............................................................ ..........

မှန်တစ်ချပ်ရဲ့ အရှုပ်တော်ပုံ

Friday, 3 December 2010

လောကမှာ အရိုး ၃ မျိုးရှိပါတယ်၊

( ရိုးသားဖြောင့်မတ်ခြင်း ထဲက ရိုးသားတာကိုမဆိုလိုပါ)

( ၁ ) အ- ရိုး (၂) န-ရိုး ( ၃) ဂွ-ရိုး ဆိုးပြိးရှိပါတယ်။

၁- -ဗဟုသုတ နည်းပါပြိးး အေးအေးနဲ့ ရိုးရိုးနေတက်တာဟာ အ-ရိုး

၂- ဗဟုသုတ နည်းပါးရုံတင်မက အလုပ်လုပ်တဲ့နေရာမှာ နမော်နမဲ့ နဲ့အမှားမှား
အယွင်းယွင်းလုပ်တက်သူဟာ န-ရိုး

၃- ဂွ-ရိုးဆိုသူကတော့ ဗဟုသုတတော့ အထိုက်အလျှောက်ရှိပါတယ်၊ ဒါပေမဲ့ပြောလိုက်ရင်
တမင်ပြောတာမဟုတ်ပေမဲ့ သူပြောတဲ့စကားဟာ အမြဲတမ်းတဖတ်လူနဲ့ ဂွတိုက် သလိုပြောတက်သူ။

အဲဒီလို ၃ မျိုးရှိတဲ့အထဲက……………………….



တခါတုန်းက အလွန်တောခေါင်ပြီး ဗဟုသုတ အတော်လေးနည်းပါးသော လူတွေနေထိုင်ကြတဲ့

ရွာလေးတရွာရှိပါသတဲ့၊ ဘယ်လောက်ထိ ဗဟုသုတနည်းသလည်းဆိုတော့ အဲဒီရွာကလူတွေဟာ မှန်
ကိုမမြင်ဘူးကြပါဘူ့း။

တနေ့တော့ တောင်ယာလယ်ယာ စိုက်ပျိုးပြီး လုပ်ကိုင်စာသောက်တဲ့ ကိုဖိုးထောင် တယောက်

လယ်ထွန်းရင်းကနေ လယ်ကွက်ထဲကနေ မှန်တချပ် ကောက်ရပါသတဲ့.. မှန်မှာ ပေကျံနေတဲ့

အညစ်အကျေးတွေကို ပုဆိုးလေးနဲ့သုတ်ပြိး ကြည့်လိုက်တော့ မှန်ထဲမှာ ယောင်ထုံးကြိးနဲ့ ခန့်ခန့်ငြားငြား

ယောင်္ကျားတယောက်ကို တွေ့မြင်လိုက်ရတဲ့အခါ …

ဟာ …ကြည့်စမ်း ငါကျေးးဇူးရှင် ဘကြီးရဲ့ပုံဘဲ၊ ဆိုပြိးအားရဝမ်းသာစွာနဲ့

အိမ်ကိုယူလာပြီးအိမ်းခန်းလေးထဲမှာသိမ်းထားပါသတဲ့၊ အဲဒီနေ့ကစပြိး လယ်တောထဲကပြန်လာတိုင်း

ပထမဆုံးအိမ်ခန်းထဲဝင်းပြီး သိမ်းထားတဲ့မှန်ကိုထုပ်ပြိးကြည့်လေ့ရှီပါတယ်...အဲလိုကြည့်ပြိး သူဘကြိးက

သူ့ငယ်ရွယ်စဉ်အခါက သူ့အပေါ်ကောင်းခဲ့ ဂရုစိုက်ခဲ့တာတွေ ကြင်နာခဲ့တာတွေပြန်လည်ပြိးး

သတိတရရှိနေတက်ပါသတဲ့.

တနေ့မဟုတ်တနေ့ အဲဒီလိုနဲ့ ရက်ကြာလာတဲ့အခါ ကိုဖိုးထောင်မိန်းမ မမွေးတယောက် သူယောင်္ကျားကို

သံသယရှိလာပါတယ်၊ ငါယောင်္ကျား အပြင်ကပြန်လာတိုင်း အိမ်ခန်းထဲဝင်းပြိး ဘာဝင်လုပ်တယ်မသိ၊

အင်း တခုခုတော့ တခုခုဘဲ…တနေ့ ကိုဖိုးထောင် တောသွားသခိုက် အိမ်ခန်းထဲဝင်ရှာပါသတဲ့.

