............................................................ ..........

ဒေါင်းညီနောင်ရဲ့ဝါးပုံပြင်

Thursday, 9 December 2010




ကျွှန်တော်အလုပ်လုပ်နေတဲ့အလုပ်တစ်ခုထဲကိုညီလေးတစ်ယောက်ရောက်လာတယ်
ကျွှန်တော်ကလူဟောင်းသူကလူသစ်ဆိုတော့အစစအရာရာပြောပြဆိုပြသင်ပြပေးရင်းနဲ့ ကျွှန်တော်
တို့ နှစ်ယောက်ခင်မင်ရင်းနှီးလာခဲ့တယ်...
ကျွှန်တော်တို့ နိုင်ငံခြားလောကရဲ့ထုံးစံအတိုင်းလူသစ်နဲ့ လူဟောင်းဆိုရင် စားရေး သောက်
ရေး နေရေး ထိုင်ရေးတွေကိုအဆင်မပြေခင်စပ်ကြား လူဟောင်းကတာဝန်ယူပေးရတယ်လေ...အဲ့ဒိ
အချိန်ကာလတွေက ကျွှန်တော်ငွေရေးကြေးရေး အရမ်းကြပ်တည်းနေတဲ့ကာလတွေဖြစ်နေတယ်...
အဲ့ဒိမှာဇာတ်လမ်းကစတာပါပဲ.....
ကိုသီဟ...ဘာတုန်းဟ မင်းကလည်းအလန့် တကြားနဲ့ ...
ကျွှန်တော့်ကိုပိုက်ဆံနဲနဲလောက်ချေးပါဦးဗျာ ကျွှန်တော်ကလူသစ်ဆိုတော့သူဌေးကပိုက်ဆံ
မချေးဘူးဗျ စားဖို့ သောက်ဖို့ တောင်မရှိဘူး...လုပ်ပါဗျ ၁၀၀ လောက်.....
ခဏလောက်တော့နေပါဦးကွာ ငါဖန်တီးပေးပါ့မယ် ထမင်းစားဖို့ နဲ့ ဆေးလိပ်သောက်ဖို့ အ
တွက်တော့ငါ့တာဝန်ထားလိုက်စမ်းပါ .....
ဟာဗျာ...ခင်ဗျားကဘယ်လိုလူလည်းဗျာ ...ကိုယ့် ရွှေ အချင်းချင်း ပြီးတော့အလုပ်တခုထဲမှာ
အတူတူလုပ်နေတာကို ... မပေးချင်ရင်လည်းနေဗျာ.....
မဟုတ်ရပါဘူးကွာ ငါမှာလည်းဒီလတွေမှာအရမ်းကြပ်တည်းနေလို့ ပါ ပိုက်ဆံလုံးဝမရှိဘူး...
ဟာ ဟေ့လူ ခင်ဗျားကဒီအလုပ်မှာလူဟောင်း ပြီးတော့သူဌေးပြီးရင် ခင်ဗျားပဲလေ ပိုပ်ဆံကို
လိုသလောက်ချေးလို့ ရပါတယ်ဗျာ မပေးချင်ရင်မပေးချင်ဘူးပြော လာပွားမနေနဲ့  .....
နေပါဦးကွာ ငါသေသေချာချာရှင်းပြပါ့မယ် အရင်လရယ် ဟိုအရင် ၂လပေါ်င်းပိုက်ဆံတွေကို
ငါ့အိမ်ကိုပို့ လိုက်လို့ ပါကွာ မယုံရင်ဒီမှာ ငွေလွှဲလက်မှတ်တွေကိုကြည့်ပါကွာ...ရော့... နောက်ပြီးတော့ငါ
ဒီလထဲမှာလည်းငါ...ငါ့တူလေးဆော့ဖို့ ဆိုပြီးတော့ x box တစ်လုံးဝယ်လိုက်တယ်...ငါသူဌေးဆီမှာချေး
ထားတဲ့ပိုက်ဆံတွေကအရမ်းများနေပြီ အဲ့ဒိတော့သူဌေးကငါ့ကိုမကြည်တော့ဘူးကွ ... ငါ့ရဲ့လစာကဒီလ
မပြောနဲ့ နောက်လတောင် ပိုရင် ၂၀၀ ဝန်းကျင်လောက်ပဲပိုတော့မယ် ... အဲ့ဒါကြောင့်ပါကွာ .....
ဟာဒါဆိုရင်ဘယ်လိုလုပ်မလဲ...ကျွှန်တော့အစ်ကိုနဲ့ အစ်မတွေက ပြဿနာမရှိဘူး သွားလိုက်
ရတယ်အဲ့ဒိမှာလုပ်နေတာကငါတို့ သူငယ်ချင်း မင်းအတွက်ဘာမှမပူနဲ့  ပိုက်ဆံမရှိရင်သူ့ ဆီကယူသုံးလိုက်
ဆိုလို့ လာခဲ့တာ.....
မင်းဘာမှစိတ်မပူနဲ့  ငါတို့ နှစ်ယောက် ထမင်းစားဖို့ နဲ့ ဆေးလိပ်သောက်ဖို့ ကိုရအောင်ငါတာဝန်
ယူပါတယ်ကွာ...နေပါဦးခင်ဗျားကဘယ်လိုတာဝန်ယူမှာလဲ ဒီနားမှာ ဆေးလိပ်တို့  ကွမ်းတို့  ထမင်းတို့ ရောင်း
နေတဲ့အစ်ကိုကြီးတွေရှိတယ် မင်းယူလို့ ရအောင်ငါပြောပေးမှာပေါ့.....
အဲ့ဒိလိုတော့မလုပ်နဲ့ လေဗျာ သူတို့ နဲ့ ကျွှန်တော်ကသိလည်းမသိ မြင်လည်းမမြင်ဘူးပဲနဲ့  အဲ့ဒါဆို
ရင်လည်း အလုပ်ပြီးရင်ငါအဲ့ဒိအိမ်ကိုခေါ်သွားပေးမယ် နောက်နေ့ တွေကျွှန်တော်မလာနိုင်ရင် မင်းကိုလွှတ်
လိုက်မယ်လို့ ပြောပေးမယ်ဟုတ်ပြီလား ... ဒါဆိုရင် OK ဗျာ.....
ဒါနဲ့ အခုကျွှန်တော်ဆေးလိပ်သောက်ချင်တယ် လုပ်ပါဦး ဒါလေးများလွယ်လွယ်လေး ငါဟိုကောင်
တွေဆီကသွားယူပေးမယ်...ခင်ဗျားကရှက်လည်းမရှက်ဘူးသူများတွေဆီကလည်းယူသောက်တာပဲ...မင်း...
ဘာမှမသိဘဲနဲ့ လာပြောမနေနဲ့  ဒီကောင်တွေကငါ့ဆီကယူသောက်တာများနေပြီ ငါတစ်ယောက်ထဲဆို ၁ဗူးကို
၃ရက်သောက်တယ် အခုမင်းမြင်တဲ့အတိုင်းပဲ ငါအလုပ်စဝင်တာနဲ့ ဝယ်လာတဲ့ဆေးလိပ်ဗူးဟာ အလုပ်ပြီးရင်
၂လိပ် ၃လိပ် ပဲကျန်တော့တယ် အဲ့ဒါ ၁ရက် ၂ရက် ၁လ ၂လ မဟုတ်ဘူး ကွနားလည်လား မင်းဆေးလိပ်
သောက်ချင်တယ်မှတ်လား လျှာမရှည်နဲ့  .....
ကိုသီဟ ပြန်လာပြီလား... ဘာပါလာလည်းဒီမှာဗိုက်ဆာနေပြီဗျ ...သိချင်ရင်လာကြည့်လေကွာ...
