ဒီနည်းကတော်တော်အသုံးဝင်ပါတယ် အဲသုံးတတ် တယ်ဆိုရင်ပေါ့လေ။ ဥပမာ
ဘယ်လိုအသုံးဝင်သလဲဆိုတော့။ သယ်ရင်းတို့ရဲ့ချစ်သူပုံကို
Desktop ပေါ်မှာ တင်ထားချင်တယ် မဟုတ်လား။ ဒီလိုတင်တဲ့အခါ Properties ထဲက Desktop
ပေါ်ကနေ Background အဖြစ်နဲ့တင်လိုက်လို့ရှိရင် လည်းရတာပဲ
ဒါပေမယ့်သူများတွေကလာချိန်းလိုက်လို့ရှိရင်ပုံကတစ်မျိုးပြောင်းသွားရောမလား။
အဲဒီတော့ Background ပုံတွေဘယ်လိုပဲ ပြောင်းပြောင်း ကိုယ့်ချစ်သူပုံကိုတော့
မပြောင်းစေချင်ဘူး အသေထားချင်တယ် ဒီလိုမဖြစ်စေချင်ဘူးးလား။ကိုယ့်ချစ်သူပုံအစား
ကန်ပဏီလိုကို တို့၊ ကိုရေးချင်တဲ့စာတို့ ကြေငြာတို့
စသည်စသည်ဖြင့် အများကြီးထားလို့ရပါတယ်။ စမ်းကြည့်ကြည့်ကြပေါ့ဗျာ
၁. Desktop ပေါ်တွင် icon နှင့်လွတ်သော်နေရာတွင် Right Click နှိပ်လိုက်ပါ ။
၂. Properties ကိုရွေးလိုက်ပါ ။
၃. Display Properties ဆိုတဲ့ Box လေးပေါ်လာလိမ့်မည် ။
၎. Desktop ဆိုတဲ့ Tep လေးကိုရွေးလိုက်ပါ။
၅. Customize Desktop ကိုနှိပ်လိုက်ပါ ။
၆. Desktop items ဆိုတဲ့ Box လေးထပ်ပေါ်လာအုံးမည်။
၇. Web ဆိုတဲ့ Tep လေးကိုရွေးလိုက်ပါ ။
၈. အဲဒီထဲမှာ New ဆိုတဲ့ စာလုံးလေးကို နှိပ်လိုက်ပါ ။
၉. New Desktop items ဆိုတဲ့ Box လေးပေါ်လာလိမ့်မည် ။
၁၀ . Browse ကိုနှိပ်လိုက်ပါ ။
၁၁. Browse ဆိုတဲ့ Box လေးပေါ်လာလိမ့်မည် ။
၁၂. အဲဒီထဲမှာ Look in ဆိုတဲ့နေရာမှာ သယ်ရင်းတို့ ထည့်ချင်တဲ့ ပုံရှိတဲ့ Folder
ကိုရွှေးပေးလိုက်ပါ ။
၁၃. ပီးတော့ သယ်ရင်းတို့တင်ချင်တဲ့ ပုံကို select လုပ်လိုက် ပီးရင် အောက်မှာရှိတဲ့
open ကိုနှိပ်လိုက်
၁၄. တွေ့သမျှ အကုန်လုံး ok ok ok ဆိုပီးတော့တာနှိပ်လိုက်ပါတော့ဗျာ ။။။
အဲဒီအချိန်မှာ သယ်ရင်တို့တင်ချင်တဲ့ပုံလေး Desktop ပေါ်ကိုရောက်လာပါလိမ့်မယ်။ ပြီးရင်
အဲဒီပုံလေးကို ကလစ်တစ်ချက် နှိပ်လိုက်။ သူ့ဘားလေးပေါ်လာတဲ့အခါကြရင်
ရွေ့ချင်တဲ့နေရာကိုရွေ့ပေတော့ဗျို့။
နောက်ဆုံးအနေနဲ့တော့ Desktop ပေါ်တွင် icon နှင့်လွတ်သော်နေရာတွင် Right Click
နှိပ်လိုက်ပါ ။ arrange icons by ကိုနှိပ်လိုက်ပါ ။ Lock Web Items on Desktop
မှာ အမှတ်ကလေးခြစ်ပေးလိုက်တာနဲ့ သယ်ရင်းတို့ရဲ့ ပုံကိုရွေ့လို့မရတော့ပါဖူးဗျာ
အဲဆိုးတာလေးတစ်ခုကတော့ icon တွေရဲ့နောက်မှာ background ကာလာပေါ်နေချင်းတစ်ခုပါပဲ။
အဲဒါကိုခံနိုင်တယ် ဆိုရင်တော့လုပ်ကြည့်ကြပေါ့နော်။
@ အဆွေတော်လေး
Subscribe to:
Post Comments (Atom)
K
o
Y
i
n
M
a
u
n
g
0 comments:
Post a Comment