ရှာရင်းကနေ ကိုဖိုးထောင်သိမ်းထားတဲ့ မှန်တချပ်သွားတွေ..မမွေးအပြေးအလွား ကောက်ကိုင်ပြိး အကြည့်

အောင်မလေး ကိုဖိုးထောင်ရဲ့လို့ ၇ အိမ်ကြား ၈ အိမ်ကြားအော်ငိုပါလေရော…

ပါးစပ်ကလည်း ..ဟင် ငါသူအပေါ် ဒီလောက် မယားဝတ္တရား နဲ့အညီ သစ္စာရှိရှိ

မေတ္တာမပျက်ဂရုစိုက်ပါရဲ့သားနဲ့ သူက ငါအပေါ် …ဟင်း ကြည့်စမ်း ကြည့်စမ်း..သူမယားငယ်ပုံ

သိမ်းထားတယ်..ဆိုပြိး ..မှန်ကိုကောက်ကြည်င့်္လိုက် ..မှန်ထဲက ပုံကို မမွေးခမျာ

သူပုံမှန်းသူမသိ..ဖိုးထောင်ရဲ့ တိတ်တိတ်လေး-ယူထားတဲ့ နောက်မယားငယ်ပုံလို့ထင်ပြိး..ရင်ကွဲမတက်

ခံစားလိုက်ရတာ..

လယ်တောက ပြန်လာတဲ့ဖိုးထောင် ပုံမှန်အတိုင်း အိမ်ခန်းထဲအဝင်

မမွေးက ဖိုးထောင်ကိုမြင်လျင်မြင်းချင်း …အောင်မလေးကိုဖိုးထောင်ရဲ့ ..တော် ကျွန်မအပေါ်

ဘာမကျေနပ်လို့လည်း ..ကျွန်မကတော့လေ ရှင်အပေါ် ချစ်လိုက်ရတာ သံယောဇဉ်တွေပိုလိုက်ရတာ.

လင်တမျက်နှာ တရွာထင်ပြိးနေလိုက်ရတာ….

တမိုးအောက် တယောက်ထင်ပြိး ချစ်လိုက်ရတာ..တော်ကတော့ ဒိလိုမဟုတ်..ကျွန်မေအေါ်

သစ္စာဖေါက်ရက်လေခြင်း ဆိုပြိး ပြောလဲပြော ငိုလဲငို ..ဖိုးထောင်ရင်ဘက်ကြိးကိုလည်း

လက်သီးဆုပ်နဲ့ထုထုပြိး ..နေလိုက်တာ..ဖိုးထောင်ခမျာ ဘာမှမသိရှာ ..အံ့သြပြိး ဟဲ့ မမွေး

မင်းဘာဖြစ်လို့လည်း နေမကောင်းဘူးလား. ပြစမ်း နဖူးဆိုပြိး လက်ဖဝါးလေးနဲ့စမ်းကြည့် ဖျားသွေးလည်း

မရှိပါဘူး…နက်များဖမ်းစားထားလား။ စသည်ဖြင့် ပျာပျာသလဲ စိုးရိမ်နေတာကို မမွေးက…..တော်

ခုမှလာပြိး ကြင်နာချင် ယောင်ဆောင်မနေနဲ့..စိတ်နာတယ် စိတ်နာတယ် ..အော်ပါလေရော..

မွေး ..အကျိုး အကြောင်း ယောင်္ကျားလည်းပြောပြအုံးလေ..

ဘာပြောပြဘို့လိုသေးလည်း ကိုဖိုးထောင်ရဲ့ ….လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာ..တော်က

ဆင်သေကို ဆိတ်သားရေနဲ့ဖုံးချင်တာလား…သက်သေသက္ကာယနဲ့ပြမယ်..ဆိုပြိး..မှန်ကိုထုပ်ပြ

.ဒီမှာကြည့်စမ်း ..ဒါတော်မယားငယ်ပုံမဟုတ်လား..ကြည့်းစမ်း သနပ်ခါး ပါးကွတ်ကြားကြီး နဲ့

ဘီးစပတ်ကြိးနဲ့ …အောင်မလေး ကိုဖိုးထောင်ရဲ့ ဆိုပြိး ငိုပါလေရော…

ဖိုးထောင်ကလေည်း ဟာမဟုတ်တာကွာ…ပြစမ်းဒီမှာကြည့် ..ဒါက ငါဘကြီးပုံကွ မှန်ယူကြည့်ကာ

သူဘကြိးဆိုသူဖြစ်ကြောင်း ဆိုပြိးပြော…

မမွေးကလည်းကလည်း မှန်တခါပြန်ယူပြိး..ဘယ်ကငါဘကြိးပုံဟုတ်ရမှာလည်း..ဒီမှာကြည့်

တော်မယားငယ်ပုံလေ…ဆိုပြိးပြန်ပြော…

နောက်ဆုံး..ဖိုးထောင်က ကဲ ဒို့ဒီလိုငြင်းခုံနေရင်မပြိးတော့ဘူး…ရွားဦးကျောင်းဆရာတော်ဆီသွားပြိး

အဆုံးအဖျက်ခံမယ်ဆိုပြိး .လင်မယားနှစ်ယောက် တယောက်တပေါက်

သူတပြန်ကိုယ်တခါလှည့်ပြောပြိ့းရွာဦးကျောင်းဆရာတော်ထံရောက်လာကြပါတော့တယ်..