ဟာ...လန်းလှ ချည်လား ဒါ အာရပ်ဆိုင်တွေမှာရောင်းတဲ့ ဒံပေါက် ထမင်းမှတ်လား...နေပါဦးဒါကိုဘယ်သူပေး
တာလဲ သူဌေးပေးတာလေကွာ...ခဏနေဦး ငါရေချိုးလိုက်ဦးမယ်.....
ချစ်ညီလေးရေ...ဒီနေ့ တော့ငါတို့ ထမင်းမစားတော့ဘူးကွာ ...ထမင်းမစားလို့ ဘာစားရမှာလဲ ဘာလဲဘယ်သူမှ
လဲမကြွေးပိုက်ဆံလည်းမရှိလို့ ရေပဲသောက်ရမှာလား...ကျွှန်တော့်ကိုထမင်းတနပ်အငတ်ထားလို့ ကတော့...ဒီ
နားမှာရှိတဲ့ ရွှေ တွေရယ် ကျွှန်တော့်ရဲ့အစ်ကိုတွေအစ်မတွေရောရှောက်ပြောပစ်မှာ...ဟေ့ကောင်ရူးကြောင်ကြောင်
ရှောက်မလုပ်နဲ့  အဲ့ဒိကောင်တွေကမလွယ်ဘူး နေရင်းထိုင်ရင်းငါ မင်းသား ဖြစ်သွားလိမ့်မယ်.....
ဒီမှာဘာလဲလို့ လာကြည့် ... ဟာ KFC တွေပါလား လုပ်စမ်းပါဦး ...ဒါဘယ်သူပေးတာလဲ Willian လေကွာ ဘာ
စိတ်ကူးတွေပေါက်နေလဲမသိပါဘူး KFC တွေအများကြီးဝယ်လာပြီးတော့ ရော့ သီဟ ဆိုပြီးလာပေးတာပဲ .....
ကဲချစ်ညီလေးရေ...ဒီနေ့ တော့အိမ်အရင်ပြန် ရေချိုးပြီးမှ ဝါးတီးကိစ္စ စီစဉ်ကြတာပေါ့...သဘောဗျာ
ဟေး ... သီဟ သီဟ ဟာကိုသီဟရေ...ခင်ဗျားကိုဟိုမှာ( အ) မ ကြီးခေါ်နေတယ် (အ=အင်ဒိုနီးရှား) ဘာ
ကိစ္စလည်း အစ်မကြီး ... ငါဒီနေ့ အလုပ်နားလို့ ထမင်းချက်စားတယ် ထမင်းတွေ ဟင်းတွေ အများကြီးပဲ နင်
တို့ လည်းဝယ်စားမနေနဲ့ တော့ ပိုက်ဆံတွေကုန်တယ် ငါတို့ လင်မယားနှစ်ယောက်ထဲလည်းကုန်မှာမဟုတ်ဘူး
ယူသွား အိုးတွေခွက်တွေကိုတော့ နောက်နေ့ မှပြန်ပေးပေါ့ .....
ကျေးဇူးပါပဲ အစ်မကြီးရယ် အစ်မကြီးရဲ့ကျေးဇူးတွေကို အစ်မကြီးရဲ့ကိုယ်စား အစ်မကြီးရဲ့သမီးလေးကို ကျွှန်တော်
တို့ နှစ်ယောက် ကိုယ်ဖိ ရင်ဖိ သေသေချာချာ ဆပ်ပေးပါ့မယ် ဗျာ...ဒီလူတော်တော်ယုတ်မာတဲ့လူပဲ သူများကစေ
တနာနဲ့ လည်းပေးရသေးတယ် ပေါက်ကရတွေရှောက်ပြောနေတယ် ချစ်ညီလေးကလည်းကွာ တို့ ပြောနေတဲ့စ
ကားကိုသူမှနားမလည်တာ ...ဟားဟားဟားဟားးးးးးးးးးးးးးး
ဟဲလို ... ကိုသီဟလား အေးပြော ခင်ဗျား.....ဟိုးထားဆရာ ရပြီ မပြောနဲ့ တော့ မင်းအိမ်မှာအေးအေးဆေးဆေး
ပဲနေ နောက် ၁၅မိနစ် လောက်ဆိုငါပြန်လာခဲ့မယ် ဒါပေမည့်တခုတော့သတိပေးလိုက်မယ် မင်းဘယ်မှရှောက်မ
သွားနေနဲ့ နော် ငါ့စကားနားမထောင်ဘဲ ရှောက်သွားနေမယ်ဆိုရင် မင်း နောင် တ ရ လိမ့် မယ် OK .....
ချစ်ညီလေးရေ...နေပါဦးခင်ဗျားက PH ထဲကနေပြီးတော့နောင်တရမလေးဘာလေးနဲ့  ရှင်းစမ်းပါဦး ... မင်းအဲ့ဒိလို
လူကြီးကိုမရိုမသေပြောလို့  အသားမဲနေတာ ဘာမှလည်းမဆိုင်ဘူး ကျွှန်တော့်အသားအရေက အမေမွေးပေးက
ထဲက ဒီအတိုင်းပဲ ခင်ဗျားသာ အသားအရေက ဖြူဖတ်ဖြူရော်နဲ့  မျက်နှာကလည်း စုတ်ချွှန်းချွှန်းဖြစ်နေတာ ဒါနဲ့ 
ဒီနေ့ ဘယ်ကနေဘယ်လိုတွေ ဖန်တီးလာလည်း.....
မေးမနေနဲ့ ဘာတွေပါလာလည်းဆိုတာလာကြည့် ... ဟာ ငါးပိရည် နဲ့  ဝက်သား တယ်ဟုတ်ပါလား ဘယ်လိုရလာ
တာလဲ ဒီနေ့  ကွမ်းတို့  ဆေးလိပ် တို့ ရောင်းနေတဲ့အစ်ကိုကြီးတွေအိမ်မှာ ဒီဟင်းတွေချက်တယ်ဆိုတာ ငါသတင်း
ရတယ်လေ အဲ့ဒိတော့မြင်တဲ့အတိုင်းပဲ ငါသွားယူလာတာ .....
ခင်ဗျားကသူများတွေအိမ်မှာဘာတွေချက်သလဲဆိုတာကိုပဲ လိုက်စုံစမ်းနေတာပဲလား တကယ်မလွယ်တဲ့လူဘဲ... သြော်
...သူတောင်းစား မင်းမစားဘူးလား မင်းမစားရင်လည်းနေ ငါတစ်ယောက်ထဲပဲစားလိုက်မယ် ... မစားလို့ ရမလား
ဗျ မစားရင် ငတ်သေသွားမှာပေါ့ ...ဒါဆိုရင်ငါ့ကိုဘာမှလာရှင်းပြမနေနဲ့  ခဏလေးစောင့် ငါရေချိုးလိုက်ဦးမယ်.....
ကဲ ကိုဒေါင်းကြီးရေ...ရေမြန်မြန်ချိုး ဒီမှာဗိုက်ဆာနေပြီဗျ အေးအေး ပြီးပါပြီဟ ... ဒီနေ့ ကစပြီးတော့ကျွှန်တော်ခင်
ဗျားကို ဒေါင်းကြီးလို့ ပဲခေါ်တော့မယ် ... နေပါဦး အဲ့ဒိ ဒေါင်းကြီးဆိုတာဘာလဲ ... ဘာလဲလုပ်မနေနဲ့  အဲ့ဒီဒေါင်းကြီး
ဆိုတာ ခင်ဗျားကိုခေါ်တာ (ဒေါင်းကြီး=သူတောင်းစားကြီး)လို့ ခေါ်တာ .....
ဟုတ်တယ်လေ ခင်ဗျား ဒီတလလုံး သူများတွေကြွေးတာစား ဘယ်သူမှမကြွေးရင် ဟို မြန်မာဆိုင်ကနေ အကြွေးသွား
ယူစားတာဆိုတော့ ဒေါင်းကြီး ပေါ့ဗျ မဟုတ်ဘူးလား... မင်းတော်တော်လာတဲ့ ကောင်ပဲ အဲ့ဒါငါတစ်ယောက်ထဲမဟုတ်
ဘူးလေ မင်းလည်းပါတယ် ငါကဒေါင်းကြီးဆိုတော့ မင်းကဒေါင်းလေး အဲ့ဒိတော့ တို့ နှစ်ယောက်က ဒေါင်းညီနောင်
ပေါ့ မဟုတ်ဘူးလား ဟား ဟားဟားဟားးးးးးးးးးးးးးးးး
ဒါနဲ့  ကိုသီဟ ကိုသီဟက မြန်မာပြည်ပြန်ရောက်ရင် မြို့ စွန်လေးတနေရာမှာအေးအေးဆေးဆေး ပန်းစိုက်ပြီးတော့နေ
မယ် ပြီးရင် ခင်ဗျားဝါသနာပါတဲ့ စာတွေ ကဗျာ တွေရေးမယ်ဆို ... အေးလေကွာ အဲ့ဒါငါ့ရဲ့ရည်ရွယ်ချက်ပဲ ငါအဲ့ဒိလိုပဲ
စိတ်ကူးထားတာ ဒဲ့ဒါဘာဖြစ်လို့ လည်း .....
ကျွှန်တော်ကကိုသီဟကိုတခုလောက်အကြံပေးချင်လို့  အေးအေး လုပ်စမ်းပါဦးကွ ဘယ်လိုအကြံပေးမလို့ လည်း...ခင်
ဗျားမှာ ကိုယ်ပိုင် PC တစ်လုံးလည်းရှိတုန်း Internet လိုင်းလည်းရှိတုန်း စာရေးလေဗျာ စာကြီးပဲနင်းကန် ဖတ်မနေနဲ့ 
ကျွှန်တော်ပြောတာကိုလက်ခံလား လက်ခံပါတယ် ဒါပေမည့်ငါက စာနဲ့ ဝေးနေတာကြာခဲ့ပြီ အခုမှပြန်ပြီးလေ့လာနေရ
တာ နောက်ပြီးတော့လည်း ငါကရေးပြီးပါပြီ ဘယ်ကိုသွားပို့ မလဲ မလွယ်ဘူးကွ ညီလေးရ.....
ကိုသီဟရယ် ခင်ဗျားညံ့ချက်ကတော့ တကယ်ပဲမထင်မိဘူး ကိုသီဟအခုအမြဲတမ်း ဝင်ထွက်လည်ပတ်နေတဲ့ ဧဒင်ဥ
ယျာဉ် မှာ ရေးလေဗျာ .....
ဟာ ... ချစ်ညီလေး ငါမင်းကိုတကယ်ပဲကျေးဇူးတင်တယ်... ခဏနေဦး ကိုသီဟ ကိုသီဟစာရေးမယ်ဆိုရင် ပတ်ဝန်းကျင်
မှာမြင်တွေ့ နေရတာတွေ ရေး ပြီးတော့အခု အကြောင်းအရာကိုလည်းရေး အခုအကြောင်းအရာကိုရေးမယ်ဆိုရင် ကျွှန်
တော် ခေါ်င်းစဉ်ကိုပေးမယ် ... (ဒေါင်းညီနောင်ရဲ့ဝါးပုံပြင်)လို့  ... ဟုတ်တယ်မှန်တယ် ချစ်ညီလေး မင်းက စာရေးစာဖတ်
ဝါသနာမပါပေမည့် စာရေးဆရာ ဉာဏ်တော့ရှိသားပဲ .....
အဲ့ဒိတော့ ... ငါ့ရဲ့ညီလေးကို ကျေးဇူးတင်တဲ့အနေနဲ့ ငါကဒီဝက်သားတွေအကုန်ကျွှေးတယ်ကွာ ငါကငါးပိရည်နဲ့ ပဲစား
တော့မယ် ... ဟာ ဟေ့လူ အဲ့ဒိလိုတော့လူလည်မကျနဲ့ လေဗျာ ငါးပိရည်ဆိုတာကျွှန်တော်တို့ လိုလူတွေအဖို့ စားရခဲ
တယ် ဟော့ဒိလို အိမ်မှာကိုယ်စားဖို့ သေသေချာချာ လုပ်ထားတဲ့ငါးပိရည်က ပိုရခဲတယ် ငါးပိရည်ခွက်ကို ဒီကိုလာချ လူ
လည်မလုပ်နဲ့  ဝက်သားလည်း တစ်ယောက်တဝက် ငါးပိရည်လည်း တစ်ယောက်တဝက် ... လူလည်မကျနဲ့  ဒေါင်းကြီး
...ဟုတ်ပါပြီ ဒေါင်းလေးရယ် ...
အေးနော် ... ကိုသီဟ ကျွှန်တော်တို့  အခုဒီလိုဖြစ်ပျက်နေတာကို မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိဘ တွေသာသိရင်တော့ ဖြစ်
မှဖြစ်ရလေ သားရယ်ဆိုပြီး ငိုမလားမသိဘူး ... သြော်... မလေးရှား မလေးရှား .....
ကိုသီဟ ကျွှန်တော်တို့ နှစ်ယောက် ချွှေချွှေတာတာနဲ့ အေးအေးဆေးဆေးနေပြီးတော့ ပိုက်ဆံမြန်မြန် စုမယ် ပြီးရင် မြန်
မာပြည်မှာပြန် ဆုံကြရအောင် ဗျာ... ကြိုက်သွားပြီ အဲ့ဒိအစီအစဉ်ကို ဒါမှငါ့ရဲ့ဒေါင်းလေးကွ .....
ကိုသီဟ ... ကျွှန်တော်တို့  မော်လမြိုင် ကိုလာလည်တဲ့အခါ ကျွှန်တော့်ကို ဘယ်လိုခေါ်မှာလည်း .....
ဘယ်လို ခေါ်ရမှာလဲ ... ဒေါင်းလေးပေါ့ ကွ ဒေါင်းလေးရှိပါသလား ခင်ဗျား လို့  ဟား ဟား ဟား ဟားးးးး
ဒါဆိုရင် ကျွှန်တော်ကလည်း ကိုသီဟနေတဲ့ ပဲခူးကို လာလည် ရင် ကိုဒေါင်းကြီး ရှိပါသလားခင်ဗျာ လို့ မေးရမှာပေါ့ ဒါပေါ့
ကွ ဒေါင်းလေးရ .....ဟားဟားဟားဟားးးးးးးးးးးးးးးးးးးးးးးးး။
ကျွှန်တော့်ကိုချစ်ခင်ရင်းနှီးကြသော ညီအစ်ကိုမောင်နှမများခင်ဗျား
ကျွှန်တော်အောင်သန်းဝင်းသည် ဤစာစုအား အထူးသဖြင့် ရပ်ဝေး
မြေခြားတိုင်းတပါးသို့ သွားရောက်၍ ဘဝ ဝမ်းစာရှာဖွေနေရသော
ညီငယ်ညီမငယ်များသတိပြုဆင်ခြင်တတ်စေရန်နှင့် ညီအစ်ကိုမောင်
နှမများ ပြုံးပျော်စေရန်အတွက်သာရည်ရွယ်ပါသည်။

မှတ်ချက် ။   ။ မလေးရှားရောက် ရွှေမြန်မာတွေ ရေးသားသည် ။


0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG