............................................................ ..........

စာပေသမား...{အစစ်}ဟူသည်.

Wednesday, 22 December 2010

စာပေသမားအစစ်ဆိုတာ အပြောအဆို ပညာရှိဆန်ပါတယ်။ သဘောမတူမှု ဆန့်ကျင်ဘက်တွေ ဆွေးနွေးမယ်ဆိုရင်တောင်
သိမ်မွေ့စွာ ပြောဆို ငြင်းခုံပါတယ်။ ငါ့စကားနွားရ ဆိုတာမျိုး စာပေသမား
(အစစ်) တွေ မလုပ်ကြပါဘူး။ ကိုယ့်တစ်ဘက်တည်းမဟုတ်ဘဲ အဘက်ဘက်ကနေ
ရှုမြင်ပေးမှသာ စာပေသမား အစစ်ပါ။ စာပေသမား အမည်ခံထားပြီးတော့
ရုန့်ရင်းကြမ်းတမ်း မိုက်ရိုင်းတာ မြန်မာစာပေလောကအတွက် အရုပ်ဆိုးလှပါတယ်။

စာဖတ်တယ်ဆိုတာ ဖတ်ထားပြီးသားစာတွေကို လူရှေ့ သူရှေ့မှာ ပြန်အလွတ်ရွတ်ပြပြီး လူအထင်ကြီးအောင် လုပ်ဖို့ မဟုတ်ပါဘူး။
စာဖတ်တယ်ဆိုတာ ဖတ်ထားတဲ့စာတွေကို အသိဥာဏ်နဲ့ ဆင်ခြင်ရှုမြင်ဝေဖန်သုံးသပ်တာပါ။စာထဲက အကြောင်းအရာတွေကို လက်တွေ့ဘဝမှာ apply လုပ်၊ ဆင်ခြင် ကျင့်သုံးတာပါ။
အဲလိုမှ မဟုတ်ဘူးဆိုရင် အချိန်ကုန်ခံပြီး စာဖတ်တာဟာ ဘာလုပ်တော့မှာပါလဲ။

စာပေသမားဆိုတာ ကိုယ်ဖတ်ထားတဲ့စာတွေကို အသိဥာဏ်နဲ့ ဆင်ခြင်သုံးသပ်ချင့်ချိန်ပါတယ်။ ပြီးရင် သူ့ အတွေးအခေါ်နဲ့ ပေါင်းစပ်ပြီးတော့ လူ့လောကကောင်းကျိုးအတွက် သူ ပြန်လည် လုပ်ဆောင်ပါတယ်။

လူငယ်တွေရဲ့ အတွေးအခေါ်တွေ၊ အသိဥာဏ်တွေကို အဆိပ်ခပ်မယ့် အတွေးအခေါ်၊ အရေးအသားတွေဟာ
စာပေသမားတွေဆီကနေ မလာပါဘူး။ အဲဒါမျိုးရေးသားတယ်ဆိုရင် စာပေသမား မဟုတ်ပါဘူး။
စာပေသမားလို့ မခေါ်ဆိုထိုက်ပါဘူး။

ကိုယ်ရေးလိုက်တဲ့ စာတစ်ကြောင်း၊ စာတစ်လုံးအတွက် စာရေးသူဆီမှာ အပြည့်အဝတာဝန်ရှိပါတယ်။

ဓားနဲ့ လိုက်ခုတ်သတ်မယ်ဆိုရင် လူ ဘယ်နှစ်ယောက်ကို သတ်နိုင်ပါမလဲ။
ကလောင်တစ်ချောင်းနဲ့ လူပေါင်းမြောက်များစွာ ၊ မျိုးဆက်သစ် လူငယ်များစွာရဲ့ အတွေးအခေါ်တွေကို
အဆိပ်ခပ်ပစ်လိုက်လို့ ရပါတယ်။ စာရေးသူတစ်ယောက်ရဲ့ တာဝန်ဆိုတာ
အရမ်းကြီးပါတယ်။

စာရေးပြီးရင် ကိုယ်ရေးတဲ့စာကို တာဝန်ယူမှသာ စာပေသမားဖြစ်ပါတယ်။



0 comments:

Post a Comment

K
o
Y
i
n
M
a
u
n
g
Related Posts Plugin for WordPress, Blogger...
 
This Blog Network Solution From Myanmar
Design by ==>KO YIN MAUNG