
Team Viewer users လေးတစ်ခု ပေါ့ တစ်ကယ်အသုံးဝင်ပါတယ် ကျနော်ရှာဖွေတွေ့ရှိတာ ကို
သူငယ်ချင်းတို့ အတွက် ပြန်လည်မျှဝေ လိုက်ပါတယ် ...
အသုံးပြုပုံ/ အသုံးဝင်ပုံ ။ ။ လေးကတော့ တစ်ယောက်နှင့် တစ်ယောက် ကွန်ပျူတာ ပညာတွေ
ဖလှယ်ချင်ရ်ျ သော်လည်း၎င်း ။ ကွန်ပျူတာပညာကို အဝေးမှ လှမ်းသင်ချင်ရ်ျသော်၎င်း ။ ဒီ Team
Viewer 6 လေးက ကူညီပေးပါလိမ့်မယ် ။ အသုံးပြုသူ နှစ်ယောက်စလုံးမှာတော့ ဒီဆော့ဝဲလ်လေးရှိဖို့ လိုပါတယ် ။
ဒီဆော့ဝဲလ် လိုချင်ရင်တော့ အောက်မှာ download link လေးတွေ ပေးထားပါတယ် ဒေါင်းလိုက်ပါ ။
ဆော့ဝဲလ်ရလာရင်တော့ pc မှာ မောင်းလိုက်ပါ ။မောင်းပြီး သွားရင် icon လေးကို right ကလစ်နှိပ်ပြီး open
လိုက်ပါ ။ icon လေးပွင့်လာပြီ ဆိုရင် ။ အဲ့နေရာမှာ နည်းနည်း အရေးကြီးလာပါပြီ ။
ကျနော်ညွှန်ပြချက်အတိုင်း သေချာဖတ်ပြီး လုပ်ဆောင်ပေးပါ ။

သူငယ်ချင်းတို့ ဆော့ဝဲလ်ရ လာလို့ အင်စတော လုပ်ပြီး icon လေးကို ဖွင့်လိုက်တဲ့ အခါ desktop မှာ
အဲ့လိုလေးမြင်၇မှာဖြစ်ပါတယ် ။

ဘေးမှာရှိတဲ့
Your ID ။ ။ အောက်က နေရာမှ ရှိတဲ့ ဂဏန်းတွေက မိမိ ID နံပါတ် ဖြစ်ပါတယ် ။
Password ။ ။ အောက်က နေရာမှာရှိတဲ့ ဂဏန်းတွေက မိမိတို့ ပါတ်ဝပ် ဖြစ်ပါတယ် ။
အဲ့တာတွေက မိမိ အသုံးပြုချင်ရင် ရိုက်ထည့်ရမယ့် ID နံပါတ်နှင့် password တွေဖြစ်ပါတယ် .....

ပုံထဲမှာမြင်နေရတာတော့ partner ID ဖြစ်ပါတယ် အဲ့ဒါကတော့ မိမိနှင့် ပြောမယ့် တဖက်လူရဲ့ ID နှင့်
password ရိုက်ထည့်ရမှာ ဖြစ်ပါတယ် ။ partner ID နေရာမှာ တစ်ဖက်လူရဲ့ ID နံပါတ်ရိုက်ထည့်ရပါမယ်
နောက် အောက်မှာပါတဲ့ Connect partner ကို ကလစ်လိုက်ပါ ။ နောက်ပြီး ပေါ်လာတဲ့ password
နေရာမှာလည်း တစ်ဖက်လူရဲ့ password ကို ရိုက်ထည့်လိုက်ပါ ။ နောက် ok လိုက်ရင် မိမိနှင့် တစ်ဖက်လူ
တစ်ယောက် desktop တစ်ယောက် မြင်နေရပါလိမ့်မယ် ။အဲ့မှာ မိမိ ပြောချင် လုပ်ချင်တဲ့ နည်းပညာတွေကို
ပြောပြ လုပ်ပြလို့ရပါပြီ ။
မှတ်ချက် ။ ။ ID တို့ password ပေးရာတွင် ပေးတဲ့သူ လည်း
မိမိပြုလုပ်နေသည်ကို မြင်နေရပါသည်။ နှစ်ယောက်စလုံးတွင် Team Viewer version 6 ဆော့ဝဲလ်ရှိမှ
ပြုလုပ်ရ်ျ ရပါသည် ။ အသုံးပြုသူ နှစ်ဦးမှ မိမိ ID နှင့် PASSWORD တွေကို တစ်ဦးသိမှ အဆင်ပြေပါမည်
။
အောက်မှာ " Download LINK '' လေးကို နှိပ်လိုက်ရင် ပုံ (၁)
အတိုင်းပေါ်လာပါလိမ့်မယ် နောက် Start Full Version It's Free ဆိုတဲ့ နေရာမှာ ဆက်နှိပ်ပါ ။

ပုံ (၂) မှာ မြင်ရတဲ့ အတိုင်း အောက်မှ Download Now ဆိုတဲ့ အစိမ်းရောင်လေးကို ဆက်နှိပ်ပါ ။

" Download LINK ''
http://www.teamviewer.com/index.aspx
http://download.cnet.com/TeamViewer/3000-7240_4-10398150.html?part=dl-6271747&subj=dl&tag=button
အားလုံးအဆင်ပြေကြပါစေ ။ တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာ နည်းပညာတွေ ဖလှယ်နိုင်ကြပါစေ ။
0 comments:
Post a Comment