Chrome ဟာ Google ကနေအခမဲ့ဖြန့်ချိလိုက်တဲ့ Web browser သစ်တစ်ခုဖြစ်ပြီးထူးခြားတဲ့ Interface နဲ့ လုပ်ဆောင်ချက်သစ်တချို့ထည့်သွင်းကာ အသုံးပြုသူတွေကို ဆွဲဆောင်လာတာတွေ့ရပါတယ်။ ဒီ browser ဟာ လောလော ဆယ်မှာ beta version အဆင့်သာရှိသေးပြီး Windows ကွန်ပျူ တာတွေမှာပဲ အသုံးပြုနိုင်သေးကာ မကြာမီအတွင်း Mac OS X နဲ့ Liunx operating system တွေအတွက်ပါ ထုတ်လုပ်သွားဖို့ရှိတဲ့အကြောင်းသိရပါတယ်။
အခု ဖြန့်ချိထားတဲ့ Chrome ကိုဘာသာစကားပေါင်း ၄၃မျိုးနဲ့အသုံးပြုနိုင်မှာဖြစ်တဲ့အကြောင်းလည်း ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ Google အနေနဲ့ Chrome ကို Open source ပရောဂျက်တစ်ခုဖြစ်တဲ့ Webkit rendering engine ကို အခြေခံထားတာဖြစ်ပါတယ်။ ဒါဟာ Apple ရဲ့ Safari မှာသုံးထားတဲ့ rendering engine နဲ့ အတူတူပဲ ဖြစ်တာကြောင့် Google Chrome Safari ကနေမှန်မှန်ကန်ကန် render လုပ်ပေးနိုင်တဲ့ဝက်ဘ်စာမျက် နှာတွေ ဆိုရင် Chrome မှာလည်း အဲဒီအတိုင်းပဲတွေ့မြင်ကြရမှာဖြစ်ပါတယ်။ ဒီ Webkit ကို Google ရဲ့ Android operating system မှာပါ အခြေခံအဖြစ်အသုံးပြုထားတာကြောင့် ကုမ္ပဏီအနေနဲ့နောက်ပိုင်းမှာ Chrome ကို မိုဘိုင်း version အဖြစ် အလွယ်တကူပြောင်း လဲဖြန့်ချိနိုင်မှာဖြစ်တဲ့အကြောင်း လေ့လာသူတွေကဆိုထားကြပါတယ်။ Chrome ရဲ့ interface ကတခြား browser တွေနဲ့ ကွဲပြားပြီး Window ရဲ့အပေါ်ဘက်မှာ toolbar အစား tab တွေကိုထည့်သွင်းပေးထား တာတွေ့ရပါတယ်။ ဒီ tab တွေကို မိမိနှစ်သက်ရာအလွယ်တကူ ရှေ့နောက်စီစဉ်နိုင်မယ့်အပြင် tab တွေကိုခွဲထုတ်ပြီး သီးခြား Window အဖြစ်ပြောင်းလဲခြင်း၊ သီးခြင်း Window အဖြစ်ဖွင့်ထားတဲ့စာမျက်နှာတွေကို browser ထဲ drag and drop လုပ်ပြီး tab အဖြစ်ပြောင်းလဲခြင်းစတာတွေကိုလည်း အလွယ်တကူပြုလုပ်နိုင်တာကိုတွေ့ရပါတယ်။ Tab တစ်ခုစီအတွင်းမှာ forward နဲ့ back button တို့ပါရှိလာပြီး new tab page အတွင်းမှာဆိုရင်လည်း အကြိမ်ရေအ များဆုံးဝင်ရောက်ကြည့်ရှုခဲ့တဲ့ ၀က်ဘ် စာမျက်နှာ ၉ ခု၊ မိမိရှာဖွေခဲ့တဲ့အကြောင်းအရာတွေနဲ့ bookmark စတာ တွေကိုဖော်ပြပေးထားတာကိုတွေ့ရပါတယ်။ Omnibox လို့ခေါ်တဲ့ address bar က browser ရဲ့ history အတွင်း ကအကြောင်းအရာတွေအဖြစ် မိမိရိုက်ထည့်လိုက်တဲ့စာလုံးတွေကို လိုက်ပြီး Google ရဲ့ search suggestion တွေ ကိုပါဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။ URL Auto Completion လုပ်ဆောင်ချက်က ၀က်ဘ်ဆိုက်တစ်ခုရဲ့ မိမိဝင်ရောက် ကြည့်ရှုခဲ့တဲ့စာမျက်နှာအပြင် အဲဒီ ၀က်ဘ်ဆိုက်ရဲ့ top-level domain ကိုပါဖော်ပြပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Application Shortcuts ကိုသုံးပြီးလည်း Gmail နဲ့ Calendar လိုမျိုး ၀က်ဘ်အခြေပြု application တွေအတွက် desktop icon တွေ ဖန်တီးထားနိုင်ကြမှာဖြစ်ပါတယ်။ မိမိဝင်ရောက်ကြည့်ရှုခဲ့တဲ့အကြောင်းအရာတွေကို တခြားသူ တွေမသိရှိနိုင်စေဖို့အတွက်ကတော့ browser ရဲ့ Incognito mode ထဲဝင်ရောက်အသုံးပြုနိုင်ကြမှာဖြစ်ပါတယ်။ ဒီလုပ် ဆောင်ချက်ဟာ Internet Explorer 8 ရဲ့ InPrivate နဲ့ခပ်ဆင်ဆင်တူပြီး history တွေ cookie တွေကို အပြီးတိုင် ဖျက်ပစ်တာမျိုးမဟုတ်ဘဲ browser ထဲမှတ်သားမထားအောင်ဘဲ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ Chrome ရဲ့ Incognito Window ဟာ သာမန် Window တွေ နဲ့ အနည်းငယ်ကွဲပြားပြီး ဒီ mode ထဲကနေ Omnibox ထဲ လို ရာရိုက်ထည့်ရှာဖွေခြင်းပြုလုပ်နိုင်ပေမယ့် browser Window ကို ပိတ်လိုက်တာနဲ့ တစ်ပြိုင်နက်မိမိဝင်ရောက် ကြည့်ရှုခဲ့သမျှအရာတွေအားလုံးကို အလိုအလျောက်ဖျက်ပေးသွားမှာဖြစ်ပါတယ်။ Google အနေနဲ့ tab တစ်ခုချင်း စီအတွက်သီးခြား process တွေခွဲပေးထားတာကြောင့် tab တစ်ခုမှာ ပြဿနာပေါ်နေတဲ့အခါ တခြား tab တွေကို ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်သစ်ဟာ မိုက္ကရိုဆော့ဖ် ရဲ့ IE8 Beta 2 မှာလည်း ပါရှိလာ တာကိုတွေ့ရပါတယ်။ အခုလိုမျိုး tab တစ်ခုချင်းစီကို သီးခြားခွဲပေထားတာကြောင့် browser အ တွင်းက applet တွေဟာ readonly အဖြစ်သာရှိနေပြီး operating system ထဲ install ပြုလုပ်သွားခြင်း၊ hard drive အတွင်း ကအ ချက်အလက်တွေကို access မလုပ်နိုင်ခြင်းတို့ကြောင့် ကွန်ပျူ တာကိုပိုမိုလုံခြုံမှုရှိလာစေမှာဖြစ်ပါတယ်။ Google က ၎င်းတို့ရဲ့ browse မ ဟာ multithread အမျိုးအစားဖြစ်တာကြောင့် စွမ်းဆောင် ရည်အပိုင်းကပိုမိုမြန်ဆန်လာမယ်လို့ ဆိုထားပါတယ်။ Chrome မှာတော့ tab တစ်ခုချင်းစီကနေ သီးခြား process တွေကို တစ်ပြိုင်တည်း လုပ်ဆောင် ပေးနိုင်မယ်လို့ ဆိုထားပါတယ်။ တကယ်လို့ ၀က်ဘ်စာမျက်နှာတစ်ခုကို load မလုပ်နိုင်တဲ့အခါ chrome အတွင်းက task manager ကို သုံးပြီး ဘယ် process က memory ဘယ်လောက်အသုံးပြုနေသလဲဆိုတာကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ၀က်ဘ်စာမျက်နှာတစ်ခုအတွင်းက Shockwave ဒါမှမဟုတ် flash ဖိုင်တစ်ခုဟာ memory ပမာဏ အများအပြားအသုံးပြုနေတဲ့အခါမျိုးမှာ အဲဒီ process ကို ရပ်ဆိုင်းပြီး စာမျက်နှာအတွင်းက တခြားအရာတွေကို ဖော်ပြနိုင်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ခြုံပြီးသုံးသပ်ရရင်တော့ Chrome ဟာ စမ်းသပ်ဆဲအဆင့် မှာရှိသေး တာကြောင့် လုပ်ဆောင်ချက်နဲ့ စွမ်းဆောင်ရည်တို့ကိုနှိုင်းယှဉ်အကဲဖြတ်ဖို့ မဖြစ်နိုင်သေးပေမယ့် ၀က်ဘ်စာမျက်နှာတွေ ဘီလျံ နဲ့ချီ မှတ်တမ်းတင်သိမ်းဆည်းထားနိုင်တဲ့ကုမ္ပဏီရဲ့စနစ်ကြောင့် ဒီ browser သစ်ဟာ ဘယ်လို ၀က်ဘ်စာမျက်နှာ မျိုးကိုမဆို မှန်မှန်ကန်ကန် render ပြုလုပ်ပေးနိုင်ပြီး ဈေးကွက်အတွင်း နှစ်ရှည်လများ နေရာယူထားတဲ့ပြိုင်ဘက် browser တွေကို အလွယ်တကူယှဉ်ပြိုင်လာနိုင်မှာဖြစ်ပါတယ်။
@ BY Internet Journal
0 comments:
Post a Comment