ရှေးတုန်းက တချိုရွာတွေမှာ ရွာဦးကျောင်းဆရာတော်တွေက အထိုက်အလျောက်

သြဇာညောင်းကြပါတယ်…

ခုလည်း ကိုဖိုးထောင်တို့ လင်မယား ရွားဦးကျောင်းဆရာတော်ထံမှောက် ငိုငိုရီရီ နဲ့ ရောက်လာကြပါတော့တယ်၊

ဆရာတော်လည်း ဟဲ့ ဟဲ့…

ဘယ်လိုဖြစ်လာကြတာတုန်း..မျက်နှာတွေကလည်း မသာမယာနဲ့ ..ပြောစမ်းဟ
ဖြစ်သမျှအကြောင်းအစုံအလင်…..

မမွေးကစပြိး ..ဆရာတော်ဘုရား …ဆရာတော်တပည့်က တပည့်တော်မအပေါ်မှာ သစ္စာဖေါက်တယ်ဘုရား…

ဟဲ့ မိမွေး..နင်ဟာက ဟုတ်ရဲ့လားဟာ၊

မဟုတ်ရှိရိုးလားဘုရား..ဒီမှာကြည့်ဘုရား သူမယားပုံဆိုပြိး…မှန်ကြည့်ပြိးလျှောက်တယ်…

ဖိုးထောင်ကလည်း ..ဆရာတော်ဘုရား….သူတပည့်တော်အပေါ်အမြင်မှားတာပါဘုရား.ဆိုပြိး

မမွေးလက်ထဲက မှန်ကိုရုပ်တရပ်လုယူပြိး…ဒီမှာကြည့်ပါဘုရား ..တပည့်တော်

ဘကြီးပုံဘုရား...ဆိုပြိးပြန်လျှောက်တယ်..

ဟယ်…..နင်တို့ဟာကမဟုတ်သေးပါဘူး..ငါပြစမ်းဆိုပြိး ရွာဦးကျောင်းဆရာတော်က ဖိုးထောင်လက်ထဲမှာ

ရှိတဲ့ မှန်ကိုရုပ်တရက် ယူပြိး အကြည့် ..

ဟေ……မင်းတိုဟာက .ဘယ်လိုဖြစ်ကြတာတုန်း…ငရဲကြိးကုန်တော့မှာပဲ….

ဒီပုံက ဘဝတပါး ပျံလွန်တော်မူသွားတဲ့ ငါရဲ့ လက်ဦးဆရာတော်ပုံပါဟာ..ကြည့်စမ် ..ဥပဓိရုပ်က

ခန့်ခန့်ုငြားငြားနဲ့ မျက်ခုံးကကောင်းကောင်း..ခေါင်းကလည်း ပြောင်နေတာပဲ

ကြည့်စမ်းဆိုပြိး…ဆရာတော်က..ရှေမှာမှန်ချ မျက်စိစုံမှိတ်ပြိး သူ့ဆရာဂုဏ်တွေကို အာရုဏ်ပြုပြီး ဦးချပါသတဲ့……..

ကဲ…စာဖတ်သူအနေနဲ့

ရွာဦးကျောင်းဆရာတော်အပါအဝင် ဖိုးထောင်တို့ မမွေးတို့ အရိုး ဘာအရိုးလို့ဆိုချင်ပါသလည်း



ဘယ်လိုပဲဖြစ်နေဖြစ်နေ..ရှေ့တုန်းကရော..ယခုကာလမှာပါ… လူတွေဟာ အဖြစ်မှန်မသိသမျှ အပြစ်တင်ကြတာ အစဉ်အလာလိုဖြစ်နေတက်ပါတော့တယ်…လေ..

အဲဒီတော့ ဒီပုံပြင်လေးဖတ်ပြီးတဲ့ညီအစ်ကိုမောင်နှစ်မတစ်တွေလည်း အကြောင်းအရာတခုကို သုံသပ်

ဆုံးဖျက်တဲ့နေရာမှာ အမှားမကင်းနိုင်ကြပေမဲ့ အမှားနည်းအောင်တော့ သတိထားဆင်ခြင်နိုင်ကြပါစေ..

0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG