............................................................ ..........

အဆိုးမြင်သမားနဲ့ အကောင်းမြင်သမား

Monday, 20 December 2010


အဆိုးမြင်သမားက စိတ်မချမ်းသာစွာ ပြောသည်။
"ဒီထက်ဆိုးတာ မရှိနိုင်တော့ဘူး၊ဒီထက်ဆိုးတာ မရှိနိုင်တော့ဘူး"
အကောင်းမြင်သမားက အားတက်သရော ပြောသည်။
"ရှိနိုင်သေးတယ်၊ ရှိနိုင်သေးတယ်"
ဘာကောင်လဲ"ချာတိတ်...မင်း ဘာဖြစ်လို့ ငိုနေရတာလဲကွ"
"မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ ပြောတယ်၊
ဖေဖေက မေမေ့ကို ကြက်မကြီးလို့  ပြန်ပြောတယ်"
"အဲ့ဒါနဲ့  ငိုရရောလား ကလေးရဲ့"
"စဉ်းစားကြည့်လေ၊ ကျွန်တော် ဘာကောင်ဖြစ်မလည်း"


မကန်းဘူး

အရက်ဘားထဲသို့  ကောင်းဘွိုင်တစ်ယောက် ၀င်လာသည်။
အသက်ကြီးပြီဖြစ်သော စားပွဲးထိုးကမေးသည်။
"ဘာသုံးဆောင်မလဲ"
"၀ီစကီသုံးပက်ပေးပါ"
အဖီုးကြီး ထုံစံအတိုင်း အရက်ကို လျှော့ထည့်သည်။
"အဘိုးကြီး၊ ဘာလဲ၊ ပက်ချင်ခိုးပြန်ပြီလား"
"မဟုတ်ပါဘူး၊ အသက်ကြီးတော့ မျက်စိက မကောင်းတော့လို့ ပါ"
"အဲဒါဆို ခွက်လျှံအောင် ထည့်လိုက်ပါလား"
"အဲဒီလောက်အထိလည်း မကန်းသေးဘူးလေ"
ဆာရာက အာဘရမ်ကို မေးသည်။
" အာဘရမ် ၊ အနုမြူဗုံးတစ်လုံးရဲ့ တန်ဖိုး ဘယ်လောက်ရှိမယ်ထင်သလဲ ဟင် "
" ဒေါ်လာတစ်သန်းအောက် မလျော့ဘူးထင်တယ် "
" ကျွှန်မတို့ ခြံထဲကျလာရင် သိပ်ကောင်းမှာပဲနော် "

အရက်ဆိုင်အတွင်းသို့ အလွန်ပုံပျက်အောင်မူးနေသော လူတစ်ယောက်ကို ဟန်ချက်ပျက်အောင် မူးနေသော လူနှစ်ယောက်က တွဲ၍ ၀င်လာသည်။
ကောင်တာသို့ ရောက်သော် တွဲခေါ်လာရသော သူမှာ ကြမ်းပြင်ပေါ် သို့ ၀ုန်းကနဲ့ ပစ်လဲ ကျသွားသည်။

ဟန်ချက်ပျက် အောင် မူးနေသော နှစ်ယောက် က ကောင်တာ ရှိ ခုံ ရှည် များတွင် ကိုယ်စီ ၀င်ထိုင်ပြီး..

"ဘီယာနှစ်ခွက်.."

ဘားကောင်တာကသူက လဲနေသော သူအား မေးငေါ့၍

"သူ့အတွက်ရော.."

"နေပစေ.. သူက အပြန် ကားမောင်းရဦးမှာ.."

 

0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG