ပုံရှင်ပုံလှုပ်လေးတွေ ပုံသေလေးတွေနဲ့ 3D လုပ်ကြမယ် ။
3D လုပ်တာက အချိန်တော့ ပေးရတယ်ဗျ နောက် စိတ်ရှည်ဖို့လည်းလိုတယ် ခင်ဗျ
သူက အဖက်တွေ ဘာတွေ ထည့်တာခက်တာတစ်ခုပါဘဲ အဲအဖက်ထည့်တာလည်း ဆော့ဝဲလ်ထဲမှာမပါဘူးခင်ဗျ
နောက်ပြီး မြန်မာလိုရေးချင်ရင်လည်း ရှာရခက်သေးတယ် အင်္ဂလိပ်လိုတော့ ရတယ် ဆော့ဝဲလ် ရှိတဲ့ နေရာတော့ အင်ဂျင်မှာဘဲ ...နားမလည်တဲ့ သူတွေ
အခက်တွေမှာစိုးပြီး ဒေါင်းရတာ ပိုလွယ်အောင်လို့ ဟုတ်ဘူးလားခင်ဗျ ကလစ်တင်လိုက်တာနဲ့ ဆော့ဝဲလ်ရတာ အဆင်မပြေဘူးလား ပြေတာပေါ့ဗျာ ...ဟုတ်ဘူးလား...ပြောတာကြာတယ်ဗျာ
တက်လာရင် အင်စတော အောင်ပြီဗျ ...သူ့ကိုကလစ်တင်ပြီး OPEN လုပ်လိုက်ပါ ။ကဲ 3D ဆော့ဝဲလ်တော့ပိုင်ပြီ...ဗျာ

ပုံမှာ မျှားပြထားတဲ့နေရာမှာရှာပြီးဒေါင်း လိုက်ပါဗျာ...
အောက်မှ လေဘာအညွှန်းတွေနှင့် ပြုလုပ်နည်းလေး ပါခင်ဗျာ
ကျနော် အချက်လက်တွေ အဆင့်တိုင်းဖော်ပြထားပါတယ် ...ကဲ လေ့လာကြည့်ပါ....
ပုံ (၁)
PC မှာမောင်းပြီးတော့ ICON တက်လာပြီးရင် ကလစ်တင်ပြီး OPEN လိုက်ပါခင်ဗျာ အထက်ပါ ပုံအတိုင်း တွေ့ရမှာဖြစ်ပါတယ် ။
၁ ။ ။ FILE ကိုတွေ့ပါလိမ့်မယ် အဝိုင်းလေးညွှန်းထားပြီး 1 လို့ရေးထားပါတယ် ။ကလစ်တင်လိုက်ပါခင်ဗျာ။ OPEN ဆိုတာတွေ့ရင် ထပ်ပြီးကလစ်လိုက်ပါခင်ဗျာ ....
3D ဖိုင်တွေကျလာလိမ့်မယ် ....ကြိုက်တဲ့ အဖက် တစ်ခုခုရွေးလိုက်ပါ... နောက်ပြီး OK လိုက်ပါ ခင်ဗျာ...ပုံအတိုင်း X3D VERSION တစ်ခုခုကျလာလိမ့်မယ် ...
၂ ။ ။ FONT ရွေးရပါမယ် ခင်ဗျာ ....ZAWGYI FONT ကိုရှာပြီး ရွေးလိုက်ပါ...
၃ ။ ။ TEXT ယူရပါမယ်ခင်ဗျာ့ ....ကျနော်ဝိုင်းထားတဲ့ င်္နပါတ် ၃ ဘေးမှာ OPTIONS ဆိုတာရှိတယ် သူ့ကိုကလစ်လိုက်ပါခင်ဗျာ...
TEXT ဆိုတာ တွေ့ရမယ်။ သူ့ကိုရွေးပါ ...
ပုံ(၂)
၎ ။ ။ FONT ပြန်ရွေးရပါမယ် နံပါတ် 4 ဆိုပြီး မျှားပြထားပါတယ် .... ဇော်ဂျီဖောင့်ရွေးလိုက်ပါ .....အင်္ဂလိပ်လိုရိုက်ရင်တော့ ရွေးစရာမလိုပါဘူးခင်ဗျာ...
၅ ။ ။ ပုံပါ မျှားပြထားတဲ့ နေရာမှာ 5 လို့ရေးထားပါတယ် ။ ထိုအထဲမှာ မိမိကြိုက်တဲ့ အရာတစ်ခုခုရေးလိုက်ပါ ။။ နောက်ပြီး OK လိုက်ပါခင်ဗျာ
ပုံ (၃)
၆ ။ ။ နောက်ပြီ ပုံ ၃ မှာပြထားတဲ့ 6 ကိုတွေ့ရမယ်ခင်ဗျာ သူ့ရဲ့ဘေးက DESIGN ကိုကလစ်ပါ ။အဖက်အမျိုးမျိုး ပြောင်းနေတာကို တွေ့ရပါမယ်..
နံပါတ် 8လည်း 6 လိုပါပဲ အဖက်ကစားတဲ့ DESIGN တွေပါ...
၇ ။ ။ နံပါတ် ၇ ကတော့ အဖက်တွေ မကြိုက်သေးရင် ပြန်ပြောင်းရအောင် FILE ကိုကလစ်ပြန်တင်လိုက်ပါ
အောက်ပါအတိုင်းတွေ့ရလိမ့်မယ်
IMPORT
IMPORT ANIMATION
IMPORT DESIGN
IMPORT STYLE
အထက်ပါ လေးခုကို တစ်ခုပြီးတစ်ခု ကလိကြည့်ပါ...
၉ ။ ။ကြိုက်ပြီ အဆင်ပြေပြီ ဆိုရင် SAVE ရပါတော့မယ် SAVE တဲ့နေရာမှာလည်း နှစ်မျိုးထဲရွေးရပါမယ်
EXPORT ...
EXPORT ANIMATION နှစ်မျိုးထဲက တစ်မျိုးရွေးပါ ပုံလှုပ်တွေ လိုချင်ရင်တော့
EXPORT ANIMATION ကိုရွေးပြီး SAVE လိုက်ရုံပါပဲ ..
အဆင်ပြေပါစေ 3D ပုံလှလှလေးတွေလုပ်ပြီး သူငယ်ချင်းတွေကို မျှဝေပေးလိုက်ပါ ....
Download link ; ;
http://www.4shared.com/file/Ug5UdJdQ/setupexefor_words.html
0 comments:
Post a Comment