုံး" လူတွေအားလုံး ထိပ်လန့်သွားတယ်။ "ရှာကြပါဟ ရှာကြပါဟ" ဆိုပြီးရေဘောင်စာ တွေကြားရှာနေကြတယ်။ အဲဒီချိန်မှာပဲ တစ်ယောက်က "တွေ့ပြီ..တွေပြီ" ၀မ်းသားအားရထောင်ပြတယ်။ နားရွက်ပြတ်သွားတဲ့လက်သမား က မျက်နှာငယ်လေးနဲ့ပြောလိုက်တာက "အဲဒါက ကျွန်တော့်နားရွက်မဟုတ်ဘူး။ ကျွန်တော့်နားရွက်ကြားမှာ ခဲတံလေးထိုးထားတာဗျ" ကဲကောင်းရော.....

0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG