တိုက်နယ်ဆေးရုံကလေးသို့ လှည်းတစ်စီးနှင့် တင်လာသော လူနာတစ်ဦးရောက်လာသည်။
လူနာမှာ အသက်ငယ်ငယ်ရွယ်ရွယ် အမျိုးသမီးလူနာဖြစ်သည်။
နုနယ်ပျိုမျစ်သော အနီမိန်းကလေးသည် တော၏သမီးပီပီ နွားစာစဉ်းရင်း ၀ဲဘက်လက် ဓားစက်ရှသွားလေ၏။
သွေးအထွက်များကာ သတိပင် ရတစ်ချက် မရတစ်ချက် ဖြစ်နေခဲ့သည်။
အတော်ခေါင်သောရွာမှ သည်တိုက်နယ်ဆေးရုံသို့ ရောက်လာခြင်းဖြစ်သည်။
လှည်းမောင်းသူရော အကူအမျိုးသားအပြင် မိခင်အဘွားကြီးပါ ငိုကြီးချက်မနှင့်လိုက်ပါလာကြသည်။
တာဝန်ရှိ ဆရာဝန်၊သူနာပြုများက လုပ်ထုံးလုပ်နည်းအရ စစ်ဆေးစမ်းသပ်ပြီးနောက် ဆရာဝန်က လူနာကို “အို” သွေးသွင်းရမယ်လို့ ပြောတော့ ရိုးသားလှတဲ့ လူနာရှင် မိခင်ကြီးက“ကျမသမီး နုနုထွတ်ထွတ်လေးကို အိုသွေးတော့မသွင်းပါနဲ့ဆရာဝန်ကြီးရယ်။ အပျိုလေးမို့ အပျိုသွေးပဲသွင်းပေးပါနော်” တဲ့...။
Subscribe to:
Post Comments (Atom)
K
o
Y
i
n
M
a
u
n
g
0 comments:
Post a Comment